နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မထင်မှတ်ပဲအိမ်ပြန်စောခဲ့တဲ့ နိုင်ဂျီးရီးယားနဲ့ ဂါဘွန်း (အာဖရိကနိုင်ငံများဖလား ၁၆ သင်းအဆင့်)

မနေ့ညကစတင် ယှဉ်ပြိုင် ကစားခဲ့တဲ့ အာဖရိကနိုင်ငံများဖလား ၁၆ သင်းရှုံးထွက်အဆင့် ပွဲစဉ်တွေမှာတော့ မထင်မှတ်ထားတဲ့ ရလဒ်တွေနဲ့ အတူအသင်းကြီးတွေရှုံးနိမ့်ပြီးပြိုင်ပွဲကနေထွက်ခွာသွားခဲ့ရပါတယ်။ ရှုံးထွက် ပွဲစဉ် ၁ မှာဂါဘွန်းကဘာကီနာဖာဆိုကိုပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့သလိုပွဲစဉ် ၂ မှာတော့ နိုင်ဂျီးရီးယားကတူနီးရှားကို ၀-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေစောစောစီးစီးလက်ပြ နှုတ်ဆက်ခဲ့ရတာဖြစ်ပါတယ်။


ဘာကီနာဖာဆို ၁-၁ ဂါဘွန်း

(ပင်နယ်တီ ၇-၆ ရလဒ်နဲ့ ဘာကီနာဖိုဆိုကွာတားဖိုင်နယ်တက်)

ဒီပွဲမှာတော့ နှစ်သင်းလုံးအဓိကကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့ကြပြီးဘာကီနာဆိုဖာဆိုက ၄-၂-၃-၁၊ ဂါဘွန်းက ၃-၄-၁-၂ ကစားကွက်တွေကိုအသုံးပြုခဲ့ကြပါတယ်။ ဘာကီနာဆိုဖာရဲ့ တိုက်စစ်မှာအက်စတွန်ဗီလာကဘာထရန် ထရာအိုရေးဦးဆောင်ပြီးအိုရတ်တာရာ၊ တပ်ဆိုဘာတို့လိုဥရောပအခြေအစိုက် ကစားသမားတွေပါဝင်ခဲ့သလိုဂါဘွန်းကလည်းမန်ဂါ၊ ကန်ဂါ တို့လိုအတွေ့အကြုံရှိကစားသမားတွေနဲ့ ရင်ဆိုင်လာခဲ့တာဖြစ်ပါတယ်။

အာဖရိကရဲ့ အလယ်အလတ် အဆင့် အသင်းနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုဖြစ်ပေမယ့် မထင်မှတ်ပဲပြိုင်ဆိုင်မှုခပ်ပြင်းပြင်းနဲ့ စိတ်ဝင်စားစရာပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ အုပ်စုပွဲစဉ်တွေမှာထဲကမထင်မှတ်တာတွေလုပ်ပြနေခဲ့တဲ့ ဘာကီနာဖာဆိုအနေနဲ့ ဒီနေ့ပွဲမှာသူတို့ထက် ပိုပြီးတောင့်တင်းတဲ့ ဂါဘွန်းကခြေရည်တူယှဉ်ပြိုင်သွားခဲ့ပြီးဦးဆောင်ဂိုးလည်းအရင် သွင်းယူနိုင်ခဲ့ပါတယ်။ဘာကီနာဖာဆိုတို့ ပွဲချိန် မိနစ် ၇၀ လောက်ကစပြီးတစ်ယောက်အသာနဲ့ ကစားခွင့်ရခဲ့ပြီးဂါဘွန်းဂိုးပေါက်ကိုထိရောက်တဲ့ ခြိမ်းခြောက်မှုတွေလည်းအကြိမ်ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်းအဆုံးသတ် လိုအပ်ချက်တွေရှိခဲ့လို့ ဂိုးထပ်မရတဲ့ အပြင် ပွဲပြီးခါနီးနောက်ဆုံးမိနစ်မှာချေပဂိုးပါ ထပ်မံခွင့်ပြုပေးခဲ့ရလို့ အချိန်ပိုပင်နယ်တီအထိပါ ရောက်ရှိခဲ့ပါတယ်။

ပင်နယ်တီအဆုံးအဖြတ် ခံယူရာမှာတော့ ဘာကီနာဖာဆိုတို့ ၇ ဂိုး ၆ ဂိုးနဲ့ အနိုင်ရရှိခဲ့လို့အာဖရိကနိုင်ငံများဖလားကွာတားဖိုင်နယ် အဆင့်ကိုတက်လှမ်းနိုင်ခဲ့ပြီးတူနီးရှားနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။


နိုင်ဂျီးရီးယား ၀-၁ တူနီးရှား

အိမ်ရှင် ကင်မရွန်းပြီးရင် ၂၀၂၁ အာဖရိကနိုင်ငံများဖလားအုပ်စုပွဲစဉ် ၃ ပွဲလုံးအနိုင်ရခဲ့တဲ့ နိုင်ဂျီးရီးယားကတော့ ကိုဗစ် ၁၉ ကြောင့် လူမစုံတဲ့ တူနီးရှားကိုမထင်မှတ်ပဲရှုံးနိမ့်သွားခဲ့တာဖြစ်ပါတယ်။ အာဖရိကချန်ပီယံ ၃ ကြိမ် ဖြစ်ထားဖူးတဲ့ နိုင်ဂျီးရီးယားတို့ ချီကွီဇီ၊ အဝန်နီရီ၊ အီရန်နာချို၊ အန်ဒီဒီ၊ ထရော့စ် အက်ကွန်း၊ အီနာ၊ အာရီဘို၊ ဆီမွန် စတဲ့ ဥရောပအခြေစိုက် နာမည်ကြီးကစားသမားတွေပါတဲ့ အစုအဖွဲ့နဲ့ အတောင့်တင်းဆုံးပွဲထွက်လာခဲ့ပေမယ့် တစ်ဖက်ကတူနီးရှားကတော့ ရှိတဲ့ လူစာရင်းနဲ့ပဲအတတ်နိုင်ဆုံးယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် စိတ်ဓာတ် ခပ်ပြင်းပြင်းနဲ့ ကစားသွားခဲ့တဲ့ တူနီးရှားကြောင့် နိုင်ဂျီးရီးယားတို့ မထင်မှတ်ပဲရုန်းကန်ခဲ့ရပြီးဂိုးပေါက် တည့်မှု ၁၃ ကြိမ် အထိရှိခဲ့ပေမယ့်လည်းဂိုးပေါက် တည့်မှုကတော့ ၁ ကြိမ်သာရှိခဲ့ပါတယ်။ ဒါ့အပြင် ခံစစ်ကိုလုံအောင် ကစားပြီးတန်ပြန် တိုက်စစ် ကနေဂိုးရဖို့ ကြိုးပမ်းခဲ့တဲ့ တူနီးရှားရဲ့ ဗျူဟာကပိုပြီးအလုပ်ဖြစ်ခဲ့သလိုပွဲချိန် ၅၉ မိနစ်မှာလူစားဝင်ပြီး ၆၆ မိနစ်မှာပဲအနီကတ်ကြောင့် ထုတ်ပယ်ခံခဲ့ရတဲ့ အီဝိုဘီကြောင့်လည်းနိုင်ဂျီးရီးယားတို့ မျှော်လင့်ချက်တွေနဲ့ လွဲချော်ခဲ့ရတာဆိုလည်းမမှားပါဘူး။ တူနီးရှားအတွက် တစ်လုံးတည်းသောသွင်းဂိုးကိုတော့ ဒုတိယပိုင်းပွဲစပြီး ၂ မိနစ် အကြာမှာတိုက်စစ်မှူးအမ်ဆက်ခ်နီ က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒီရလဒ်ကြောင့်အခုနှစ်ပြိုင်ပွဲမှာဗိုလ်စွဲဖို့ရေပန်းအစားဆုံးအသင်းတွေထဲကတစ်သင်းဖြစ်တဲ့နိုင်ဂျီးရီးယားတို့ရှုံးထွက်ကနေပဲလှည့်ပြန်ခဲ့ရပြီးတူနီးရှားကတော့၂၀၁၅ခုနှစ်နောက်ပိုင်းအာဖရိကနိုင်ငံများဖလားပြိုင်ပွဲနောက်ဆုံး၄ကြိမ်ဆက်ကွာတားဖိုင်နယ်အဆင့်ကိုတက်လှမ်းသွားနိုင်ခဲ့ပါတယ်။တူနီးရှားအနေနဲ့ ကွာတားဖိုင်နယ် အဆင့်မှာဂါဘွန်းကိုကျော်ဖြတ်လာခဲ့တဲ့ ဘာကီနာဖာဆိုနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်