နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၂၀၂၂ ခုနှစ် ထဲမှာ နိုင်ပွဲ လုံးဝ မရသေးတဲ့ အာဆင်နယ် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

အာဆင်နယ် ၀-၀ ဘန်လေ

၂၀၂၂ နှစ်စ ကတည်းက ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ နိုင်ပွဲ လုံးဝ မရသေးတဲ့ မီခယ် အာတေးတားရဲ့ အာဆင်နယ် ကတော့ ဘန်လေကို အိမ်ကွင်းမှာ ဂိုးမရှိ သရေသာ ကစားနိုင်ခဲ့လို့ အမှတ်ပေးဇယား အဆင့် ၇ နေရာ အထိ ဆင်းပေးခဲ့ရပါတယ်။

တစ်ပွဲလုံး အတိုင်းအတာနဲ့ ဘန်လေကို အဘက်ဘက်က အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်း ညံ့လွန်းခဲ့တာကြောင့် အနိုင် ၃ မှတ်နဲ့ ဝေးခဲ့ရပြီး တန်းဆင်းဇုန်ထဲက ဘန်လေ အတွက် ကတော့ အဖိုးတန် ၁ မှတ် ရသွားခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ အနည်းငယ် လူပြန်စုံ စပြုလာတဲ့ မီခယ် အာတေးတားရဲ့ အသင်းက ၄-၁-၄-၁ ကစားကွက်နဲ့ အသုံးပြုခဲ့ပြီး တိုက်စစ်မှာ လာကာဇက်ကို အထောင်ထားကာ ကွင်းလယ်မှာ အိုဒီဂတ်၊ စမစ်ရိုးဝ်၊ မာတင်နယ်လီ၊ ဆာကာနဲ့ လိုကွန်ဂါ၊ ခံစစ်နဲ့ ဂိုးမှာတော့ ဝှိုက်၊ ဟိုးလ်ဒင်း၊ ဂါဘရီရယ်၊ တီယာနီ၊ ရမ်းစ်ဒေးလ်တို့ ပွဲထွက်စေခဲ့ပါတယ်။ ဘန်လေ ကတော့ သမားရိုးကျ ၄-၂-၂ ကစားကွက်နဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့ပြီး ရိုဒရီဂတ်ဇ်၊ ဗီဒရာ တိုက်စစ် အတွဲအဖက်နဲ့ အတူ ဝက်စ်ဝုဒ်၊ ဘမ်မီး၊ တာကောစကီး၊ မက်ခ်နေးလ် တို့လို့ အမာခံကစားသမား အစုအဖွဲ့နဲ့ ပွဲထွက်ခဲ့ပါတယ်။

တခြား အခြေအနေတွေအရ ဆိုရင်တော့ ပရီးမီးယားလိဂ် တန်းဆင်းဇုန် ကနေ ရုန်းထချင်နေတဲ့ ဘန်လေ အတွက် သရေ ၁ မှတ် ကလည်း ရွှေလိုပဲ အဖိုးတန် တာကြောင့် အချိန်ဆွဲ ကစားတာတွေ ရှိခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂၀ နေရာမှာ ဆက်လက် ရပ်တည်နေတဲ့ ဘန်လေ

ပထမပိုင်းမှာ အာဆင်နယ်တို့ ဘန်လေ နောက်တန်းကို ထိရောက်တဲ့ ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခြင်း မရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ တိုက်စစ်ကို အရှိန်အဟုန် မြှင့်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဆုံးသတ် သေချာတဲ့ တိုက်စစ်မှူး မရှိခြင်းက အာဆင်နယ် အတွက် အားနည်းချက် ဖြစ်ခဲ့ပြန်ပြီး ပွဲချိန်ကြာလာလို့ ဘန်လေရဲ့ ခံစစ် ပြိုလဲချိန်မှာတောင် အခွင့်ကောင်း မယူနိုင်ခဲ့တာ တွေ့ရပါတယ်။ အဓိက ကွင်းလယ် ဖန်တီးရှင် အိုဒီဂတ်ရဲ့ အခင်းအကျင်းတွေ ကတစ်ဆင့် မာတင်နယ်လီ၊ ဆာကာ၊ စမစ်ရိုးဝ် တို့အပြင် တီယာနီနဲ့ ဘန်ဝှိုက်တို့ တိုက်စစ် အထိ လိုက်ပါ လှုပ်ခတ်နိုင်ခဲ့ပါတယ်။ ဆာကာနဲ့ မာတင်နယ်လီ တို့ရဲ့ အဆုံးသတ် အားထုတ်မှုတွေ တိကျမှု မရှိခဲ့သလို စမစ်ရိုးဝ်ရဲ့ ကန်ချက်ကို ဘန်လေ ဂိုးသမား နစ်ခ်ပုပ် ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဆိုးရွားဆုံး အခြေအနေ ကတော့ စမစ်ရိုးဝ်ရဲ့ အားထုတ်မှု ကနေ ရလာတဲ့ အပိုင် အခွင့်အရေးကို တိုက်စစ်မှူး လာကာဇက် အံ့အားသင့်စရာ ကောင်းလောက်အောင် လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ ဘန်လေ ကတော့ အာဆင်နယ်ရဲ့ တိုက်စစ်ဆင်မှု အောက်မှာ ပြိုလဲခါနီး အခြေအနေအထိ ရောက်ခဲ့ပေမယ့် ပြိုင်ဘက် တိုက်စစ်မှူးတွေရဲ့ အရည်အသွေးပိုင်း လိုအပ်ချက်တွေကြောင့် ကံကောင်းသွားခဲ့တာ ဖြစ်ပါတယ်။


ပွဲပြီးသုံးသပ်ချက်

အာဆင်နယ်တို့ နိုင်ပွဲ ထပ်မံ ပျောက်ဆုံးခဲ့ရခြင်းရဲ့ အဓိက တရားခံကို ပြောပါ ဆိုရင်တော့ အာတေးတားတို့ အုပ်စုထက် အခုအချိန်ထိ လိုအပ်နေတဲ့ ကစားသမားသစ်တွေ ခေါ်ယူ အားဖြည့်ပေးနိုင်ခြင်း မရှိသေးတဲ့ အီဒူးတို့ အုပ်စု ကိုပဲ လက်ညှိုးထိုးရမှာ ဖြစ်ပါတယ်။ နည်းပြ အာတေးတားကို ကြည့်ရတာ ရှိတဲ့ လူစာရင်းနဲ့ ဖြစ်အောင် ကစားခိုင်းနေရတဲ့ ပုံပေါ်ပြီး အဓိက ကစားသမားတွေမှ ခြေစွမ်း မပြနိုင်ရင် နိုင်ပွဲ မရတဲ့ အခြေအနေကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

အဓိက ကတော့ အဆုံးသတ် သေချာပြီး ပြိုင်ဘက် ခံစစ်ကို ပွဲချိန်ပြည့် ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်မယ့် တိုက်စစ်မှူး ကောင်းကောင်း တစ်ဦး လိုအပ်နေတာ ဖြစ်ပါတယ်။ နောက်ထပ် လိုအပ်ချက် ကတော့ သောမက်စ် ပါတေးနဲ့ ချာကာတို့ မကစားနိုင်တဲ့ အချိန်မှာ လိုကွန်ဂါနဲ့ အတူ ကွင်းလယ် ခံစစ် တာဝန်ကို ထမ်းနိုင်မယ့် ကစားသမား လို့ပဲ ဆိုရပါမယ်။ အာဆင်နယ်တို့ ဒီလို ပုံစံနဲ့သာ ဆိုရင် Final Third ကစားပုံ ဘယ်လောက် ကောင်းနေပါစေ လိုအပ်နေတဲ့ သွင်းဂိုးတွေနဲ့ ဝေးနေရဦးမှာ ဖြစ်သလို ရာသီ အကုန်မှာ ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ သင်း စာရင်းဝင်ရေး မျှော်လင့်ချက်လည်း ဝေဝါးနေရဦးမှာ ဖြစ်ပါတယ်။

တခြား အခြေအနေတွေအရ ဆိုရင်တော့ ပရီးမီးယားလိဂ် တန်းဆင်းဇုန် ကနေ ရုန်းထချင်နေတဲ့ ဘန်လေ အတွက် သရေ ၁ မှတ် ကလည်း ရွှေလိုပဲ အဖိုးတန် တာကြောင့် အချိန်ဆွဲ ကစားတာတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် ဒိုင်ရဲ့ ဆုံးဖြတ်ချက် အမှားတချို့ ရှိခဲ့ပြန်ပြီး ဇန်နဝါရီ ကတော့ အာဆင်နယ် အတွက် ကံဆိုးတဲ့ လ လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ 


လာမယ့်ပွဲစဉ်များ

အာဆင်နယ်တို့ လာမယ့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ ဝုဗ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ပြန်လည် ကစားရမှာ ဖြစ်ပြီး ဘန်လေ ကတော့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ဝက်ဖို့ဒ်နဲ့ ပွဲကျန် ကစားရဖို့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်