နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရက်ရှ်ဖို့ဒ် ကြောင့် အိမ်ကွင်း နိုင်ပွဲ ရခဲ့တဲ့ ရန်းနစ်ခ်ရဲ့ ယူနိုက်တက် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

မန်ချက်စတာယူနိုက်တက် ၁ – ၀ ဝက်စ်ဟမ်း

ပရီးမီးယားလိဂ် အမှတ်ပေးဇယား အထက်အောက် အသင်းနှစ်သင်းဖြစ်လို့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး နဲ့အတူ ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ကစားအားကောင်းကောင်းနဲ့ ကြံ့ခိုင်မှု အသားပေးကစားတတ်တဲ့ ဝက်စ်ဟမ်းရဲ့ ပုံစံက တော်တော်လေး အလုပ်ဖြစ်ခဲ့တာပါ။ ဒါပေမယ့် မန်ယူနိုက်တက် အနေနဲ့ကလည်း ဂိုးရနိုင်တဲ့ အခွင့်အရေးကောင်းများစွာ ဖန်တီးနိုင်ခဲ့ခြင်း နဲ့အတူ တိုက်စစ် အစွမ်းပြနိုင်ခဲ့ပါတယ်။ နှစ်ဖက်ကစားသမားတွေရဲ့ အခွင့်အရေး အသုံးချနိုင်မှု နည်းပါးခဲ့ခြင်းကြောင့်သာ နှစ်သင်းပေါင်း သွင်းဂိုးနည်းခဲ့တာပါ။


ပွဲစဉ်အကျဉ်း

ပရီးမီးယားလိဂ် အဆင့် ၄ နဲ့အဆင့် ၅ အသင်းနှစ်သင်းအကြား အပြင်းထန်ဆုံး ပြိုင်ဆိုင်မှုကို မြင်တွေ့ခဲ့ရပါတယ်။ အပြန်အလှန် သွင်းဂိုးတွေ မျှော်လင့်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ ဂိုးသမားတွေရဲ့ လက်စွမ်းပြမှုကြောင့် ဂိုးနည်းခဲ့ရပါတယ်။ ဂရင်းဝုဒ်၊ အီလန်ဂါ၊ ဖာနန်ဒက်စ်၊ ရော်နယ်ဒို၊ ဖရက်ဒ်၊ တော်မီနေး တို့နဲ့အတူ အိမ်ရှင်အသင်း လူစုံခဲ့ပါတယ်။ ၀က်စ်ဟမ်း ကတော့ ၄-၂-၃-၁ က အခြေခံပြီး ဇူးမား၊ ခရက်စ်ဝဲလ်၊ ဒစ်ကလန်ရွိုက်စ်၊ ဘိုဝမ်၊ ဆိုဆက်ခ်၊ အန်တိုနီယို တို့ကို ပွဲထုတ်လာခဲ့တာပါ။ ပွဲအစပိုင်းမှာ အထနှေးနေတဲ့ ဝက်စ်ဟမ်း အပေါ် မန်ယူနိုက်တက်တို့ အခွင့်ကောင်းယူနိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ရော်နယ်ဒိုရဲ့ ခေါင်းတိုက်ချက် လွဲချော်မှု၊ ဖရက်ဒ်ရဲ့ ကန်သွင်းမှုကို ဝက်စ်ဟမ်း ဂိုးသမား မကာကွယ်နိုင်ခဲ့ရင် ပွဲအဖြေက အပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် နောက်ပိုင်း ပွဲချိန်တွေမှာ ကစားကွက်ပိုင်းအရ အသာစီးရအောင် ပြန်ကစားလာခဲ့တဲ့ ဝက်စ်ဟမ်းကြောင့် မန်ယူနိုက်တက်တို့ ထင်သလောက် တိုက်စစ်ကို အားမစိုက်နိုင်တော့ပါဘူး။ ဒုတိယပိုင်းမှာတော့ ဂိုးရဖို့ အားစိုက်လာတဲ့ မန်ယူနိုက်တက်ရဲ့ အားထုတ်မှုက တော်တော်လေး အလုပ်ဖြစ်ခဲ့ပါတယ်။ ဝက်စ်ဟမ်း ကတော့ ဂိုးရဖို့အတွက် တန်ပြန်တိုက်စစ်ကိုသာ အားကိုးခဲ့ပြီး ဆိုဆက်ခ်၊ ဘိုဝမ်တို့ရဲ့ ကန်ချက်တွေက တော်တော်လေး ထိရောက်ခဲ့ပါတယ်။ ဒါပေမယ့် ရက်ချ်ဖို့ဒ်၊ ကာဗာနီတို့ ဝင်လာခဲ့ပြီးတဲ့ နောက်မှာတော့ မန်ယူနိုက်တက်တို့ ပိုပြီး တည်ငြိမ်လာခဲ့တယ်လို့ ဆိုရမှာပါ။ ဝက်စ်ဟမ်း ကတော့ ဂိုးရဖို့ထက် ဂိုးမပေးရဖို့အတွက်ပဲ အဓိက ပစ်မှတ်ထားလာပါတယ်။ ဒါပေမယ့် ပွဲချိန်ပြီးဆုံးခါနီးမှာ မထင်မှတ်တဲ့ အခြေအနေ တစ်ခု ကတော့ ဂိုးပေးလိုက်ရတာ ကတော့ ဝက်စ်ဟမ်းတို့ နစ်နာခဲ့ရပါတယ်။ နောက်တန်း အမှားကနေ တဆင့် ရရှိခဲ့တာကို ရော်နယ်ဒို၊ ကာဗာနီ တွဲလုံးကနေတဆင့် ရက်ချ်ဖို့ဒ်က ပွဲချိန် ၉၀+၃ မိနစ်မှာ မန်ယူနိုက်တက် အတွက် ဂိုးဖြစ်စေခဲ့ပါတယ်။ ရုပ်သံ အနှေးပြကွက်တွေ အရ ကာဗာနီရဲ့ အနေအထားက လူကျွံနေတယ် ဆိုပေမယ့် ဂိုးအဖြစ် သတ်မှတ်ခဲ့လို့ ပွဲအပြီးမှာ မန်ယူနိုက်တက်တို့ ၁-၀ ဂိုးနဲ့ ကပ်ပြီး အနိုင်ရသွားခဲ့ပါတယ်။ ဒီရလဒ်ကြောင့်ပဲ ယူနိုက်တက်တို့ ပရီးမီးယားလိဂ် နိုင်ပွဲ ဆက်ခဲ့ပြီး ဝက်စ်ဟမ်း ကတော့ ရှုံးပွဲ ဆက်သွားခဲ့ရသလို အဆင့် ၄ နေရာကိုလည်း ဖယ်ပေးခဲ့ရပါတယ်။

ဒီရလဒ်ကြောင့်ပဲ ယူနိုက်တက်တို့ ပရီးမီးယားလိဂ် နိုင်ပွဲ ဆက်ခဲ့ပြီး ဝက်စ်ဟမ်း ကတော့ ရှုံးပွဲ ဆက်သွားခဲ့ရသလို အဆင့် ၄ နေရာကိုလည်း ဖယ်ပေးခဲ့ရပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရောက်ရှိနေတဲ့ ဝက်စ်ဟမ်း

ပွဲပြီးသုံးသပ်ချက်

နည်းပြနှစ်ဦးရဲ့ အားပြိုင်မှုက တကယ်ကို ကြည့်ကောင်းခဲ့ပါတယ်။ တိုက်စစ်မှုးကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အသင်း ကို ခံစစ် စုဖွဲ့မှုပုံစံကောင်းနဲ့ တုံ့ပြန်နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် တကယ်တမ်းမှာတော့ တိုက်စစ် အထောင်နေရာ အတွက် ကစားသမား တစ်ဦးတည်းကိုသာ ထားကစားခဲ့တဲ့ လူစာရင်းကတော့ တော်တော်လေးကို ထူးခြားခဲ့ပါတယ်။ တကယ်တမ်းမှာလည်း မန်ယူနိုက်တက်ရဲ့ တောင်ပံနှစ်ဖက် တိုက်စစ်က တော်တော်လေး အလုပ်ဖြစ်ခဲ့တာပါ။ ဝက်စ်ဟမ်းကတော့ အသင်းကြီးတွေနဲ့ တွေ့တိုင်း ကစားတတ်တဲ့ တန်ပြန်တိုက်စစ်ကိုပဲ အားပြုခဲ့ပါတယ်။ ပိုပြီး သတိထားမိခဲ့တာက ဝက်စ်ဟမ်းရဲ့ အဝေးကန်ချက်တွေပါ။ အမြင့်ဘော ကစားပုံသေသပ်တဲ့ ဝက်စ်ဟမ်းရဲ့ အဝေးကန်ချက်တွေက မန်ယူနိုက်တက်ကို တော်တော်လေး ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခွင့်အရေး ရရှိမှုပိုင်းနဲ့ ဂိုးကန်သွင်းမှု အပိုင်းမှာတော့ မန်ယူနိုက်တက်ကပဲ အသာရခဲ့တာပါ။ နောက်ဆုံး ဂိုးပေးလိုက်ရတဲ့ အနေအထားက အငြင်းပွားဖွယ်ရာ ဖြစ်တယ်ဆိုပေမယ့် မန်ယူနိုက်တက် အတွက်ကတော့ အိမ်ကွင်းမှာ ထိုက်တန်တဲ့ နိုင်ပွဲတစ်ပွဲ ရရှိခဲ့ တယ်လို့ပဲ သတ်မှတ်ရမှာပါ။

လာလီဂါ
ဘာစီလိုနာ
အက်တလက်တီကို
1X2 ဘာစီလိုနာ @ 2.35
အက်တလက်တီကို အာရှ ဟန်းဒီးကပ် +0.25 @ 1.93
ဂိုးပေါ် 2.50 @ 2.07
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လာမယ့်ပွဲစဉ်များ

မန်ချက်စတာယူနိုက်တက်နဲ့ ဝက်စ်ဟမ်းယူနိုက်တက်တို့ နှစ်သင်းလုံး လာမယ့်ပွဲစဉ်မှာ အက်ဖ်အေဖလား ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။ မန်ချက်စတာယူနိုက်တက်က အိမ်ကွင်းမှာ မစ်ဒယ်ဘရော့ကို ရင်ဆိုင်ရဖို့ ရှိနေသလို ဝက်စ်ဟမ်းယူနိုက်တက် ကတော့ နေရှင်းလိဂ်ကလပ် ဟားရစ်စ်အသင်းနဲ့ ကစားရဖို့ရှိနေတာပါ။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်