နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဧည့်သည် အသင်းနဲ့ ဂိုးအနည်းကို အကြိုက်တွေ့နေမိတယ် | ဘရန့်ဖို့ဒ် – ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

အခုတစ်ပတ် စနေနေ့မှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေ ထဲက ဘရန့်ဖို့ဒ်နဲ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် တို့ရဲ့ ပွဲကလည်း ပရိသတ် အကြိုက် ပွဲကောင်း တစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။လက်တလော ခြေစွမ်း အတက်ဘက် ရောက်နေတဲ့ အသင်းနဲ့ အကျဘက် ရောက်နေတဲ့ အသင်း တို့ရဲ့ အားပြိုင်မှု ဖြစ်ပေမယ့် တွေ့ဆုံချိန်တိုင်းမှာ အကြိတ်အနယ် ရှိခဲ့သလို ဝုဗ်တို့ ပထမအကျော့ အရှုံးကို လက်စားပြန်ချေနိုင်မလား ဆိုတာ စောင့်ကြည့်ရမယ့် ပွဲလည်း ဖြစ်ပါတယ်။

ဘရန့်ဖို့ဒ်ရဲ့ လက်ရှိ ခြေစွမ်းနဲ့ ရလဒ်ပိုင်းကို ကြည့်မယ့် ဆိုရင် အနည်းငယ် အကျဘက်ကို ပြန်ရောက်နေတာ တွေ့ရပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲနိုင်၊ ၃ ပွဲ ရှုံးထားပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် ရှုံးနိမ့်ထားပါတယ်။ ‌ဆောက်သမ်တန်ကို ၄-၁၊ လစ်ဗာပူးလ်ကို ၃-၀၊ မန်ချက်စတာယူနိုက်တက်ကို ၁-၃ ရလဒ်တွေနဲ့ ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပြီး ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် ဘရန့်ဖို့ဒ်ရဲ့ ခံစစ်ပိုင်းက တော်တော်လေး အားနည်းနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၁ ပွဲဆက် ခံစစ်က ဂိုးမပေးရတဲ့ ပွဲ မရှိသလို အဓိက ဂိုးသမား ရာယာနဲ့ ဗဟိုခံစစ်မှူး ဂျော်ဂျန်ဆန်တို့ မရှိတဲ့ အချိန်မှာ ဘရန့်ဖို့ဒ်တို့ တော်တော်လေးကို ရုန်းကန်နေခဲ့ရတာ ဖြစ်ပါတယ်။ မန်ယူနိုက်တက်နဲ့ ပွဲတုန်းက ဆိုရင် သောမက်စ် ဖရန့်ခ်ရဲ့ အသင်းက ပထမပိုင်း တစ်ပိုင်းလုံး အကောင်းဆုံး ခံကစားနိုင်ခဲ့ပေမယ့် ပွဲချိန်ကြာလာတာနဲ့ အမျှ ပြိုင်ဘက်ရဲ့ ဖိအားပေးမှုကို မထိန်းချုပ်နိုင်တော့တာကြောင့် ပွဲအပြီးမှာ ဂိုးပြတ် ရလဒ်နဲ့ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ ပြောရမယ် ဆိုရင် ဘရန့်ဖို့ဒ်တို့ ရှေ့ပွဲစဉ်တွေ မှာတုန်း ကလည်း အလားတူ ဖြစ်ရပ်တွေ ကြုံခဲ့ပြီး ဖြစ်ပါတယ်။ လက်တလော သတင်းတွေ အရ ဆိုရင်တော့ အာဖရိကဖလား သွားကစားနေတဲ့ ဖရန့်ခ် အွန်ရီကာ အပါအဝင် ဒဏ်ရာပြသနာ ရှိနေတဲ့ ဖိုဆု၊ ဂျော်ဂျန်ဆန်၊ ဂျင်းန်ဗီယား၊ ဒါဆေးလ်ဗား၊ ရာယာ၊ ဂွတ်ဒီ တို့ အားလုံး လွဲချော်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲနိုင်၊ ၃ ပွဲ ရှုံးထားပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် ရှုံးနိမ့်ထားပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေတဲ့ ဘရန့်ဖို့ဒ်

ဝုဗ် ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ အစောပိုင်းမှာ မန်ချက်စတာစီးတီးကို ရှုံးနိမ့်ပြီးထဲက ပြိုင်ပွဲစုံမှာ တောက်လျောက် ရလဒ်တွေ ပြန်ကောင်းနေပါတယ်။ ဘရိုက်တန်နဲ့ သရေ၊ ယူနိုက်တက်၊ ရှက်ဖီးလ်ယူနိုင်တက်၊ ဆောက်သမ်တန် တို့ကို တောက်လျောက် အနိုင်ရထားတဲ့ ဘရူနိုလာဂါရဲ့ အသင်းက လက်တလော ပရီးမီးယားလိဂ် မှာလည်း အမှတ်ပေးဇယား အဆင့် ၈ နေရာ အထိ ပြန်လည် ရောက်ရှိနေတာ ဖြစ်ပါတယ်။ အမှတ်ပေးဇယား အဆင့် ၄ နေရာက ဝက်စ်ဟမ်းထက် ၂ ပွဲလျော့ ကစားထားပြီး ရမှတ် အနေနဲ့ ၆ မှတ်သာ ကွာဟ နေတာကြောင့် ရာသီ အကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်တောင် မျှော်လင့်လို့ ရနေပါသေးတယ်။ ဒီအခြေအနေတွေကြောင့်ပဲ ဝုဗ်တို့ ပရီးမီးယားလိဂ်ကို အားစိုက်နေတာ ဖြစ်ပြီး ရလဒ်တွေလည်း တောက်လျောက် ကောင်းနေတာ ဖြစ်ပါတယ်။ လက်တလော ပရီးမီးယားလိဂ်မှာ ခံစစ် တိုက်စစ် အမျှတဆုံး ကစားထားနိုင်တဲ့ အသင်းတွေ ထဲက တစ်သင်း ဖြစ်နေတဲ့ ဝုဗ်တို့ ဒီပွဲမှာလည်း အတောင့်တင်းဆုံး လူစာရင်းနဲ့ ဘရန့်ဖို့ဒ်ကို ရင်ဆိုင်လာဖို့ ရှိပြီး ပထမအကျော့ အိမ်ကွင်း အရှုံးကို လက်စားပြန်ချေဖို့ ကြိုးပမ်းလာပါလိမ့်မယ်။ တိုက်စစ်က ဟီချန်ဟွမ်နဲ့ အတူ မော့စ်ကီရာ၊ ဘိုလီ၊ နီတို၊ ဂျွန်နီတို့ ဒဏ်ရာပြသနာ ကိုယ်စီ ရှိနေတဲ့ အပြင် မော်ရိုကို အတွက် အာဖရိကဖလား သွားကစားနေတဲ့ ဆာအိစ်နဲ့ ကိုဗစ် ၁၉ ကူးစက်ခံထားရတဲ့ ရူဘင်နီးဗက်စ် တို့လည်း လွဲချော်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

ပရီးမီးယား လိဂ်
ခရစ္စတယ်ပဲလေ့စ်
လီဗာပူးလ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြိုင်ပွဲစုံ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၁၁ ကြိမ်မှာ ဘရန့်ဖို့ဒ်က ၄ ကြိမ်နိုင်၊ ဝုဗ်က ၅ ကြိမ်နိုင်ပြီး ၂ ကြိမ် ကတော့ သရေရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် ပထမအကျော့ ဝုဗ် အိမ်ကွင်း တွေ့ဆုံမှု မှာတော့ ဘရန့်ဖို့ဒ်က တိုနေး၊ အမ်ဘူအမ်မို တို့ရဲ့ သွင်းဂိုးတွေနဲ့ ၂ ဂိုးပြတ် အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
ဘရက်ဖို့ဒ် vs ဝူဗာဟမ်တမ်ဂိုးအောက် 2.25 @ 1.68
ဇန်နဝါရီလ ၂၂ ရက်၊ ည ၉:၃၀ နာရီ (GMT+ ၆:၃၀)

SBOTOP 1X2 မှာ ဆိုရင် အိမ်ရှင် အတွက် ၂.၉၅ ဆ၊ သရေ အတွက် ၃.၀၀ ဆနဲ့ ဧည့်သည် အတွက် ကိုတော့ ၂.၅၀ ဆ ကြေးဖွင့်ပေးထားပါတယ်။ ပေါက်ကြေးအရ ဆိုရင်တော့ ခပ်ပြင်းပြင်း အခြေအနေ တစ်ခုမှာ ရှိလို့ သတိထားစရာ ဖြစ်ပါတယ်။ လက်တလောမှာ ဝုဗ်ဟာ ပိုကောင်းတဲ့ အသင်း တစ်သင်း ဖြစ်ပေမယ့် အိမ်ကွင်းမှာ ဆိုရင် အသင်းကြီးတွေ ကိုတောင် အခက်တွေ့အောင် ကစားတတ်တဲ့ ဘရန့်ဖို့ဒ်ရဲ့ ခြေစွမ်းကိုလည်း လျှော့တွက်လို့ မရပါဘူး။ ဒါပေမယ့်လည်း တစ်သင်းတည်းကို ရွေးချယ်ပါ ဆိုရင်တော့ ကစားသမားကောင်းတွေ အများကြီး ရှိနေပြီး အဆုံးသတ်ပိုင်းမှာ ပိုပြီး သေချာတဲ့ ဝုဗ် ကိုပဲ ကြိုက်တယ်လို့ ဆိုပါရစေ။ ဂိုးအနည်း ကတော့ အကျိုးအမြတ် ပိုပြီး ရှာဖွေပေးနိုင်မယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် (၀-၂)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်