နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘင်ဇီမာ သွင်းဂိုး ၃၀၀ ပြည့်ခဲ့ပြီး ဗလင်စီယာကို ဂိုးပြတ် အနိုင်ရခဲ့တဲ့ ရီးရဲယ်မက်ဒရစ် (လာလီဂါ ပွဲပြီးသုံးသပ်ချက်)

ရီးရဲယ်မက်ဒရစ် ၄-၁ ဗလင်စီယာ

ပွဲစဉ် ၁၉ မှာ ဂီတာဖေးကို မထင်မှတ်ပဲ ရှုံးနိမ့်ထားခဲ့တဲ့ ရီးရဲယ်မက်ဒရစ်တို့ အခု တစ်ပတ် မှာတော့ တိုက်စစ်က ဘင်ဇီမာ၊ ဗင်နီစီးယပ်စ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ဗလင်စီယာကို ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ၂ ဂိုး သွင်းယူပေးခဲ့တဲ့ ဘင်ဇီမာ အနေနဲ့ ရီးရဲယ်မက်ဒရစ် ကစားသမား ဘဝ သွင်းဂိုး ၃၀၀ ပြည့်ခဲ့ပြီး အတိအကျ ဆိုရင်တော့ ၃၀၁ ဂိုး အထိ ရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ထုံးစံအတိုင်း ၄-၃-၃ ကစားကွက်နဲ့ ပွဲထွက်လာခဲ့တဲ့ အန်ဆယ်လော့တီရဲ့ အသင်းက တိုက်စစ်မှာ ကာရင် ဘင်ဇီမာ၊ ဗင်နီးစီးယပ်စ် ဂျူနီယာ၊ အဆန်ဆီရို၊ ကွင်းလယ်မှာ ခရူးစ်၊ ကတ်စီမီရို၊ မိုဒရစ်၊ ခံစစ်မှာ မီလီတောင်၊ အလာဘာ၊ မန်ဒီ၊ ဗက်ဇ်ကွက်ဇ်၊ ဂိုးမှာတော့ ကော့တွိုက်စ်ပဲ ပါဝင်လာခဲ့ပါတယ်။ ဗလင်စီယာ ဘက် မှာတော့ ဒဏ်ရာရနေတဲ့ ပေါ်လစ္စတာ၊ ဆိုလာ တို့က လွဲလို့ လူစုံခဲ့ပြီး ၄-၄-၂ နဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့တာ တွေ့ရပါတယ်။

ပွဲအစပိုင်းမှာ သိပ်ပြီး စိတ်ဝင်စားစရာ မကောင်းခဲ့ပေမယ့် ပွဲချိန် ကြာလာတာနဲ့ အမျှ ရီးရဲယ်မက်ဒရစ်တို့ အချိတ်အဆက် မိမိနဲ့ ဗလင်စီယာ ဂိုးပေါက်ကို ထိုးဖောက်နိုင်ခဲ့တာကြောင့် သွင်းဂိုးတွေ စတင်မြင်တွေ့ရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ပွဲချိန် ၃၉ မိနစ်မှာ မိုဒရစ်ရဲ့ ကန်ချက် တော်တော်လေး လှပ ကောင်းမွန်ခဲ့ပေမယ့် ဂိုးဘားတန်းထိပြီး ပြန်ထွက်သွားခဲ့တာကြောင့် ရီးရဲယ်မက်ဒရစ်တို့ ဦးဆောင်ဂိုးရမယ့် အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့်လည်း ပထမပိုင်း ပြီးခါနီး မှာတော့ ဗလင်စီယာ နောက်တန်းက ဒီယာခါဘီ အနေနဲ့ ကတ်စီမီရိုကို ဂိုးဧရိယာထဲမှာ ပြစ်ဒဏ် ကျူးလွန်ခဲ့လို့ ရီးရဲယ်မက်ဒရစ်တို့ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ပင်နယ်တီ ကိုတော့ ဘင်ဇီမာ ကပဲ အမှားအယွင်း မရှိ အဆုံးသတ်ပေးနိုင်ခဲ့ပြီး ဒီဂိုးဟာ ဘင်ဇီမာ အတွက် ရီးရဲယ် ကစားသမား ဘဝမှာ ၃၀၀ မြောက် သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။

ခြေစွမ်း ပြန်မှန်ပြီး ပုံစံကောင်း ရနေတဲ့ ဗလင်စီယာ ကတော့ လာလီဂါ ၂ ပွဲဆက် ရှုံးနိမ့်ခဲ့လို့ အမှတ်ပေးဇယား အဆင့် ၉ နေရာမှာပဲ ဆက်လက် ရပ်တည်နေခဲ့ပြီး ဥရောပ ဝင်ခွင့် ရဖို့ အတွက် ဆိုရင် အခုထက် ပိုပြီး အားစိုက်ရတော့မှာပဲ ဖြစ်ပါတယ်။
လာလီဂါ အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်နေတဲ့ ဗလင်စီယာ

ဒုတိယပိုင်း မှာလည်း အိမ်ရှင် ရီးရဲယ်မက်ဒရစ် တို့ပဲ လွှမ်းမိုး ကစားနိုင်ခဲ့ပြီး ဗလင်စီယာ ကတော့ ရီးရဲယ်မက်ဒရစ်ရဲ့ တိုက်စစ် လမ်းကြောင်းတွေကို ပိတ်ဆို့ တားဆီးနိုင်ဖို့ပဲ ကြိုးပမ်းနေခဲ့ရပါတယ်။ ဒီလို အမှားအယွင်း နည်းနည်းနဲ့ တားဆီးနေတဲ့ ကြားက ပွဲချိန် ၅၂ မိနစ် မှာတော့ ရီးရဲယ်တို့ ဒုတိယ ဦးဆောင်ဂိုး ထပ်မံ ရရှိသွားပြီး ဗင်နီးစီးယပ်စ် ဂျူနီယာက တစ်ကိုယ်တော် ထိုးဖောက်ပြီး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ၆၂ မိနစ်မှာလည်း အဆန်ဆီရိုရဲ့ ကန်ချက် ကနေ ပြန်ထွက်လာတာကို ဗင်နီးစီးယပ်စ် ဂျူနီယာ ကပဲ တတိယဂိုး အဖြစ် ပြောင်းလဲ ပေးခဲ့လို့ ရီးရဲယ်တို့ ၃ ဂိုးပြတ် ဦးဆောင်နေခဲ့ပါတယ်။ ပွဲကစားချိန် ၇၆ မိနစ် အရောက် မှာတော့ အိမ်ရှင်တို့ မန်ဒီကြောင့် ပင်နယ်တီ ပြန်ပေးခဲ့ရပြီး ဂိုးသမား ကော့တွိုက်စ် ကာကွယ်နိုင်ခဲ့ပေမယ့် ဂွန်ဇာလို ဂီဒက်စ်က ထပ်ဆင့် ခေါင်းတိုက် သွင်းယူသွားခဲ့လို့ ဗလင်စီယာတို့ တစ်လုံးတည်းသော ချေပဂိုး ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲချိန် ၈၈ မိနစ်မှာ ရီးရဲယ်မက်ဒရစ် အတွက် စတုတ္ထမြောက် သွင်းဂိုးကို မန်ဒီရဲ့ ပေးပို့မှု ကနေ ဘင်ဇီမာက သွင်းယူပေးခဲ့လို့ ၄-၁ ရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့ပြီး အိမ်ရှင်တို့ ဂိုးပြတ် နိုင်ပွဲ ရရှိသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ရှေ့ပွဲမှာတုန်းက ခြေချော်ခဲ့တဲ့ အန်ဆယ်လော့တီ အသင်းရဲ့ အကောင်းဆုံး ပုံစံ တစ်ခုကို ဒီနေ့ပွဲမှာ ပြန်လည် မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ထုံးစံ အတိုင်း ဘင်ဇီမာ ကတော့ အသင်းခေါင်းဆောင် ပီပီ အသင်းကို အကောင်းဆုံး ဦးဆောင် သွားနိုင်ခဲ့ပြီး သူ့အနေနဲ့ ရီးရဲယ်မက်ဒရစ် အတွက် ၅၈၄ ပွဲ ကစားပြီးချိန်မှာ သွင်းဂိုး ၃၀၀ ပြည့်သွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဘင်ဇီမာ ကတော့ အသက်အရွယ် ရလာတာနဲ့ အမျှ ဂိုးပိုမြူးလာခဲ့သလို အသင်းရဲ့ သမိုင်းတစ်လျှောက် တတိယမြောက် သွင်းဂိုး အများဆုံး ကစားသမား ဖြစ်ဖို့လည်း နီးစပ်လာခဲ့ပြီလို့ ပြောရပါမယ်။ ဒါ့အပြင် ရာပြည့်သွင်းဂိုးကို ၅ နှစ်ခွဲ နီးပါး အကြာမှာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပေမယ့် ကျန်သွင်းဂိုး ၂၀၀ ကိုတော့ ၇ ရာသီ အတွင်း သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရာသီ အမှတ်ပေးပြိုင်ပွဲ သွင်းဂိုး ၁၇ ဂိုး အထိ ရရှိထားခဲ့တဲ့ ဘင်ဇီမာ အနေနဲ့ ပီချီချီဆု (လာလီဂါ ရွှေဖိနပ်ဆု) ရဖို့လည်း အခြေအနေ ကောင်းနေခဲ့ပြီလို့ ပြောလို့ ရပါတယ်။

ခြေစွမ်း ပြန်မှန်ပြီး ပုံစံကောင်း ရနေတဲ့ ဗလင်စီယာ ကတော့ လာလီဂါ ၂ ပွဲဆက် ရှုံးနိမ့်ခဲ့လို့ အမှတ်ပေးဇယား အဆင့် ၉ နေရာမှာပဲ ဆက်လက် ရပ်တည်နေခဲ့ပြီး ဥရောပ ဝင်ခွင့် ရဖို့ အတွက် ဆိုရင် အခုထက် ပိုပြီး အားစိုက်ရတော့မှာပဲ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ရီးရဲယ်မက်ဒရစ်တို့ လာမယ့် ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ကတ်တာလန် ဒါဘီ အဖြစ် ဘာစီလိုနာရဲ့ နူးကမ့်ပ်ကွင်းကို သွားရောက် ယှဉ်ပြိုင်ကစားရဖို့ ရှိပြီး ဗလင်စီယာ ကတော့ ၁၆ ရက်နေ့မှာ ဘယ်လီယာရက်စ်နဲ့ ကိုပါဒယ်ရေး ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်