နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နှစ်သစ်ကို အနိုင်ရလဒ်နဲ့ ဖွင့်လှစ်ခဲ့တဲ့ လိဒ်စ်ယူနိုက်တက် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

လိဒ်စ်ယူနိုက်တက် ၃-၁ ဘန်လေ

ပရီးမီးယားလိဂ်မှာ တောက်လျောက် ရလဒ်တွေ ဆိုးရွားနေသလို ပွဲရွှေ့တွေ များနေခဲ့တဲ့ နှစ်သင်း ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ပွဲစဉ် ဖြစ်လို့ အကြိတ်အနယ် ရှိခဲ့ပြီး လိဒ်စ်ယူနိုက်တက်တို့ ၂၀၂၂ ခုနှစ်ကို အနိုင် ရလဒ်နဲ့ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ လိဒ်စ်တို့ အိမ်ကွင်း အဲလန်ရုတ်ဒ်မှာ တိုက်စစ် အစွမ်းပြပြီး ဘန်လေကို ၃-၁ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။

ရှေ့ပွဲစဉ်တွေ မှာတုန်းက ကိုဗစ် ၁၉နဲ့ ဒဏ်ရာပြသနာတွေကြောင့် ရုန်းကန်ခဲ့ရတဲ့ လိဒ်စ်ယူနိုက်တက်တို့ အခုပွဲ မှာတော့ လူပြန်စုံခဲ့ပြီး ၃-၄-၃ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဂိုးမှာ မက်စ်လေယာ၊ ကွင်းလယ်မှာ ယော်ယန်းတေး၊ ကော့ချ်၊ အေးလင်း၊ တောင်ပံ နှစ်ဖက်မှာ ဖီယာပို၊ ဒါးလက်စ်၊ ကွင်းလယ်မှာ ကလစ်ခ်၊ ဖော်ရှော၊ တိုက်စစ်မှာ ရာဖင်ညာ၊ ဟာရစ်ဆင်၊ တိုင်လာ ရောဘတ်စ် တို့ ပါဝင်လာခဲ့ပါတယ်။ ဘန်လေ ကတော့ ၄-၄-၂ ကစားကွက်နဲ့ ကိုမှ ကိုဗစ် ၁၉ ဖြစ်နေတဲ့ နစ်ခ် ပုပ်၊ ဘရောင်းဟေးလ်၊ ကော်နာ ရောဘတ်စ်၊ အက်ရှ်လေ ဘန်းစ် တို့ကလွဲလို့ လူစုံတက်စုံနဲ့ ပွဲထွက်လာခဲ့ပါတယ်။

စီးရီးအေ
ဆာဆူအိုလို
ဂျီနိုအာ
ပထမပိုင်း 1X2 ဆာဆူအိုလို @ 2.19
ဂျီနိုအာ အာရှ ဟန်းဒီးကပ် +0.75 @ 2.20
ပထမပိုင်း ဂိုးပေါ် 1.25 @ 2.06
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ထုံးစံ အတိုင်း မာဆယ်လို ဘီရဲယ်ဆာရဲ့ အသင်းက ပွဲစကတည်းက အားအင် အပြည့်နဲ့ ကစားနိုင်ခဲ့ပြီး တောင်ပံနှစ်ဖက်က ဖီယာပိုနဲ့ ဒါးလက်စ်တို့ရဲ့ ထိုးဖောက်မှုတွေကို ဘန်လေ တို့ ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရပါတယ်။ ဒါ့ကြောင့် ပထမပိုင်း ပွဲချိန် ၃၉ မိနစ်မှာ လိဒ်စ်ယူနိုက်တက် တို့ ဦးဆောင်ဂိုး ရရှိသွားခဲ့ပြီး ဘန်လေ နောက်ခံလူ တာကောစကီးရဲ့ အမှား ကနေ တစ်ဆင့် ဂျက် ဟာရစ်ဆင် က နှစ်ခါပြန် ကန်သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

လိဒ်စ်တို့ ပထမပိုင်း အပြီးမှာ ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပေမယ့် ဒုတိယပိုင်း ၅၄ မိနစ် မှာတော့ အလွတ် တည်ကန်ဘော ကနေ တစ်ဆင့် မက်စ်ဝဲလ် ကောနတ်က ချေပဂိုး သွင်းယူပေးခဲ့လို့ ၁-၁ ရလဒ် ဖြစ်သွားခဲ့ပါတယ်။ အဲ့နောက် အနိုင်ဂိုး ရဖို့ အားစိုက်လာခဲ့တဲ့ လိဒ်စ်ယူနိုက်တက်တို့ ၇၇ မိနစ်မှာ ဒုတိယဂိုး ရရှိသွားခဲ့ပြီး စတူးဝပ် ဒါးလက်စ်က ဧရိယာထိပ် ကနေ ဝေ့ဝိုက်ပြီး လှလှပပ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေ မှာလည်း အိမ်ရှင်တို့ပဲ ကစားအား ကောင်းကောင်းနဲ့ ဧည့်သည် အသင်းကို ဖိအားပေး ကစားသွားနိုင်ခဲ့ပြီး နောက်ဆုံး မိနစ် မှာတော့ လူစားဝင် ဂျိုးဂဲလ်ဟတ်ဒ်ရဲ့ ကန်တင် ပေးပို့မှု ကနေ ဒန်နီရယ်ဂျိမ်းစ် က ခေါင်းတိုက် သွင်းယူခဲ့လို့ လိဒ်စ်ယူနိုက်တက်တို့ ပွဲအပြီးမှာ ၃-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။


ပွဲပြီးအချက်အလက်များ

ဘန်လေ ကတော့ ဒီရာသီ အတွက် ၈ ပွဲမြောက် ပရီးမီးယားလိဂ် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီး အဆင့် ၁၆ နေရာက လိဒ်စ်နဲ့ ၈ မှတ် အကွာ အဆင့် ၁၈ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၈ နေရာမှာ ရပ်တည်နေခဲ့တဲ့ ဘန်လေ

ဒီနေ့ပွဲမှာ လိဒ်စ်ယူနိုက်တက်တို့ ပျောက်ဆုံးနေခဲ့တဲ့ ပုံစံကောင်း တစ်ခုကို ပြန်လည် မြင်တွေ့ခဲ့ရပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် တန်းဆင်းဇုန် ဖိအား အောက်ကနေ ရုန်းထွက်နိုင်ခဲ့ပြီး အဆင့် ၁၆ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။ ဘန်လေ ကတော့ ဒီရာသီ အတွက် ၈ ပွဲမြောက် ပရီးမီးယားလိဂ် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီး အဆင့် ၁၆ နေရာက လိဒ်စ်နဲ့ ၈ မှတ် အကွာ အဆင့် ၁၈ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

လိဒ်စ်ယူနိုက်တက်တို့ လာမယ့် ဒီဇင်ဘာလ ၉ ရက်နေ့မှာ ဝက်စ်ဟမ်းနဲ့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ် ကစားဖို့ ရှိပြီး ဘန်လေ ကတော့ ဟက်ဒါဖီးလ်တောင်းနဲ့ ကစားရဖို့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်