နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဲလန်ရုတ်ဒ် ဂိုးပြတ် နိုင်ပွဲနဲ့ အတူ အဝေးကွင်း ရလဒ်ဆိုးတွေ အောက်က ရုန်းထွက်ခဲ့တဲ့ အာဆင်နယ် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

လိဒ်စ်ယူနိုက်တက် ၁ – ၄ အာဆင်နယ်

ပရီးမီးယားလိဂ် အဝေးကွင်း ၃ ပွဲဆက် ရှုံးနိမ့်ထားတဲ့ အာဆင်နယ်တို့ ဒီတစ်ပတ် ပွဲစဉ် ၁၈ မှာတော့ လိဒ်စ်ယူနိုက်တက်ကို ၁-၄ ရလဒ်နဲ့ အဲလန်ရုတ်မှာ အနိုင်ရသွားခဲ့ပါတယ်။ လူငယ် ကစားသမားတွေ ဖြစ်တဲ့ မာတင်နယ်လီ၊ ဆာကာ၊ စမစ်ရိုးဝ် တို့ရဲ့ ခြေစွမ်းပြမှုနဲ့ အတူ ဂိုးပြတ် နိုင်ပွဲ တစ်ပွဲ ပိုင်ဆိုင်ခဲ့တဲ့ အာဆင်နယ်တို့ အဝေးကွင်း ရလဒ်ဆိုးတွေ အောက်ကနေ အကောင်းဆုံး ရုန်းထွက်ပြခဲ့တဲ့ ပွဲဆိုရင်လည်း မမှားပါဘူး။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲ မှာလည်း အာတေးတားရဲ့ အသင်းက ၄-၄-၁-၁ ကစားကွက်နဲ့ ကိုမှ ပြီးခဲ့တဲ့ ပွဲစဉ်တွေတုန်းက လူစာရင်း အတိုင်းပဲ အပြောင်းအလဲ မရှိ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ မာဆယ်လို ဘီရဲယ်ဆာရဲ့ လိဒ်စ်ယူနိုက်တက် ကတော့ အဓိက ကစားသမား အများစု ဒဏ်ရာပြသနာ ရှိနေတာကြောင့် ရာဖင်ညာ၊ ဂျက်ဟဲရစ်ဆင်၊ လုခ်အေးလင်း၊ ကော့ချ်၊ ဒါးလက်စ် တို့ကို ဂဲလ်ဟတ်ဒ်၊ ဒရာမာ့ တို့လို့ လူငယ် ကစားသမားတွေနဲ့ တွဲဖက် ကစားစေခဲ့ရတာ တွေ့ရပါတယ်။ ဒါ့အပြင် ဘီရဲယ်ဆာ အနေနဲ့ အသက် ၁၅ နှစ်နဲ့ ၂၈၂ ရက် အရွယ်သာ ရှိသေးတဲ့ အာချီရာ ဂရေး ကိုပါ အရန် လူစာရင်းမှာ ထည့်သွင်းလာခဲ့တာကို ကြည့်ခြင်းအားဖြင့် လိဒ်စ်တို့ ဒဏ်ရာရ ကစားသမား ဘယ်လောက် အထိ များနေတယ် ဆိုတာ သိနိုင်ပါတယ်။

ဒီအခြေအနေတွေကို ဂန်းနားတွေ အနေနဲ့ အပြည့်အဝ အခွင့်ကောင်း ယူသွားနိုင်ခဲ့တယ် လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ထုံးစံ အတိုင်း တောင်ပံ နှစ်ဖက် ကနေ ဆာကာ၊ မာတင်နယ်လီ တို့ရဲ့ လျင်မြန်မှုနဲ့ အတူ လိဒ်စ် နောက်ခံလူတွေကို အလုပ်ရှုပ်စေနိုင်ခဲ့သလို ကွင်းလယ်က ရှာကာ၊ ပါတေး၊ အိုဒီဂတ် တို့ရဲ့ အကွက်မြင်မြင် ဖန်တီးပေးမှုတွေ တီယာနေးနဲ့ တိုမီယာဆု တို့ရဲ့ တိကျတဲ့ ဖြတ်တင် ပေးပို့မှုတွေက အာဆင်နယ်ရဲ့ နိုင်ပွဲ အတွက် အဓိက အားသာချက်တွေ ဖြစ်ခဲ့တယ်လို့ ဆိုရပါမယ်။ ဂန်းနား တို့ ပွဲအစ ၁၆ မိနစ် မှာထဲက ဦးဆောင်ဂိုး ရရှိခဲ့ပြီး လိဒ်စ် နောက်ခံလူတွေရဲ့ ပေါ့ဆမှု ကနေ ဂါဘရီရယ် မာတင်နယ်လီ က ပြေးဝင် ပိတ်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် တန်ပြန် တိုက်စစ် ကနေ အိမ်ရှင်တို့ ချေပဂိုး ရဖို့ နီးစပ်ခဲ့ပေမယ့် ရာဖင်ညာရဲ့ ကန်ချက်က ဂိုးတိုင်ဘေးက ကပ်ပြီး ထွက်သွားခဲ့လို့ အာဆင်နယ်တို့ သက်သာရာရခဲ့ပါတယ်။ အဲ့နောက် မှာတော့ အာဆင်နယ်တို့ ပွဲကို တောက်လျောက် ထိန်းချုပ်ထားခဲ့ပြီး ပွဲချိန် ၂၈ မိနစ် မှာ ဂါဘီ ကပဲ ဒုတိယ ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပထမပိုင်း ပြီးခါနီးမှာ အာဆင်နယ်တို့ တတိယ ဦးဆောင်ဂိုး ထပ်မံရရှိခဲ့ပြီး ဒီဂိုး ကိုတော့ ဘူကာယို ဆာကာက လိဒ်စ် နောက်ခံလူတွေ တားဆီးနေတဲ့ ကြားက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
လီဗာပူးလ်
လိဒ် ယူနိုက်တက်
1X2 လိဒ်စ်ယူနိုက်တက် @ 15.00
လီဗာပူးလ် အာရှ ဟန်းဒီးကပ် -2.25 @ 1.88
ဂိုးပေါင်း 2-3 @ 2.54
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒုတိယပိုင်း မှာတော့ မီခယ် အာတေးတားရဲ့ အသင်းက သိသိသာသာ ကစားအား ချလိုက်တာကြောင့် အိမ်ရှင်တို့ ပွဲကို ပြန်လည် လွှမ်းမိုးနိုင်ခဲ့သလို အခွင့်အရေး တွေလည်း ပြန်ရခဲ့ပါတယ်။ တိုမီယာဆု အစား စီဒရစ် ဆွာရေးစ်ကို ထည့်သွင်းလိုက်ချိန် မှာတော့ အာဆင်နယ်ရဲ့ ခံစစ် ညာခြမ်းက တောက်လျောက် ပေါက်သွားခဲ့ပြီး ပွဲချိန် ၇၅ မိနစ်မှာ ဘန်ဝှိုက်ရဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုကြောင့် လိဒ်စ်တို့ ပင်နယ်တီ ကန်ခွင့်ရခဲ့ပါတယ်။ ပင်နယ်တီ ကိုတော့ ရာဖင်ညာ ကပဲ အမှားအယွင်း မရှိ ကန်သွင်းသွားခဲ့လို့ ၁-၃ ရလဒ် ဖြစ်နေခဲ့ပါတယ်။ လက်ကျန် မိနစ်တွေမှာ အာတေးတား အနေနဲ့ အသင်းသားတွေကို ပွဲအပေါ်မှာ သေချာ အာရုံ ပြန်စိုက်ဖို့ ညွှန်ကြားခဲ့လို့ အာဆင်နယ်တို့ ကစားပုံ ပြန်ကောင်းခဲ့ပြီး ၈၄ မိနစ်မှာ လူစားဝင် ကစားသမား စမစ်ရိုးဝ်က စတုတ္ထမြောက်ဂိုး သွင်းယူပေးခဲ့လို့  ပွဲအပြီး မှာတော့ ၁-၄ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

လူငယ် ကစားသမားတွေချင်း ယှဉ်ခဲ့တဲ့ ပွဲဖြစ်လို့ လျင်မြန်တဲ့ ကစားပုံနဲ့ ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ အာတေးတားရဲ့ လူငယ်တွေ တစ်ပွဲထက် တစ်ပွဲ ကစားပုံ တည်ငြိမ်စ ပြုလာခဲ့ပေမယ့် အရန် ကစားသမားတွေ ကတော့ အသက်ကြီးလာပေမယ့် ခြေစွမ်း ကတော့ တက်မလာခဲ့ဘူး လို့ပဲ ဆိုရပါမယ်။ အာတေးတား အနေနဲ့ အဓိက လူစာရင်းထဲက ကစားသမား တစ်ဦးဦး ဒဏ်ရာရသွားခဲ့ရင် ဘယ်လို ဖြေရှင်းမလဲ ဆိုတာ ကြိုတင် စဉ်းစားထားမှကို ဖြစ်တော့မယ့် အခြေလို့ ပြောလို့ ရပါတယ်။ လိဒ်စ်ယူနိုက်တက် ကတော့ နောက်ပိုင်း ပွဲတွေမှာ ကစားပုံ ကောင်းလာခဲ့ပေမယ့် အဓိက ကစားသမားတွေ ဒဏ်ရာ ပြန်ရသွားခဲ့ခြင်းနဲ့ အတူ လက်ရှိ မှာတော့ ပရီးမီးယားလိဂ် ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ရပြန်ပြီပဲ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် အတွေ့အကြုံ မရှိသလောက် နည်းတဲ့ ကစားသမားတွေ ကိုတောင် ထုတ်သုံးနေရတဲ့ အခြေအနေ ဖြစ်လို့ ဘီရဲယ်ဆာ အနေနဲ့ လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ မှာတော့ မဖြစ်မနေ အင်အား ဖြည့်တင်းမှုတွေ ပြုလုပ်ဖို့တော့ လိုအပ်နေပြီလို့ပဲ ဆိုချင်ပါတယ်။


လာမယ့်ပွဲစဉ်များ

လိဒ်စ်ယူနိုက်တက်တို့ လာမယ့် ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ အဖြစ် လစ်ဗာပူးလ်နဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိပြီး အာဆင်နယ် ကတော့ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ဆန်းဒါးလန်းနဲ့ ခရာဘောင်ဖလား ကွာတားဖိုင်နယ် ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်