နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မူလာနဲ့လီဝမ်ဒေါစကီးစံချိန်သစ်ထပ်တင်ပြီးဂိုးပြတ်နိုင်ပွဲဆက်ခဲ့တဲ့ဘေယန်မြူးနစ် (ဘွန်ဒက်စ်လီဂါ ပွဲပြီးသုံးသပ်ချက်)

ဘေယန်မြူးနစ်၄ – ၀ဝုဖ်ဘတ်

မနေ့ညကယှဉ်ပြိုင်ကစားသွားခဲ့တဲ့ဘွန်ဒက်စ်လီဂါပွဲစဉ်၁၇ရဲ့အစောဆုံးပွဲစဉ်မှာတော့ဘေယန်မြူးနစ်တို့အလိုင်းရန့်ဇ်အရီနာမှာမူလာ၊ဆာနေး၊အူပါမီကာနို၊လီဝမ်ဒေါစကီးတို့ရဲ့သွင်းဂိုးတွေနဲ့ဝုဖ်ဘတ်ကိုဂိုးပြတ်အနိုင်ရသွားခဲ့ပါတယ်။

ထုံးစံအတိုင်းဘေယန်မြူးနစ်ရဲ့အကောင်းဆုံးခြေစွမ်းကိုမြင်တွေ့ခဲ့ရပြီးအခုပွဲအပြီးမှာနေဂဲလ်စ်မန်းရဲ့အသင်းကအမှတ်ပေးဇယားထိပ်ဆုံးကနေ၉မှတ်အထိဖြတ်ပြီးဦးဆောင်သွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဝုဖ်ဘတ်ကတော့ဘွန်ဒက်စ်လီဂါအပါအဝင်ပြိုင်ပွဲစုံနောက်ဆုံး၇ပွဲဆက်ရှုံးပွဲတွေ့သွားခဲ့ပြီးအမှတ်ပေးဇယားအဆင့်၁၂နေရာကနေထပ်မံကျဆင်းရဖို့ရှိလာခဲ့ပါတယ်။

 

ပွဲစဉ်အကျဉ်း

ဘွန်ဒက်စ်လီဂါအနေနဲ့ဒီဇင်ဘာလနားရက်ပေးတဲ့အတွက်လာမယ့်လမှပွဲစဉ်တွေပြန်လည်စတင်ဖို့ရှိပြီးဘေယန်မြူးနစ်တို့ဇန်နဝါရီလ၈ရက်နေ့မှာမိုချင်ဂလတ်ဘတ်နဲ့ယှဉ်ပြိုင်ကစားရဖို့ရှိနေပါတယ်။
ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားအဆင့် ၁၂ နေရာမှာရပ်တည်နေတဲ့ ဝုဖ်ဘတ်

ဒီနေ့ပွဲမှာအဓိကကွင်းလယ်လူအများစုဒဏ်ရာပြသနာရှိနေတဲ့ဘေယန်မြူးနစ်တို့ရိုကာ၊မူဆီယာလာတို့လိုလူငယ်တွေနဲ့ပွဲထွက်လာခဲ့ပြီးတိုက်စစ်နဲ့ခံစစ်မှာတော့ပုံမှန်ပွဲထွက်နေကျကစားသမားတွေပဲပါဝင်လာခဲ့ပါတယ်။ဝုဖ်ဘတ်မှာလည်းအဓိကကစားသမားတချို့ဒဏ်ရာရနေပေမယ့်တတ်နိုင်သမျှအကောင်းဆုံးစုဖွဲ့မှုနဲ့ဘေယန်မြူးနစ်ကိုပြန်လည်ရင်ဆိုင်ခဲ့ပါတယ်။

ဘေယန်မြူးနစ်တို့ High Pressing နဲ့ကစားခဲ့ပြီးဝုဖ်ဘတ်ကတော့ခံစစ်အသားပေးကစားကွက်နဲ့တုန့်ပြန်ခဲ့တဲ့အတွက်ပွဲကတစ်ဖက်သတ်ဆန်ခဲ့ပါတယ်။ပွဲအစ၇မိနစ်မှာသောမက်စ်မူလာကဘေယန်မြူးနစ်အတွက်ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပေမယ့်အဲ့နောက်ပိုင်းကစလို့ဝုဖ်ဘတ်တို့ခံစစ်မှာပဲစုပြုံပိတ်ကစားနေခဲ့တာကြောင့်ပထမပိုင်းအပြီးမှာ၁-၀ရလဒ်ပဲထွက်ပေါ်နေခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ဘေယန်မြူးနစ်တို့ပြိုင်ဘက်ကိုပိုမိုဖိအားပေးကစားနိုင်ခဲ့တာကြောင့်ပွဲကစားချိန်၅၇မိနစ်နဲ့၅၉မိနစ်တွေမှာနှစ်ဂိုးဆက်ရရှိခဲ့ပါတယ်။ဒီဂိုးတွေကိုတော့အူပါမီကာနိုနဲ့ဆာနေးကသွင်းယူပေးခဲ့တာဖြစ်ပြီးဆာနေးသွင်းယူခဲ့တဲ့ဂိုးဆိုရင်တော်တော်လေးလှပပြီးသေသပ်ကောင်းမွန်ခဲ့တာတွေ့ရပါတယ်။အဲ့နောက်ဘေယန်မြူးနစ်တို့ကစားသမား၅ဦးလောက်အထိအပြောင်းအလဲပြုလုပ်ခဲ့ပြီးအနိုင်ရလဒ်ကိုပဲထိန်းကစားဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမယ့်ပွဲချိန်၈၇မိနစ်မှာတော့မူဆီယာလာရဲ့ပေးပို့မှုကနေတိုက်စစ်မှူးရောဘတ်လီဝမ်ဒေါစကီးကScopion Kick နဲ့လှလှပပကန်သွင်းသွားခဲ့လို့အိမ်ရှင်တို့စတုတ္ထဂိုးရရှိခဲ့ပြီးပွဲအပြီးမှာတော့၄-၀ရလဒ်နဲ့အနိုင်ရရှိသွားခဲ့ပါတယ်။

ပရီးမီးယား လိဂ်
ခရစ္စတယ်ပဲလေ့စ်
မန်ချက်စတာစီးတီး
1X2 မန်ချက်စတာစီးတီး @ 1.16
နယူးကာဆယ် ယူနိုက်တက် အာရှ ဟန်းဒီးကပ် +1.75 @ 2.36
ဂိုး‌အောက် 3.00 @ 2.21
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

 

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာဘေယန်မြူးနစ်ဘက်ကသောမက်စ်မူလာ၊ဆာနေး၊ရောဘတ်လီဝမ်ဒေါစကီးတို့သွင်းယူခဲ့တဲ့ဂိုးတွေအားလုံးထိပ်တန်းအဆင့်မှာရှိခဲ့ပါတယ်။ခြေစွမ်းပိုင်းအရတော့ဘေယန်မြူးနစ်ဆိုတဲ့အတိုင်းတစ်သင်းလုံးအပြစ်ပြောစရာမရှိအောင်ကောင်းမွန်ခဲ့ပါတယ်။ဝုဖ်ဘတ်ကတော့ရှုံးပွဲတွေဆက်နေတဲ့အသင်းပီပီအားနည်းချက်များစွာနဲ့ဘေယန်မြူးနစ်ကိုရင်ဆိုင်သွားခဲ့လို့ဂိုးပြတ်ရှုံးပွဲနဲ့ထပ်မံကြုံတွေ့သွားခဲ့ရတာဖြစ်ပါတယ်။

သောမက်စ်မူလာအနေနဲ့ဘေယန်မြူးနစ်အတွက်ကစားပေးခဲ့တဲ့ပွဲ၄၀၀ပြည့်ပွဲစဉ်မှာအဖွင့်ဂိုးသွင်းယူနိုင်ခဲ့သလိုရောဘတ်လီဝမ်ဒေါစကီးကတော့၂၀၂၁ခုနှစ်အတွင်းအမှတ်ပေးပြိုင်ပွဲသွင်းဂိုး၄၃ဂိုးအထိရှိလာခဲ့ပြီဖြစ်လို့ဂတ်မူလာရဲ့တစ်နှစ်အတွင်းဘွန်ဒက်စ်လီဂါမှာဂိုးအများဆုံးသွင်းတဲ့ကစားသမားစံချိန်ကိုလည်းလိုက်မှီခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ဘွန်ဒက်စ်လီဂါအနေနဲ့ဒီဇင်ဘာလနားရက်ပေးတဲ့အတွက်လာမယ့်လမှပွဲစဉ်တွေပြန်လည်စတင်ဖို့ရှိပြီးဘေယန်မြူးနစ်တို့ဇန်နဝါရီလ၈ရက်နေ့မှာမိုချင်ဂလတ်ဘတ်နဲ့ယှဉ်ပြိုင်ကစားရဖို့ရှိနေပါတယ်။ဝုဖ်ဘတ်ကတော့ဇန်နဝါရီလ၉ရက်နေ့မှာဘိုချမ်ရဲ့အိမ်ကွင်းကိုသွားရောက်ကစားရမှာဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်