နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အနိုင်အရှုံးထက် နှစ်သင်းပေါင်း သွင်းဂိုး အများကို မျှော်လင့်ထားချင်ပါတယ် | လက်စတာစီးတီး – တော့တင်ဟမ်ဟော့စပါး (ပရီးမီးယားလိဂ ပွဲကြိုသုံးသပ်ချက်)

လက်စတာစီးတီး – တော့တင်ဟမ်ဟော့စပါး

ဒီရာသီမှာ ရလဒ်ကောင်းရဖို့ ရုန်းကန်နေရတဲ့ အသင်း နှစ်သင်း ဖြစ်ပါတယ်။ အဆင့်ရပ်တည်မှု အရ ဆိုရင်လည်း အပေါ်အောက် ဖြစ်နေလို့ ဒီပွဲမှာ အနိုင်ရတဲ့ အသင်းက ပရီးမီးယားလိဂ် အမှတ်ပေးဇယား အထက်ကို တက်နိုင်မှာ ဖြစ်ပါတယ်။ ခြေစွမ်းပိုင်း သိပ်မကွာတဲ့ အခြေအနေမှာ အိမ်ကွင်း အားသာချက်၊ အဓိက ကစားသမား ဒဏ်ရာပြဿနာ ကင်းမှုတွေက ပွဲရဲ့ အနိုင်အရှုံးကို အဆုံးအဖြတ် ပေးသွားဖို့ ရှိနေပါတယ်။

လက်စတာရဲ့ အနေအထားက ရုန်းကန်နေရဆဲလို့ ပြောလို့ရပါတယ်။ အဝေးကွင်း ရောက်ရင် ခံစစ်၊ တိုက်စစ် ဆိုးရွားတတ်ပေမယ့် အိမ်ကွင်း မှာတော့ အားသာချက် အပြည့်နဲ့ ရမှတ်တွေ ရယူနိုင်တယ် လို့ပဲ ဆိုရမှာပါ။ ယူရိုပါလိဂ် ကနေ မထင်မှတ်ဘဲ ထွက်ခွာခဲ့ရတာကတော့ ကံကြမ္မာကိုပဲ အပြစ်တင်ရဖို့ ရှိနေပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲ မှာ ၂ ပွဲနိုင်၊ ၂ ပွဲရှုံး၊ ၁ ပွဲ သရေ ရလဒ် ရရှိထားပါတယ်။ ပရီးမီးယားလိဂ်၊ ယူရိုပါလိဂ် ၂ ပွဲဆက် အရှုံးကနေ ရုန်းထွက်ပြီး နယူးကာဆယ် အသင်းကို အနိုင် ကစားထားတာပါ။ တိုက်စစ်က ၁၃ ဂိုး အထိ ရရှိထားပြီး ခံစစ်က ၉ ဂိုး ပြန်ပေး ထားရတာ ကတော့ သတိထားရမယ့် အခြေအနေမှာ ရှိနေပါတယ်။ ဒီပွဲစဉ်က လက်စတာ အတွက် ပွဲကြပ်ကာလ အစလို့ ပြောလို့ရပါတယ်။ စပါးနဲ့ ပွဲအပြီးမှာ အဲဗာတန်၊ လစ်ဗာပူးလ်၊ မန်စီးတီး တို့နဲ့ ပရီးမီးယားလိဂ် ပွဲတွေ ကစားရမှာ ဖြစ်သလို ခါရာဘောင် ပွဲစဉ်အဖြစ် လစ်ဗာပူးလ်နဲ့ ထပ်ရင်ဆိုင်ရဖို့ ရှိနေတာပါ။ အီရန်နာချို၊ ဗက်စတီဂတ်၊ ချောင်ဒူရီ၊ ဘန်ကိုဗစ်၊ အမာတေးလ်၊ အယိုဇီပီရက်ဇ်၊ လွတ်ခ်မန်းတို့ ကိုဗစ် ကူးစက်ခံထားရလို့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဂျေမီဗာဒီ၊ ဘာနက်စ်၊ မက်ဒီဆင်၊ အန်ဒီဒီ၊ ဆိုရန်ချူး၊ ဘာထရန် တို့ကိုတော့ ပွဲထွက်အဖြစ် မြင်တွေ့ရဖို့ ရှိနေပါတယ်။

အထူးသဖြင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ပိုင်း အသင်းတွေကို ရင်ဆိုင်ရဖို့ ဖြစ်လို့ နည်းပြ ကွန်တီ ကိုယ်တိုင် ဖိအားတွေ ရှိနေခဲ့တာပါ။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေတဲ့ တော့တင်ဟမ်ဟော့စပါး

ဒီဇင်ဘာ ပွဲကြပ်ကာလမှာ ဒဏ်ရာရ ကစားသမားတွေကြောင့် စပါးတို့ အခက်အခဲ အချို့ ရှိနေခဲ့ပါတယ်။ အထူးသဖြင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ပိုင်း အသင်းတွေကို ရင်ဆိုင်ရဖို့ ဖြစ်လို့ နည်းပြ ကွန်တီ ကိုယ်တိုင် ဖိအားတွေ ရှိနေခဲ့တာပါ။ လက်စတာနဲ့ ပွဲပြီးရင် လီဗာပူးလ်၊ ဝက်စ်ဟမ်း၊ ခရစ္စတယ်ပဲလေ့စ်တို့နဲ့ ဆက်တိုက် ရင်ဆိုင်ကစားရဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။ နောက်ဆုံး ၅ ပွဲမှာ အကြောင်း အမျိုးမျိုးကြောင့် ၃ ပွဲ ပျက်ထားတာ ကတော့ အသင်းသား တွေကို အချိန်ကာလ တစ်ခု အထိ အနားရထားတယ်လို့ ဆိုရမှာပါ။ ဘန်လေ၊ ဘရိုက်တန်တို့နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်၊ ရန်းနက်နဲ့ ယူရိုပါလိဂ် ပွဲစဉ်တွေကို ရွေ့ဆိုင်းထားတာပါ။ ကစားထားတဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာတော့ ၁ ပွဲရှုံး ၁ ပွဲသရေ ၃ ပွဲနိုင် ရလဒ် ရရှိထားလို့ ရလဒ်ပိုင်း အားသာချက် ရှိနေပါတယ်။ လက်စတာ နည်းတူ ကိုဗစ် ကူးစက် ခံထားရသူတွေကြောင့် ပွဲကစားဖို့ အခက်အခဲ ရှိနေပါသေးတယ်။ ဆွန်ဟောင်မင်၊ ဘန်ဒေးဗီးစ်၊ ဘရိုင်ယန်ဂေး၊ ရိုမီယို၊ အိုဗီယာစကစ်၊ လူးကပ်စ်မိုရာတို့ ကိုဗစ် ကူးစက်ခံထားရတဲ့ အတွက် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဟာရီကိန်း၊ ဘာ့ဂျ်၀င့်၊ လိုဆယ်လို၊ ဒီရာ၊ ဟိုဘတ်ဂျ် တို့ပဲ ပွဲထွက်လာနိုင်ခြေ များပါတယ်။

လာလီဂါ
ဆီဗီလာ FC
အက်တလက်တီကို
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ထိပ်တိုက်တွေ့ဆုံမှု ၉၂ ကြိမ်မှာ လက်စတာက ၃၃ ကြိမ်နိုင် စပါးက ၄၃ ကြိမ် ပြန်နိုင်ထားပြီး ၁၆ ကြိမ် သရေကျထားခဲ့ပါတယ်။ အစဉ်အလာ အရ အသာရထားတဲ့ စပါး အနေနဲ့ ပြီးခဲ့တဲ့ရာသီ လက်စတာ အိမ်ကွင်း ပွဲစဉ်မှာလည်း ၂-၄ ဂိုးရလဒ်နဲ့ အနိုင်ရရှိထားခဲ့တာပါ။


လောင်းကစားဆိုင်ရာအကြံပြုချက်များ

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်း အတွက် ၂.၂၁ ဆ၊ သရေ အတွက် ၃.၄၀ ဆ၊ ဧည်သည့်အသင်း အတွက် ၃.၁၀ ဆ ကြေးဖွင့်ထားပါတယ်။ ခြေစွမ်းပိုင်း အရဆိုရင် ကွာခြားမှု သိပ်မရှိပါဘူး။ နှစ်သင်းလုံးရဲ့ တိုက်စစ်ပိုင်းရော ခံစစ်ပိုင်းကပါ လိုအပ်ချက် ရှိနေခဲ့တာပါ။ အမှတ်ပေးဇယား အလယ်အလတ် အသင်းတွေဖြစ်လို့ ထိပ်ဆုံး ၄ သင်း စာရင်းဝင်ဖို့ အားစိုက်လာမှာတော့ သေချာပါတယ်။ ဒါပေမဲ့ ကိုဗစ် ကူးစက်ခံထားရတဲ့ အဓိက ကစားသမားတွေကြောင့် စိတ်ရှိတိုင်း ကစားနိုင်ဖို့ မလွယ်ပါဘူး။ အပြန်အလှန် သွင်းဂိုးတွေ မျှော်လင့်နိုင်တဲ့ အတွက် ဂိုးအများဘက်ကို ပိုပြီး ဦးတည်နိုင်ပါတယ်။ အနိုင်ရမယ့် အသင်းရွေးချယ်မှုထက် သရေရလဒ်ကို ပိုပြီး အကြိုက်တွေ့မိတယ်။ လက်ရှိ အနေအထားအရ သရေရလဒ် ထွက်ပေါ်လာမယ် ဆိုရင်တောင် နှစ်သင်းလုံးအတွက် အမျှတဆုံး ဖြစ်နေပါတယ်။ ဂိုးအများကို ပိုကြိုက်ပါတယ်။

ခန့်မှန်းရလဒ် (၂-၂)

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်