နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နည်းပြသစ်နဲ့ အတူ နိုင်ပွဲ ရှာဖွေ တတ်လာတဲ့ ယူနိုက်တက် ကိုပဲ ယုံကြည်ထားသင့်တယ် | ဘရန့်ဖို့ဒ် – မန်ချက်စတာယူနိုက်တက် ( ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

ဘရန့်ဖို့ဒ် – မန်ချက်စတာယူနိုက်တက်

ပရီးမီးယားလိဂ် ၃ ပွဲဆက် အနိုင်ရထားတဲ့ မန်ချက်စတာယူနိုက်တက်တို့ အခုတစ်ပတ် ကြားရက် မှာ‌တော့ ဘရန့်ဖို့ဒ်ရဲ့ အိမ်ကွင်းကို သွားရောက် ကစားဖို့ ရှိနေပါတယ်။ အသင်းကြီးတွေနဲ့ ထိပ်တိုက်တွေ့တိုင်း အခက်တွေ့အောင် ကစားတတ်တဲ့ ဘရန့်ဖို့ဒ်ရဲ့ အိမ်ကွင်း ခြေစွမ်းကြောင့် ပုံစံကောင်းရနေတဲ့ မန်ယူတို့ ရုန်းကန်ဖို့တော့ ရှိနေပါတယ်။ ခြေစွမ်းရော ရလဒ်ပိုင်းပါ တည်ငြိမ်နေတဲ့ အသင်း နှစ်သင်းရဲ့ အားပြိုင်မှုက စိတ်ဝင်စား ကောင်းလာဖို့တော့ ရှိနေပါတယ်။

ဘရန့်ဖို့ဒ်ရဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ခြေစွမ်းက တော်တော်လေးကို တည်ငြိမ်နေပါတယ်။ အထူးသဖြင့် အသင်းကြီးတွေကို အခက်တွေ့အောင် ကစားထားနိုင်ခဲ့တာက သက်သေပါ။ ပူပူနွေးနွေး အနေနဲ့ ဝက်ဖို့ဒ်ကို အနိုင်ရထားသလို အဲဗာတန်၊ အာဆင်နယ် တို့ကို အနိုင်ကစားထားသလို လက်စတာ၊ ချဲလ်ဆီး တို့ကိုလည်း အခက်တွေ့အောင် ကစားထားနိုင်တဲ့ အသင်းလည်း ဖြစ်ပါတယ်။ ကစားသမား အစုအဖွဲ့အရ အားနည်းတယ် ဆိုပေမယ့် အသင်းလိုက် ကစားပုံ ဆိုရင်တော့ အသင်းတိုင်းကို စိန်ခေါ်နိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၂ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲရှုံး ရလဒ်ရရှိထားလို့ ခြေစွမ်းပိုင်း တည်ငြိမ်တယ်လို့ ပြောရမှာပါ။ တိုက်စစ်က ၈ ဂိုးသွင်းပြီး ခံစစ်က ၈ ဂိုး ပြန်ပေးထား ရတာကတော့ ခြွင်းချက်တစ်ခု အဖြစ် ရှိနေပါလိမ့်မယ်။ ဒါပေမဲ့ တစ်ခု သတိထားရမှာက အိမ်ကွင်း ၇ ပွဲမှာ ရှုံးပွဲ ၄ ပွဲ ရှိထားတာကတော့ သတိထားရမှာပါ။ ဒဏ်ရာရ ကစားသမား များပြားနေလို့ မယ်လ်ဘူနို၊ ကားနို့စ်၊ အွန်ယီကာ၊ ဂျန်ဆန် တို့ကို ပွဲထွက်အဖြစ် မြင်တွေ့ရဖို့ရှိနေပါတယ်။

ဘရန့်ဖို့ဒ်ရဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ခြေစွမ်းက တော်တော်လေးကို တည်ငြိမ်နေပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ မှာ ရပ်တည်နေတဲ့ ဘရန့်ဖို့ဒ်

ယူနိုက်တက် ကတော့ နည်းပြသစ် လက်ထက်မှာ ရလဒ်ပိုင်းအရ တည်ငြိမ်နေတယ်လို့ ဆိုနိုင်ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ ပွဲအပြီး အဆင့် ၅ အထိ ရောက်လာတဲ့ မန်ယူရဲ့ အခြေအနေက နောက်ဆုံး ၆ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိသေးပါဘူး။ ဝက်ဖို့ဒ်ကို အရေးနိမ့်ခဲ့ပြီးတဲ့နောက် ချဲလ်ဆီး၊ အာဆင်နယ် တို့ကို ရင်ဆိုင်ရခဲ့ပေမယ့် အမှတ်မဆုံးရှုံးခဲ့တာက သက်သေပါ။ ၄ ပွဲနိုင်၊ ၂ ပွဲ သရေ ဆိုတဲ့ ရလဒ်မှာ တိုက်စစ်က ၉ ဂိုး သွင်းထားပြီး ခံစစ်က ၄ ဂိုး ပြန်ပေးထားရတာ ကိုတော့ သတိပြုရမှာပါ။ အဝေးကွင်း ၈ ပွဲ ကစားပြီးချိန်မှာ ၂ ပွဲ သရေ၊ ၂ ပွဲရှုံး၊ ၄ ပွဲနိုင် ဆိုတဲ့ ရလဒ်ကတော့ အကျိုးအမြတ် ရှာဖွေသူတွေ အတွက် အားကိုးစရာ ဖြစ်လာနိုင်ပါတယ်။ လက်ရှိမှာ မာရှယ်၊ ဝမ်ဘစ်စကာ၊ ကာဗာနီ၊ မာတာ၊ မာတစ်၊ ပေါ့ဘာ၊ ဗာရိမ်း၊ လင်ဒီလော့ဖ်တို့ ဒဏ်ရာပြဿနာ ရှိနေတာကတော့ အသင်းအတွက် ဖိအားတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ကျန်ကစားသမားတွေ အားလုံး ကြံ့ခိုင်မှုအပြည့် ရှိနေပါတယ်။ စီရော်နယ်ဒို၊ ဂရင်းဝုဒ်၊ ဆန်ချို၊ ဘရူနိုဖာနန်ဒက်စ်၊ ဖရက်ဒ်၊ တော်မီနေး တို့ကို ပွဲထွက် ကစားသမားတွေ အဖြစ် မြင်တွေ့ရဖို့ ရှိနေပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ထိပ်တိုက်တွေ့ဆုံမှု ၇ ကြိမ်မှာ ဘရန့်ဖို့ဒ်က ၂ ကြိမ်နိုင်၊ မန်ယူက ၃ ကြိမ်နိုင်ပြီး ၂ ကြိမ် သရေ ကျထားခဲ့ပါတယ်။ တွေ့ဆုံတဲ့အကြိမ်တိုင်း ပြိုင်ဆိုင်မှု ပြင်းထန်လေ့ရှိတဲ့ ပြိုင်ဘက်တွေ ဖြစ်ပြီး နောက်ဆုံး ထိပ်တိုက်တွေ့ခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ တော့ ၂-၂ ဂိုးနဲ့ သရေရလဒ်သာ ထွက်ပေါ်ထားခဲ့တာပါ။


လောင်းကစားဆိုင်ရာအကြံပြုချက်များ

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်း အတွက် ၃.၉၅ ဆ၊ သရေ အတွက် ၃.၃၅ ဆ၊ ဧည်သည့်အသင်း အတွက် ၁.၉၂ ဆ ကြေးဖွင့်ထားပါတယ်။ နှစ်သင်းလုံး ပုံစံကောင်း အခြေအနေကြောင့် စိတ်ကြိုက် ရွေးချယ်နိုင်တဲ့ အနေအထားတစ်ခုမှာ ရှိနေပါတယ်။ နည်းပြသစ် လက်ထက် မန်ယူတို့ ၆ ပွဲဆက် ရှုံးပွဲ မရှိသေးသလို ခံစစ်၊ တိုက်စစ် အမျှတဆုံး အခြေအနေမှာ ရှိနေတာပါ။ ဘရန့်ဖို့ဒ် ကလည်း အိမ်ကွင်းဆိုရင် အမှတ်ရှာလေ့ရှိတဲ့ အသင်းဖြစ်လို့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဖြစ်လာမှာ သေချာပါတယ်။ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရခြင်း နဲ့အတူ ဂိုးပေါင်း အများဘက်ကို ပိုပြီး ဦးတည်မယ်လို့ ယူဆမိပါတယ်။ ရွေးချယ်မှုတစ်ခု အနေနဲ့ကတော့ ဘရန့်ဖို့ဒ် ထက်စာရင် မန်ယူကို ပိုပြီး အကြိုက်တွေ့မိပါတယ်။ ပွဲအဖြေ ပြောင်းလဲနိုင်စွမ်းရှိတဲ့ ကစားသမား အစုအဖွဲ့အရ မန်ယူကိုပဲ အားပေးစေချင်တယ်။


ခန့်မှန်းရလဒ် (၁-၂)


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်