နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အပြန်အလှန် သွင်းဂိုးတွေနဲ့ အိမ်ရှင် ဘက်မှာပဲ ရပ်တည်သင့်တယ် | မန်ချက်စတာစီးတီး – လိဒ်စ်ယူနိုက်တက် (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာစီးတီး – လိဒ်စ်ယူနိုက်တက်

ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ မန်ချက်စတာစီးတီးတို့ လာမယ့် ကြားရက် မှာတော့ လိဒ်စ်ယူနိုက်တက်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် မှာ နိုင်ပွဲတွေ ဆက်နေတဲ့ မန်စီးတီးတို့ ဒဏ်ရာပြသနာတွေနဲ့ အတူ ခြေစွမ်း မတည်ငြိမ်တဲ့ လိဒ်စ်ကို သက်တောင့်သက်သာ ကစားပြီး အနိုင် ၃ မှတ် ရသွားနိုင်မလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးတို့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ မှာ ဝုဗ်ကို ခက်ခက်ခဲခဲ ကစားခဲ့ပေမယ့် ကံတရားရဲ့ ဖေးမမှုတွေကြောင့် ၃ မှတ် အပြည့် ရထားခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၇ ပွဲဆက် အနိုင်ရထားခဲ့လို့ စိတ်ဓာတ်ပိုင်း ဆိုရင် ကလည်း အမြင့်ဆုံးမှာ ရှိနေတာ တွေ့ရပြီး အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက် ဦးဆောင်နိုင်ရေး ဒီပွဲကိုလည်း သေချာ အာရုံစိုက်လာပါလိမ့်မယ်။ ဒီဇင်ဘာ ပွဲကြပ်ကာလမှာ အမှား နည်းနည်းနဲ့ ကစားနိုင်ရင် ရာသီကုန် အဆင့် ရပ်တည်မှု အတွက် အတိုင်းအတာ တစ်ခု အထိ သက်ရောက်မှု ရှိနိုင်လို့ ဂွာဒီယိုလာရဲ့ အသင်းက တတ်နိုင်သမျှ ရလဒ်ကောင်းဖို့ ရည်ရွယ်ထားပါလိမ့်မယ်။ ထုံးစံအတိုင်း ၄-၃-၃ ကစားကွက်နဲ့ပဲ ပွဲထွက်လာဖို့ ရှိနေတဲ့ မန်စီးတီးမှာ ပွဲပယ် ပြစ်ဒဏ် ထိထားတဲ့ ဂျာအို ကန်ဆယ်လိုနဲ့ ဒဏ်ရာက မသက်သာသေးတဲ့ ဖရန်း တောရက်စ် တို့ သေချာပေါက် လွဲချော်ဖို့ ရှိနေပါတယ်။ ဒါ့အပြင် ဝုဗ်နဲ့ ပွဲမှာ နောက်ကျော ဒဏ်ရာ ရခဲ့တဲ့ ဂွန်ဒိုအန်လည်း ပါဝင်လာဖို့ မသေချာသေးဘူးလို့ သိရပါတယ်။ ဖေးလ် ဖိုဒန်၊ နေသန် အေခီတို့ ကြံခိုင်မှု ပြန်လည် ပြည့်ဝနေပြီ ဖြစ်လို့ လူစာရင်းမှာ မြင်တွေ့ရဖွယ် ရှိနေပါတယ်။

လိဒ်စ်ယူနိုက်တက် ကတော့ အဓိက ကစားသမားတွေ ဒဏ်ရာပြသနာ ရှိနေတာကြောင့် ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲ ပြန်လည် ပျောက်ဆုံးထားခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရခဲ့တဲ့ ပွဲမှာ လိဒ်စ်ရဲ့ အသင်းကို ပုံစံကောင်း တစ်ခုနဲ့ ပြန်မြင်ခဲ့ရပေမယ့် ဘရန့်ဖို့ဒ်နဲ့ ပွဲမှာတော့ ဒဏ်ရာက ပြန်လည် သက်သာလာတဲ့ ဘမ်းဖို့ဒ်ရဲ့ နောက်ကျဂိုး ကယ်လို့ သရေ ၁ မှတ် ရခဲ့ပါတယ်။ ဒါပေမယ့် ကယ်ဗင်ဖီးလစ်နဲ့ လီယမ် ကူပါးတို့ နှစ်ဦး ဒဏ်ရာရသွားခဲ့တဲ့ အတွက် နစ်နာခဲ့ရပြီး ချဲလ်ဆီးနဲ့ ပွဲမှာလည်း အသင်းလိုက် ကစားအား တော်တော်လေး အားနည်းခဲ့တာ တွေ့ရပါတယ်။ နောက်တစ်ချက်က လိဒ်စ်ယူနိုက်တက်ရဲ့ ခြေစွမ်းက အဆိုးရွားကြီး မဟုတ်ပေမယ့် နိုင်ပွဲ တစ်ပွဲ ရဖို့ လုံလောက်တဲ့ အခြေအနေမျိုး ရှိမနေခဲ့လို့ ရမှတ်တွေ ဆုံးရှုံးနေရတာလည်း ဖြစ်ပါတယ်။ လက်ရှိ အခြေအနေအရ တိုက်စစ်က ပက်ထရစ်ဘမ်းဖို့ဒ်၊ ကယ်ဗင်ဖီးလစ်၊ လီယမ်ကူပါး၊ ရိုဒရီဂို တို့ ဒဏ်ရာ ပြသနာတွေကြောင့် သေချာပေါက် လွဲချော်ဖို့ ရှိနေပြီး ရော်ဘက်ကော့ချ်နဲ့ စတျောက်ခ် တို့ကတော့ ပြန်ကစားနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ထိပ်တိုက်တွေ့ဆုံမှု ၁၆ ကြိမ် ရှိထားခဲ့ရာမှာ မန်ချက်စတာစီးတီးက ၄ ကြိမ်နိုင်ပြီး လိဒ်စ်ယူနိုက်တက် ၇ ကြိမ် အနိုင်ရထားခဲ့ပါတယ်။ နောက်ဆုံး တွေ့ဆုံကစားခဲ့တဲ့ ၅ ပွဲမှာ လိဒ်စ်ယူနိုက်တက်က ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲရှုံး ရလဒ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါကို ကြည့်ခြင်း အားဖြင့် အစဉ်အလာအရ လိဒ်စ် အနေနဲ့ မန်စီးတီးကို အမြဲတမ်း ဒုက္ခပေးနိုင်တဲ့ အသင်းလို့ ပြောလို့ ရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်