နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လက်ရှိ ချန်ပီယံကို အနိုင်ကစားပြီး အဆင့် ၁ နေရာနဲ့ ထိုက်တန်ကြောင်း သက်သေပြ လိုက်တဲ့ ရီးရဲယ်မက်ဒရစ် (လာလီဂါ ပွဲပြီးသုံးသပ်ချက်)

ရီးရဲယ်မက်ဒရစ် ၂ – ၀ အက်သလက်တီကိုမက်ဒရစ်

ရီးရဲယ် ကတော့ အမှားအယွင်းမရှိ နိုင်ပွဲ ဆက်နေဆဲပါ။ လက်ရှိ ချန်ပီယံ အက်သလက်တီကို ကတော့ လိုအပ်ချက် များစွာနဲ့ အတူ လာလီဂါ မက်ဒရစ် ဒါဘီပွဲမှာ အရှုံးရလဒ်နဲ့ ရင်ဆိုင်ခဲ့ရတာပဲ ဖြစ်ပါတယ်။ အပြန်အလှန် သွင်းဂိုးတွေ မျှော်လင့်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ ဖြစ်မလာခဲ့ပါဘူး။ ရာသီဝက် ချန်ပီယံဖြစ်ဖို့ သေချာသလောက် ရှိသွားတဲ့ ရီးရဲယ်ရဲ့ နိုင်ပွဲ ကတော့ ချန်ပီယံ မျှော်လင့်ချက်ကို တစ်ဆင့် တိုးလိုက်နိုင်တယ် လို့ပဲ ဆိုရမှာပါ။


ပွဲစဉ်အကျဉ်း

နှစ်သင်းလုံးက နိုင်ပွဲ လိုအပ်နေခဲ့လို့ အမှား မရှိအောင် ပြင်ဆင်လာခဲ့ပါတယ်။ မက်ဒရစ် ဒါဘီပွဲလည်း ဖြစ်တဲ့ အပြင် လက်ရှိ ချန်ပီယံနဲ့ လက်ရှိ အမှတ်ပေးဇယား အဆင့် ၁ တို့ရဲ့ အားပြိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။ အဆန်စီယို၊ ဘင်ဇီမာ၊ ဂျူနီယာ၊ ကာဆာမီယို၊ တိုနီခရူးစ်၊ လူကာမိုဒရစ် တို့နဲ့အတူ ရီးရဲယ်တို့ လူစုံခဲ့ပါတယ်။ ၄-၄-၂ ကစားကွက်နဲ့ ပွဲထွက်လာတဲ့ အက်သလက်တီကို ကတော့ ဂရစ်ဇ်မန်း၊ ကာရက်စ်ကို၊ ဒီပေါလ်၊ ကိုကီ၊ ကော်ရီရာ၊ ဖီလစ်ပီ၊ လော်ရန်တေးတို့ ပါဝင်လာခဲ့ပါတယ်။ အိမ်ကွင်း အားသာချက် နဲ့အတူ ရီးရဲယ်တို့ ဖိကစားခဲ့တယ် ဆိုပေမယ့် အက်သလက်တီကိုရဲ့ တန်ပြန် တိုက်စစ်ကြောင့် ထင်သလောက် အလုပ်မဖြစ်ခဲ့ပါဘူး။ အထူးသဖြင့် ဂရစ်ဇ်မန်း၊ ကာရက်စ်ကိုတို့ရဲ့ တိုးအား ရုန်းအားက အာဘာဘာ ဦးဆောင်တဲ့ ရီးရဲယ်ခံစစ်ကို အလုပ်ရှုပ်စေခဲ့ပါတယ်။ တကယ်တမ်းမှာတော့ ခံစစ်တိုက်စစ်ထက် ကွင်းလယ် ကစားကွက်ပိုင်း အားပြိုင်ခဲ့ကြတာပါ။ နည်းပြ နှစ်ဦးဖြစ်တဲ့ ဆီမြွန်နီနဲ့ အန်စလော့တီ တို့ရဲ့ အားပြိုင်မှုက မက်ဒရစ်ဒါဘီကို ပိုပြီး အသက်ဝင်စေခဲ့ပါတယ်။ တရစပ် တိုက်စစ်ဆင်နေတဲ့ ရီးရဲယ်တို့ ပွဲချိန် ၁၆ မိနစ်မှာ ဦးဆောင်ဂိုး ရရှိခဲ့ပြီး ဘင်ဇီမာက အမှားအယွင်း မရှိ ဂိုးအဖြစ် ရယူပေးခဲ့တာပါ။ ဂိုးပေးလိုက်ရပြီး နောက်ပိုင်း ကြံ့ခိုင်မှု အသားပေး ပုံစံနဲ့ မာမာထန်ထန် ကစားခဲ့ကြလို့ ပရိသတ် အကြိုက် ပွဲစဉ်ဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဂရစ်ဇ်မန်း နေရာမှာ ဂျာအိုဖီးလစ်၊ ကာရက်စ်ကို နေရာမှာ လီမာတို့ကို ထည့်ပြီး ပွဲကို ထိန်းကစားဖို့ အက်သလက်တီကိုတို့ အားစိုက်ခဲ့ပါတယ်။ ရီးရဲယ် အနေနဲ့လည်း ဘင်ဇီမာရဲ့ နေရာမှာ ဂျိုဗစ်ကို ထည့်သွင်းပြီး တိုက်စစ် အားမကျအောင် ဆက်ထိန်းခဲ့ပါတယ်။ တကယ်တမ်းမှာလည်း ရီးရဲယ်ရဲ့ဗျူဟာပိုင်း အလုပ်ဖြစ်ခဲ့ပြီး ပွဲချိန် ၅၇ မိနစ်မှာ အဆန်စီယိုက ရီးရဲယ် အတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို ရယူပေးနိုင်ခဲ့ပါတယ်။ ၂ ဂိုးဆက်တိုက် ပေးလိုက်ရပြီးတဲ့ အက်သလက်တီကိုတို့ ပွဲကို ထိန်းချုပ်ဖို့ ခက်ခဲခဲ့ပါတယ်။ လိုဒီ၊ ဆွာရက်ဇ်၊ ဟာရဲရားလ်တို့ကို ထည့်သွင်းပြီး တိုက်စစ် မြှင့်ခဲ့ပေမယ့် ရီးရဲယ် နောက်တန်းကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ နောက်ပိုင်း ပွဲချိန်တွေမှာ ဂိုးရဖို့ အားစိုက်ခဲ့ကြပေမယ့် ဂိုးထပ် မရခဲ့လို့ ရီးရဲယ်တို့ ပွဲအပြီးမှာ ၂-၀ နဲ့ပဲ အနိုင်ရခဲ့ပါတယ်။

လာလီဂါ
ဆယ်တာဗီဂို
အက်စ်ပန်ညို
1X2 အက်စ်ပန်ညို @ 3.60
ဆယ်တာဗီဂိုး အာရှ ဟန်းဒီးကပ် -0.75 @ 2.38
ဂိုးပေါ် 2.25 @ 2.03
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးသုံးသပ်ချက်

လက်ရှိချန်ပီယံ အက်သလက်တီကိုတို့ အဝေးကွင်းမှာ ရလဒ်ကောင်းရဖို့ အားစိုက်ခဲ့ပေမယ့် ဘယ်လိုမှ မဖြစ်လာခဲ့ပါဘူး။ အထူးသဖြင့် အက်သလက်တီကို နည်းပြ ဆီမြွန်နီရဲ့ ဗျူဟာပိုင်းက ရီးရဲယ် နည်းပြ အန်စလော့တီကို ယှဉ်ဖို့ လိုအပ်ချက်တွေ ရှိခဲ့တာပါ။ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရလုနီး ဖြစ်ခဲ့ပေမယ့် ရီးရဲယ် ခံစစ်ကလည်း အမှားအယွင်း နည်းခဲ့ပါတယ်။ တိုက်စစ်ပိုင်း လိုအပ်ချက်ရှိခဲ့လို့ ဂရစ်ဇ်မန်းလို ကစားသမားမျိုးကိုတောင် လူစားလဲခဲ့ပေမယ့် ဂျာအိုဖီးလစ်လည်း အလုပ်မဖြစ်ခဲ့ပါဘူး။ ဝါရင့်တိုက်စစ်မှူး ဆွာရက်ဇ် ပါလာတာတောင် အာလာဘာ၊ မီလီတာအို ဦးဆောင်တဲ့ ရီးရဲယ် ခံစစ် အမှားနည်းခဲ့ပါတယ်။ အထူးသဖြင့် ဦးဆောင်ဂိုး သွင်းပေးထားတဲ့ ဝါရင့်တိုက်စစ်မှူး ဘင်ဇီမာကို ပထမပိုင်း အပြီး ကတည်းက လူစားလဲခဲ့တဲ့ ဆုံးဖြတ်ချက်က ပြတ်သားခဲ့တာပါ။ ဒါကြောင့်လည်း အိမ်ကွင်းမှာ ရီးရဲယ်တို့ အဖိုးတန် အနိုင် ၃ မှတ် နဲ့အတူ လာလီဂါ အမှတ်ပေးဇယားကို ဆက်ပြီး ဦးဆောင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ရီးရဲယ်မက်ဒရစ် အနေနဲ့ လာမယ့် စပိန် လာလီဂါ ပွဲစဉ်မှာ ကာဒစ်ဇ်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံရင်ဆိုင်ရဖို့ ရှိနေပြီး အက်သလက်တီကိုမက်ဒရစ် ကတော့ ဆီဗီလာ အသင်းရဲ့ အိမ်ကွင်းဆီ သွားကစားရဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်