နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အီတလီမြေမှာအတ္တလန္တာကိုအနိုင်ကစားပြီးရှုံးထွက်တက်သွားတဲ့ ဗီလာရီးရဲယ် (ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)

အတ္တလန္တာ၂ – ၃ဗီလာရီးရဲယ်

ဆီးနှင်းတွေသည်းထန်စွာကျဆင်းခဲ့လို့ ရွှေ့ဆိုင်းထားခဲ့ရတဲ့ အတ္တလန္တာနဲ့ ဗီလာရီးရဲယ် တို့ရဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ကတော့ မနေ့ညကဆက်လက် ယှဉ်ပြိုင်သွားခဲ့ပြီးဧည့်သည် အသင်းက ၂-၃ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ရှုံးထွက်အဆင့် တက်ရောက်ရေးအဆုံးအဖြတ် ပွဲစဉ် ဖြစ်တာကြောင့် အကြိတ်အနယ် ရှိခဲ့ပြီးတိုက်စစ် အဆုံးသတ် သေချာတဲ့ ဗီလာရီးရဲယ်တို့ အဖိုးတန် နိုင်ပွဲနဲ့ အတူ ၁၆ သင်းအဆင့်ကိုရောက်ရှိသွားခဲ့ပြီးအတ္တလန္တာကတော့ ယူရိုပါလိဂ် ရှုံးထွက် Play off ကစားရတော့မှာဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

နာမည်ကြီးအသင်းတွေမဟုတ်ပေမယ့် အသင်းလိုက် စုဖွဲ့မှုအားကောင်းပြီးအုပ်စုတွင်းခြေရည်တူနှစ်သင်းရဲ့ တွေ့ဆုံမှုဖြစ်တာကြောင့် စိတ်ဝင်စားစရာပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ အတ္တလန္တာရောဗီလာရီးရဲယ်ပါ စိတ်ဓာတ် ခွန်အားအပြည့်နဲ့ ဖောင်ဖျက် ကစားသွားခဲ့ကြပြီးအပြန်အလှန် သွင်းဂိုးတွေလည်းများခဲ့ပါတယ်။ဒီပွဲကိုဂတ်စပီရီနီရဲ့ အသင်းကရော်ဘင် ဂိုဆန်၊ အူနိုင်းအန်မေရီရဲ့ အသင်းကပင်နိုအသီးသီးလွဲချော်ခဲ့ပေမယ့် နှစ်သင်းလုံးအဓိကကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့ကြပြီးလိုအပ်နေတဲ့ ၃ မှတ်ကိုအရယူနိုင်ဖို့ ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။ အတ္တလန္တာတို့ ၃-၄-၁-၂ နဲ့ ကစားခဲ့ပေမယ့် ဗီလာရီးရဲယ် ကတော့ ရိုးရှင်းတဲ့ ၄-၄-၂ ကစားကွက်နဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့တာတွေ့ရပါတယ်။ အိမ်ကွင်းအားသာချက် ရှိခဲ့တဲ့ အတ္တလန္တာတို့ ပြိုင်ဘက်ကိုဖိအားပေးနိုင်ခဲ့ပေမယ့် တကယ်တမ်းထိထိရောက်ရောက် တိုက်စစ်ဆင်နိုင်ခဲ့တာကဗီလာရီးရဲယ် ဖြစ်ပါတယ်။ ပယ်ရီဟို၊ ကာပူးတို့ လုပ်အားနှုန်းကောင်းခဲ့ပြီးတိုက်စစ်ကအားနော့တ် ဒန်ဂျူးမားထူးထူးခြားခြားခြေစွမ်းပြပြီးပွဲချိန် ၃ မိနစ်နဲ့ ၅၁ မိနစ်မှာအသင်းအတွက် ပထမဂိုးနဲ့ တတိယဂိုးတို့ကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဗီလာရီးရဲယ် အတွက် ဒုတိယဂိုးကိုတော့ ကွင်းလယ်လူကာပူးကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ပွဲကစားချိန် မိနစ် ၅၀ လောက် အထိဧည့်သည်တို့ ၃ ဂိုးပြတ် ရလဒ်နဲ့ ဦးဆောင်နေခဲ့ပေမယ့် အတ္တလန္တာတို့ ကစားအားကျမသွားပဲချေပဂိုးတွေလိုက်သွင်းခဲ့လို့ ပွဲကပိုပြီးရင်ခုန်စရာကောင်းခဲ့ပါတယ်။ အတ္တလန္တာအတွက် ချေပဂိုးတွေကိုတော့ ပွဲချိန် ၇၁ မိနစ်နဲ့ မိနစ် ၈၀ တွေမှာမယ်လင်နော့ဗ်စကီးနဲ့ ဇာပါတာတို့ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာတော့ အူနိုင်းအန်မေရီအနေနဲ့ လူစားလဲလှယ်မှုတွေဆက်တိုက် ပြုလုပ်ပြီးအနိုင်ရလဒ်ကိုထိန်းသွားခဲ့လို့ ၂-၃ ရလဒ်နဲ့ပဲပွဲပြီးဆုံးသွားခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ယူရိုပါလိဂ်နဲ့ပဲကံစပ်လွန်းတဲ့အူနိုင်းအန်မေရီနဲ့ဗီလာရီးရဲယ်တို့ဒီတစ်ကြိမ်မှာတော့ချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ်ကစားခွင့်ရသွားခဲ့ပြီးအတ္တလန္တာကတော့၂၀၁၈ခုနှစ်နောက်ပိုင်းယူရိုပါလိဂ်မှာပြန်ကစားရတော့မှာဖြစ်ပါတယ်။
ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၆ ပွဲကစားပြီး ၁ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၆ မှတ်သာရရှိခဲ့တဲ့ အတ္တလန္တာ

ဗီလာရီးရဲယ်တို့ အတ္တလန္တာရဲ့ အထနှေးမှုကိုအခွင့်ကောင်းယူနိုင်ခဲ့လို့ အစောပိုင်းမှာထဲကဂိုးပြတ်သွင်းပြီးပွဲကိုဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ရှင် အသင်းရဲ့ ရုန်းအားကြောင့် အနိုင်ရလဒ်ကိုထိန်းဖို့ စိတ်ပူခဲ့ရပေမယ့် ဇာပါတာ၊ အီလီချစ်ခ်၊ ပက်ဆီနာတို့ တိုက်စစ် အစုအဖွဲ့ကအဆုံးသတ်ပိုင်းမှာတော်တော်လေးအားနည်းခဲ့တာကြောင့် ကံကောင်းသွားခဲ့တာလည်းဖြစ်ပါတယ်။ ဒီနေ့ပွဲမှာအတ္တလန္တာတို့ ဘောလုံးပိုင်ဆိုင်မှု ၆၄ ရာခိုင်နှုန်းအထိရှိခဲ့ပြီးဂိုးပေါက် ခြိမ်းခြောက်မှုလည်း ၁၉ ကြိမ် အထိပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်းဂိုးပေါက် ခြိမ်းခြောက်မှု ၉ ကြိမ်သာပြုလုပ်နိုင်ပြီးဂိုးပေါက် တည့်မှု ၆ ကြိမ် ကနေသွင်းဂိုး ၃ ဂိုးရခဲ့တဲ့ ဗီလာရီးရဲယ်ကိုအဆုံးသတ်ပိုင်းမှာမယှဉ်နိုင်လို့ အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။ယူရိုပါလိဂ်နဲ့ပဲကံစပ်လွန်းတဲ့ အူနိုင်းအန်မေရီနဲ့ ဗီလာရီးရဲယ်တို့ ဒီတစ်ကြိမ် မှာတော့ ချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ် ကစားခွင့်ရသွားခဲ့ပြီးအတ္တလန္တာကတော့ ၂၀၁၈ ခုနှစ် နောက်ပိုင်းယူရိုပါလိဂ်မှာပြန်ကစားရတော့မှာဖြစ်ပါတယ်။ ဗီလာရီးရဲယ်တို့ အုပ်စုဒုတိယနေရာရခဲ့တာကြောင့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာတစ်ဖက်ကအုပ်စုဗိုလ်ဖြစ်ခဲ့တဲ့ အသင်းတွေနဲ့ ကစားရဖို့ သေချာနေပြီးအခုထက် ပိုပြီးခက်ခဲတဲ့ ပွဲစဉ်တွေရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

 

လာမယ့်ပွဲစဉ်များ

အတ္တလန္တာတို့ လာမယ့် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာဟဲလက်စ် ဗီရိုနာနဲ့ စီးရီးအေပွဲစဉ် ဆက်လက် ကစားရဖို့ ရှိနေပြီးဗီလာရီးရဲယ် အဲ့ဒီနေ့မှာပဲရေယိုဗလက်ကာနိုနဲ့ လာလီဂါ ပွဲစဉ် ကစားရမှာဖြစ်ပါတယ်။

 

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်