နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဖိုးတန် နိုင်ပွဲနဲ့ အတူ ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ ဆဲလ်ဘတ် (ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)

ဆဲလ်ဘတ် ၁ – ၀ ဆီဗီလာ

ဆီဗီလာတို့ အဝေးကွင်းမှာ ပုံစံကောင်း ရခဲ့ပေမယ့် အမှားတွေ များခဲ့လို့ ပေးဆပ်မှု ကြီးမားခဲ့ပြီး ရှုံးပွဲနဲ့ အတူ ယူရိုပါလိဂ် ဆင်းကစားရတော့မှာ ဖြစ်ပါတယ်။ အိမ်ကွင်း ပွဲစဉ်တွေ ဆိုရင် အမှတ်ပြည့် ရအောင် ယူတတ်တဲ့ ဆဲလ်ဘတ် ကတော့ ထုံးစံအတိုင်း ကျစ်လျစ်တဲ့ ခံစစ်၊ ထက်မြတ်တဲ့ တန်ပြန် တိုက်စစ်နဲ့အတူ အဖိုးတန် နိုင်ပွဲရသွားခဲ့ပြီး ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၆ ပွဲ ကစားပြီးချိန်မှာ ၁ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၂ ပွဲ ရှုံးနိမ့်ခဲ့တဲ့ ဆီဗီလာ

အုပ်စုတွင်း အထက်အောက် ရပ်တည်နေတဲ့ အသင်းတွေ ဖြစ်လို့ အမှားနည်းတဲ့ အသင်းက နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့တာ မထူးဆန်းပေမယ့် အဘက်ဘက်က အသာရခဲ့တဲ့ ဆီဗီလာတို့ ယူရိုပါလိဂ်ကို ဆင်းကစားရတာ ကတော့ နှမြောစရာ ကောင်းလွန်းပါတယ်။ ဆီဗီလာတို့ အိုကမ်ပို့စ်၊ ဖာနန်ဒို၊ ရာကီတစ်၊ ခွန်ဒီ၊ မွန်တီရယ် တို့နဲ့ လူစုံခဲ့ပြီး ဒီနေ့ပွဲ မှာလည်း ခြေစွမ်းပိုင်းက အကောင်းဆုံး အနေအထားမှာ ရှိခဲ့ပါတယ်။ ၄-၄-၂နဲ့ ပွဲထွက်လာတဲ့ ဆဲလ်ဘတ် ကတော့ အဒီယီမီ၊ အိုကွန်ဖော်၊ အာရွန်ဆန်၊ ကာမာရာ တို့ကို ပွဲထွက် ကစားသမားတွေ အဖြစ် အသုံးပြုလာခဲ့ပါတယ်။ ပွဲစကတည်းက ဆီဗီလာတို့ အိမ်ရှင် အသင်းဘက်ကို တောက်လျောက် ဖိအားပေးနိုင်ခဲ့ပေမယ့် ဂိုးရဖို့တော့ ရုန်းကန်ခဲ့ရပါတယ်။ ဆဲလ်ဘတ် ကတော့ ခံစစ်ကို အတည်ငြိမ်ဆုံး အာရုံစိုက် ကစားပြီး တန်ပြန် တိုက်စစ် ကနေပဲ ဂိုးရဖို့ ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်း တစ်ပိုင်းလုံး ဆီဗီလာ တို့ပဲ ပွဲကို ဦးဆောင်နိုင်ခဲ့သလို အခွင့်အရေး ကောင်း တော်တော်များများ ကိုလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်လည် စတင်ချိန် မှာတော့ ဆဲလ်ဘတ်ရဲ့ ကစားအား တင်လာမှုနဲ့ အတူ ဆီဗီလာတို့ ဖိအားတွေ များလာခဲ့ပါတယ်။ အဲ့နောက် ပွဲကစားချိန် မိနစ် ၅၀ အရောက် မှာတော့ ဆဲလ်ဘတ်တို့ ဦးဆောင်ဂိုး ရသွားခဲ့ပြီး အဒီယီမီရဲ့ ဖန်တီးပေးမှုကို တွဲဖက်တိုက်စစ်မှူး အိုကွန်ဖော်က သွင်းဂိုးအဖြစ် ပြောင်းလဲပေးခဲ့တာ ဖြစ်ပါတယ်။ ဂိုးပေးလိုက်ရပြီးတဲ့နောက် ဆီဗီလာတို့ ချေပဂိုး ပြန်လည် ရရှိဖို့ အတွက် ပိုပြီး အားစိုက်လာခဲ့ပေမယ့် ကွင်းလယ် ကစားသမား ဂျော်ဒန် ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံလိုက်ရတဲ့ အတွက် ဆီဗီလာတို့ ထင်သလောက် အလုပ် မဖြစ်တော့ပါဘူး။ လက်ကျန် ပွဲချိန်တွေမှာ ခံစစ်ကိုပဲ အားပြုကစားခဲ့တဲ့ အိမ်ရှင်ကြောင့် ဆီဗီလာတို့ ထပ်ပြီး ရုန်းကန်ခဲ့ရပါတယ်။ ဘောလုံးပိုင်ဆိုင်မှု ၃၄%-၆၆% အထိ အသာရခဲ့သလို ဂိုးပေါက် ကန်သွင်းမှု ၁၁ ကြိမ် ရှိခဲ့တဲ့ အထိ ဆီဗီလာတို့ အားထုတ်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြိုင်ဘက်ရဲ့ မာကျောတဲ့ ခံစစ်ကို မကျော်ဖြတ်နိုင်ခဲ့တာကြောင့် ၁-၀ ရလဒ်နဲ့ပဲ ဆဲလ်ဘတ်ဂျ်ကို အရှုံးပေးခဲ့ရပြီး ချန်ပီယံလိဂ် ရှုံးထွက်အဆင့်နဲ့ လွဲချော်သွားခဲ့ရပါတယ်။

ပရီးမီးယား လိဂ်
နော်ဝစ်မြို့
မန်ချက်စတာ ယူနိုက်တက်
ဂိုးပေါ် 2.75 @ 1.94
1X2 မန်ချက်စတာ ယူနိုက်တက် @ 1.45
ဂိုးပေါင်း 2-3 @ 1.99
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးသုံးသပ်ချက်

အိမ်ရှင် ဆဲလ်ဘတ်တို့ ခံစစ် ကနေ တိုက်စစ်ကို ကူးပြောင်းတဲ့‌ နေရာမှာ သေသပ်ခဲ့ပြီး အဓိက ကတော့ ဆဲလ်ဘတ် နည်းပြရဲ့ ပွဲကို ချဉ်းကပ်ပုံနဲ့ နည်းစနစ် ဗျူဟာ မှန်ကန်ခဲ့တာကြောင့် အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ဘက်ရဲ့ တိုက်စစ် လမ်းကြောင်းကို နှစ်ဆင့်လောက် အထိ ပိတ်ကစားသွားခဲ့ပြီး လျင်မြန်တဲ့ တန်ပြန် တိုက်စစ် ကနေ လိုအပ်နေတဲ့ သွင်းဂိုးကို အရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆီဗီလာလို တောင်ပံ တိုက်စစ် ထက်မြတ်တဲ့ အသင်းမျိုးကို ဂိုးမပေးပဲ အနိုင်ရခဲ့တာ ကြောင့်လည်း တကူးတကကို အသိအမှတ်ပြု ချီးကျူးရမှာ ဖြစ်ပါတယ်။ ဆီဗီလာ ကတော့ အစောပိုင်း မှာထဲက ဆဲလ်ဘတ် ခံစစ်ကို မကျော်နိုင်ခဲ့တဲ့ အပြင် အဓိက ကွင်းလယ် ကစားသမား ဂျော်ဒန် အထုတ်ခံလိုက်ရတာကြောင့် အဆိုးရွားဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ရှုံးထွက် မတက်ခဲ့ပေမယ့် အစဉ်အလာ ကောင်းတဲ့ ယူရိုပါလိဂ်ကို ဆင်းကစားရမှာ ဖြစ်လို့ ဘာပဲပြောပြော ဆီဗီလာ အတွက် ဖလား တစ်လုံး မျှော်လင့်ချက် ကတော့ ရှင်သန်နေဆဲလို့ပဲ ဆိုရပါမယ်။ ဆဲလ်ဘတ် ကတော့ ရမှတ် ၁၀ မှတ်နဲ့ လိုင်လီရဲ့ နောက် အုပ်စု ဒုတိယနေရာ ကနေ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို ပထမဦးဆုံး အကြိမ် တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

လာမယ့်ပွဲစဉ်များဆဲလ်ဘတ် အနေနဲ့ လာမယ့် လိဂ်ပွဲစဉ်မှာ WSG တီရောလ်ကို အိမ်ကွင်းမှာ လက်ခံ ရင်ဆိုင်ရဖို့ ရှိနေပြီး ဆီဗီလာ ကတော့ ဘီလ်ဘာအိုရဲ့ အိမ်ကွင်းမှာ သွားကစားရဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်