နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဖရက်ဒ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ပဲလေ့စ်ကို အနိုင်ရခဲ့တဲ့ ယူနိုက်တက် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

မန်ချက်စတာယူနိုက်တက် ၁ – ၀ ခရစ္စတယ်ပဲလေ့စ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ခရစ္စတယ်ပဲလေ့စ် တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၁၅) ကတော့ အကြိတ်အနယ် ရှိခဲ့ပြီး ယူနိုက်တက်တို့ ဖရက်ဒ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ယူနိုက်တက်ရဲ့ ခြေစွမ်းက ထင်ထားသလောက် အားရစရာ မရှိခဲ့ပေမယ့် နည်းပြသစ် ရက်ဖ်ရန်းနစ်ခ် အတွက် ကတော့ အဖွင့်လှသွားခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ခရစ္စတယ်ပဲလေ့စ် ကတော့ ကစားပုံ ကောင်းခဲ့ပေမယ့် အဆုံးသတ်ပိုင်း လိုအပ်ချက်တွေနဲ့ အတူ ပရီးမီးယားလိဂ် ၃ ပွဲ ဆက် ရှုံးနိမ့်ခဲ့ပြီး ရမှတ် ၁၆ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၃ နေရာ အထိ ကျဆင်းသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၃ နေရာကို ရောက်ရှိသွားတဲ့ ခရစ္စတယ်ပဲလေ့စ်

နည်းပြသစ် ရက်ဖ် ရန်းနစ်ခ် ပြောင်းလဲ ကိုင်တွယ်ခဲ့တဲ့ ယူနိုက်တက်ကို အပြောင်းအလဲ များစွာနဲ့ မြင်တွေ့ရနိုင်တယ် ဆိုပြီး ကြိုတင် မှန်းဆထားခဲ့ကြပေမယ့် ၄-၂-၃-၁ ကစားကွက်နဲ့ကိုမှ ဝမ်ဘစ်ဆာခါ နေရာမှာ ဒီယေဂို ဒါးလော့တ် ပွဲထွက်လာခဲ့တာ ကလွဲရင် အထွေအထူး အပြောင်းအလဲ မရှိခဲ့တာ တွေ့ရပါတယ်။ ပက်ထရစ် ဗီအဲရာရဲ့ ခရစ္စတယ်ပဲလေ့စ် ကလည်း ထုံးစံ အတိုင်း ၄-၃-၃ ကစားကွက် ကိုပဲ အသုံးပြုခဲ့ပြီး တိုက်စစ်မှာ ဇာဟာ၊ ဘန်တီကီ၊ အာရူး၊ ကွင်းလယ်မှာ ဂယ်လက်ဂါ၊ ကိုယာတေး၊ ရှလက်ပ်၊ ခံစစ်နဲ့ ဂိုးမှာတော့ မစ်ချယ်၊ ဂီဟီ၊ တော်မ်ကင်န်စ်၊ ကလိုင်း၊ ဂိုက်တာ တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။

ယူနိုက်တက်တို့ ဒီနေ့ပွဲမှာ အရင်ပွဲတွေ ကထက် ဖိဖိစီးစီး ကစားလာတာ တွေ့ရပြီး Pressing Game ကစားဟန်နဲ့ အတူ ပြိုင်ဘက်ကို ပွဲချိန်ပြည့် လွှမ်းမိုးထားနိုင်ဖို့ ကြိုးပမ်းခဲ့တာ တွေ့ရပါတယ်။ ပွဲချိန် အစောပိုင်းတွေမှာ ယူနိုက်တက် ဘက်က ခရစ္စတီယာနိုရော်နယ်ဒို၊ ဘရူနို ဖာနန်ဒက်စ်၊ ဖရက်ဒ်၊ အဲလက်စ်တဲလက်စ် တို့ရဲ့ ကန်ချက် တချို့ ကောင်းမွန်ခဲ့ပေမယ့် ပဲလေ့စ် နောက်တန်းနဲ့ ဂိုးသမား ဂိုက်တာတို့ရဲ့ ပိတ်ဆို့ ကာကွယ်မှုတွေကြောင့် သွင်းဂိုးတွေ အဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ ဒါ့အပြင် တောင်ပံက ဂျေဒန် ဆန်ချိုနဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ် အပြင် ကွင်းလယ်က ဖာနန်ဒက်စ်လည်း တိုက်စစ်က ရော်နယ်ဒို ဆီကို ထိရောက်တဲ့ ပံ့ပိုးမှုတွေ ပြုလုပ်နိုင်ခြင်း မရှိခဲ့လို့ စောစောစီးစီး ဂိုးရမယ့် အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ ဧည့်သည် ခရစ္စတယ်ပဲလေ့စ် ကတော့ ဇာဟာ၊ အာရူး၊ ဘန်တီကီ တို့ရဲ့ လျင်မြန်မှုနဲ့ အတူ တန်ပြန်တိုက်စစ် ကနေ ဂိုးရဖို့ ကြိုးပမ်းခဲ့ပေမယ့် ထိရောက်တဲ့ ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခြင်း မရှိခဲ့ပါဘူး။

ဒုတိယပိုင်း မိနစ် ၆၀ အကျော် မှာတော့ ဂျေဒန် ဆန်ချို အစား မေဆင်ဂရင်းဝုဒ်၊ ရက်ရှ်ဖို့ဒ် အစား အီလန်ဂါ ဝင်ရောက်လာခဲ့ပြီး ယူနိုက်တက်တို့ ကစားပုံ ပိုကောင်းလာခဲ့သလို တိုက်စစ် ကလည်း ဂိုးပေါက် ခြိမ်းခြောက်မှုတွေ ပိုမို ပြုလုပ်လာနိုင်ခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ် ကလည်း မထင်မှတ်တဲ့ အနေအထား ကနေ ဂိုးရဖို့ ကြိုးပမ်းမှုတွေ ရှိခဲ့ပြီး ၇၄ မိနစ်မှာ အာရူးရဲ့ ထောင့်ဖြတ် ကန်ချက် ဂိုးတိုင်ဘေးက ကပ်ပြီး ထွက်သွားခဲ့လို့ ယူနိုက်တက်တို့ ကံကောင်းခဲ့ရတာ ဖြစ်ပါတယ်။ ပွဲချိန် ၇၇ မိနစ်မှာ ယူနိုက်တက်တို့ အခု ပွဲရဲ့ တစ်လုံးတည်းသော အနိုင်ဂိုး ရရှိသွားခဲ့ပြီး နောက်ပိုင်း ပွဲစဉ်တွေမှာ တောက်လျောက် ခြေစွမ်းပြနေတဲ့ ဖရက်ဒ်က ဧရိယာထိပ်ကနေ အဝေးကန်ချက်နဲ့ လှလှပပ ကန်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေ မှာတော့ ယူနိုက်တက်တို့ သွင်းဂိုးတွေ ထပ်ရဖို့ထက် အနိုင်ဂိုး ကိုပဲ ထိန်းကစားသွားခဲ့လို့ ၁-၀ ရလဒ်နဲ့ပဲ ပြီးဆုံးသွားခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ အနိုင် ၃ မှတ်နဲ့ အတူ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ပရီးမီးယား လိဂ်
ချဲလ်ဆီး
လိဒ် ယူနိုက်တက်
ဂိုးပေါ် 3.00 @ 2.02
1X2 သရေ (Draw) @ 5.20
ဂိုးပေါင်း 2-3 @ 2.09
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးသုံးသပ်ချက်

ယူနိုက်တက်တို့ ခြေစွမ်းပိုင်းမှာ လိုအပ်ချက်တွေ ရှိနေသေးတယ် ဆိုပေမယ့် အသင်းလိုက် ကစားပုံ အပိုင်းမှာ တိုးတက်မှုတွေ ရှိခဲ့တာ တွေ့ရပါတယ်။ ပြိုင်ဘက်ကို Pressing game ကစားပေမယ့် တစ်ဦးချင်းထက် အသင်းလိုက် ကစားဟန်ကို ဦးစားပေး ကစားလာခဲ့ပြီး ဂိုးများများ ရဖို့ထက် အနိုင်ဂိုး ကိုပဲ ထိန်းကစားလာတာ တွေ့ရပါတယ်။ ခံစစ်ကို ကျစ်ကျစ်လျစ်လျစ် တည်ဆောက်လာနိုင်တာကြောင့်လည်း ပေးဂိုး မရှိ နိုင်ပွဲ တစ်ပွဲ ပိုင်ဆိုင်ခဲ့တယ်လို့ ဆိုရပါမယ်။ ကစားသမားတွေရဲ့ ယုံကြည်မှု အပိုင်းမှာ တိုးတက်လာခဲ့ပေမယ့် တောင်ပံ ကစားသမား ရက်ရှ်ဖို့ဒ် ပုံမှန်ခြေစွမ်း မရတဲ့ ပြသနာ ကတော့ ရှိနေဆဲ ဖြစ်ပါတယ်။ နည်းပြသစ် ရန်းနစ်ခ် ကတော့ ယူနိုက်တက်ဟာ မျှော်လင့်ထားတာထက် ပိုပြီး ကောင်းနေတယ်လို့ ပြောကြားသွားခဲ့ပြီး ပွဲတစ်ပွဲမှာ အရေးပါတဲ့ Clean Sheet ရခဲ့လို့လည်း ကျေနပ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ် ကတော့ ကစားပုံ ကောင်းခဲ့ပေမယ့် အဆုံးသတ်ပိုင်း လိုအပ်ချက်တွေနဲ့ အတူ ပရီးမီးယားလိဂ် ၃ ပွဲ ဆက် ရှုံးနိမ့်ခဲ့ပြီး ရမှတ် ၁၆ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၃ နေရာ အထိ ကျဆင်းသွားခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

မန်ချက်စတာယူနိုက်တက် အနေနဲ့ လာမယ့် ဒီဇင်ဘာလ ၉ ရက်နေ့မှာ ယန်းဘွိုင်းစ်နဲ့ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ် ကစားဖို့ ရှိပြီး ခရစ္စတယ်ပဲလေ့စ် ကတော့ ၁၂ ရက်နေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် (၁၆) အဖြစ် အဲဗာတန်နဲ့ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်