နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အနိုင်ရလဒ် အတွက် အားစိုက်လာမယ့် နာပိုလီ ကိုပဲ မျှော်လင့်ထားချင်တယ် | ဆက်ဆူအိုလို – နာပိုလီ (စီးရီးအေ ပွဲကြိုသုံးသပ်ချက်)

ဆက်ဆူအိုလို – နာပိုလီ

စီးရီးအေ အမှတ်ပေးဇယား ရပ်တည်မှု အရ အဆင့်ကွာဟချက် မြင့်မားတယ် ဆိုပေမယ့် ဆက်ဆူအိုလိုရဲ့ ခြေစွမ်းက အသင်းကြီးတိုင်းကို အခက်တွေ့စေတတ်တဲ့ ခြေစွမ်းပါ။ အဆင့် ၁ နေရာက နာပိုလီ အနေနဲ့ ရလဒ်ကောင်းတွေ ရနေတယ် ဆိုပေမယ့် ဆက်ဆူအိုလို အိမ်ကွင်းမှာ ရုန်းကန်ရနိုင်ပါတယ်။ အသင်းကြီးတွေကို အနိုင်ရအောင် ကစားထားနိုင်ခဲ့တဲ့ ဆက်ဆူအိုလိုနဲ့ နာပိုလီတို့ရဲ့ ပွဲက ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲတစ်ပွဲ ဖြစ်လာမှာ သေချာပါတယ်။

ဒီရာသီရဲ့ စီးရီးအေ ပွဲစဉ်မှာ ထင်သလောက် ရလဒ် မကောင်းသေးပေမယ့် ဆက်ဆူအိုလိုကို လျှော့တွက်လို့တော့ မရပါဘူး။ အင်တာမီလန်၊ အတ္တလန္တာ၊ ရိုးမားတို့ကို ကပ်ပြီး အရေးနိမ့်ထားခဲ့ပေမယ့် ဂျူဗင်တပ်စ်၊ အေစီမီလန်တို့ကို အနိုင်ရထားခဲ့တာပါ။ ပြီးခဲ့တဲ့ပွဲမှာတင် အေစီမီလန် အသင်းကို ပူပူနွေးနွေး အနိုင် ရရှိထားခဲ့တဲ့ အတွက် ယုံကြည်မှုပိုင်း အကောင်းဆုံး ရှိနေပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲနိုင်၊ ၂ ပွဲရှုံး၊ ၁ ပွဲသရေ ရလဒ် ရရှိထားပြီး ပွဲတိုင်း သွင်းဂိုး ရရှိထားခဲ့တဲ့ အသင်းပါ။ တိုက်စစ်က ၁၀ ဂိုးသွင်းပြီး ခံစစ်က ၉ ဂိုး ပြန်ပေးထားရတဲ့ အခြေအနေက ခံစစ်ထက် တိုက်စစ်ကို ပိုပြီး အသားပေး ကစားတဲ့ ပုံစံလို့ ပြောလို့ရပါတယ်။ ၁၄ ပွဲကစားပြီးချိန်မှာ သွင်းဂိုး ၂၂ ဂိုးရရှိထားတဲ့ အခြေအနေက ထိပ်သီး အသင်းတွေဖြစ်တဲ့ ဂျူဗင်တပ်စ်၊ ဖီအိုရင်တီးနားတို့ထက်တောင် သွင်းဂိုး များနေခဲ့တာပါ။ လာမယ့် ပွဲစဉ်အတွက် ဒဏ်ရာပြဿနာအချို့ ရှိနေတာကိုတော့ ထည့်တွက်ရဖို့ ရှိနေပါတယ်။ ဂိုဒါနီဂါ၊ ဂျူရီဆစ်၊ ရိုမက်ဂျ်နာ၊ ဘိုဂါတို့ မပါဝင်နိုင်ပေမယ့် ကျန်ကစားသမားတွေအားလုံး ကြံ့ခိုင်မှုအပြည့် ရှိနေပါတယ်။ ၄-၃-၃၊ ၃-၄-၂-၁ တွေကို အသုံးပြုလေ့ရှိတဲ့ ကစားကွက်မှာ ရက်စ်ပါဒိုရီ၊ ဘာရာဒီ၊ ဟင်းနရစ်၊ လိုပက်စ်၊ ဖာရာရီတို့ ပါဝင်လာဖို့ ရှိနေပါတယ်။

ပရီးမီးယား လိဂ်
မန်ချက်စတာ ယူနိုက်တက်
အာဆင်နယ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

လာဇီယိုကို အနိုင်ကစားပြီး စီးရီးအေ အမှတ်ပေးဇယား အဆင့် ၁ နေရာကို ဆက်ပြီး သိမ်းပိုက်ထားနိုင်ခဲ့တဲ့ နာပိုလီရဲ့ စွမ်းဆောင်မှုက ထိပ်တန်းအဆင့်မှာ ရှိနေပါတယ်။ အင်တာမီလန်နဲ့ စပါးတပ်မော်စကိုတို့ကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ပထမဦးဆုံး နိုင်ပွဲ ပြန်ရခဲ့တဲ့ အတွက် ယုံကြည်မှုပိုင်း အကောင်းဆုံး ရှိနေခဲ့တာပါ။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲရှုံး ၂ ပွဲနိုင် ၁ ပွဲသရေ ရလဒ် ရရှိထားခဲ့တာလည်း ဖြစ်ပါတယ်။နောက်ဆုံး ၂ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီးတဲ့နောက် လာဇီယိုကို ဂိုးပြတ် အနိုင်ယူပြီး ချန်ပီယံဆုအတွက် စပြီး သက်သေပြခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ တိုက်စစ်က ၁၂ ဂိုးသွင်းပြီး ခံစစ်က ၇ ဂိုး ပြန်ပေးထားရတဲ့ အခြေအနေ ကတော့ လိုအပ်ချက် အနည်းငယ်လို့ ဆိုရမှာပါ။ အထူးသဖြင့် ဒီကာလက နာပိုလီရဲ့ ချန်ပီယံ အိပ်မက်အတွက် အဆုံးအဖြတ်ပေးမယ့် ကာလတစ်ခု ဖြစ်နေပါတယ်။ လာဇီယိုကို နိုင်ပြီးတဲ့နောက် ဆက်ဆူအိုလို၊ အတ္တလန္တာနဲ့ ယူရိုပါလိဂ်မှာ လက်စတာတို့ကို ဆက်တိုက် ယှဉ်ပြိုင်ကစားရဖို့ ရှိနေတာပါ။ ဒီမာတန်စ် ပြန်ပြီး ပါဝင်ကစားနိုင်ခြင်း နဲ့အတူ အင်ဆက်ဂ်နီ၊ ဇီလင်းစကီး၊ ဖေဘီယန်၊ ကာလူဘယ်လီ၊ ဒီလော်ရန်ဇိုတို့ ပွဲထွက်လူစာရင်းမှာ ပါဝင်လာဖို့ များပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

လာဇီယိုကို အနိုင်ကစားပြီး စီးရီးအေ အမှတ်ပေးဇယား အဆင့် ၁ နေရာကို ဆက်ပြီး သိမ်းပိုက်ထားနိုင်ခဲ့တဲ့ နာပိုလီရဲ့ စွမ်းဆောင်မှုက ထိပ်တန်းအဆင့်မှာ ရှိနေပါတယ်။
စီးရီးအေ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ နာပိုလီ

ထိပ်တိုက်တွေ့ဆုံမှု ၁၇ ကြိမ်မှာ ဆက်ဆူအိုလိုက ၂ ကြိမ်နိုင်၊ နာပိုလီက ၉ ကြိမ်နိုင်၊ ၆ ကြိမ်သရေ ကျထားခဲ့ပါတယ်။ အစဉ်အလာအရ အပြတ်အသတ် အသာရထားတဲ့ နာပိုလီ အနေနဲ့ ပြီးခဲ့တဲ့ရာသီ ဆက်ဆူအိုလို အိမ်ကွင်းမှာ သွားကစားခဲ့စဉ် ကတော့ ၃-၃ သရေရလဒ်သာ ရရှိထားခဲ့တာပါ။


လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဆက်ဆူအိုလို – နာပိုလီအချိန်ပြည့် 1X2 ဧည့်သည် @ 3.70
ဒီဇင်ဘာလ ၂ ရက်၊ မနက် ၂:၁၅ နာရီ (GMT+ ၆:၃၀

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်း အတွက် ၃.၇၀ ဆ၊ သရေအတွက် ၃.၇၅ ဆ၊ ဧည်သည့်အသင်း အတွက် ၁.၈၈ ဆ ကြေးဖွင့်ထားပါတယ်။ ဆက်ဆူအိုလိုရဲ့ လက်ရှိခြေစွမ်းက လျှော့တွက်လို့ မရပါဘူး။အဝေးကွင်းမှာတောင် အေစီမီလန်ကို အနိုင်ကစားထားတဲ့ အတွက် နာပိုလီတို့ ရုန်းကန်ရနိုင်ပါတယ်။ အဆင့် ၂ အသင်းနဲ့ ပွဲအပြီး အဆင့် ၁ အသင်းကို ထပ်ပြီး ရင်ဆိုင်ရတဲ့ အိမ်ရှင်အတွက်လည်း ဖိအားရှိနေပါတယ်။ ဆက်ဆူအိုလို အနေနဲ့ ခံစစ်ထက် တိုက်စစ်ကို ပိုပြီး အသားပေးတတ်ပါတယ်။ အဲ့ဒီ အခြေအနေက နာပိုလီရဲ့ တိုက်စစ်ကို ပွဲချိန်ပြည့် တောင့်ခံနိုင်ပါ့မလား ဆိုပြီး မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ အပြန်အလှန် သွင်းဂိုးတွေ  နဲ့အတူ သွင်းဂိုး အများဘက်ကို သေချာပေါက် ဦးတည်ပါလိမ့်မယ်။ ရွေးချယ်မှု တစ်ခုအဖြစ် နာပိုလီနဲ့ပဲ ခပ်ပါးပါးလေး အရဲစွန့်ချင်ပါတယ်။


ခန့်မှန်းရလဒ် (၁-၃)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်