နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အခွင့်အရေး ဖြုန်းတီးမှုနဲ့ ပေါ့ဆမှု တွေကြောင့် ယူနိုက်တက်ကို အမှတ်ခွဲပေးခဲ့ရတဲ့ ချဲလ်ဆီး (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

ချဲလ်ဆီး ၁-၁ မန်ချက်စတာယူနိုက်တက

စူပါဆန်းဒေး ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ထိပ်တိုက်တွေ့ဆုံမှု အဖြစ် ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး တစ်ဖက် ၁ ဂိုးစီ သရေ ရလဒ်နဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ အိမ်ရှင် ချဲလ်ဆီးတို့ ယူနိုက်တက်ကို အဘက်ဘက်က အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် ကစားသမားတချို့ရဲ့ အခွင့်အရေး ဖြုန်းတီးမှုနဲ့ ပေါ့ဆမှု တွေကြောင့် အမှတ်လျော့ခဲ့ရတာ ဖြစ်ပါတယ်။ ခြေစွမ်း မကောင်းခဲ့သည့် တိုင်အောင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ချဲလ်ဆီးရဲ့ စတန်းဖို့ဘရစ်ချ် ကနေမှ သရေ ၁ မှတ် ရခဲ့လို့ တန်တယ်လို့ပဲ ဆိုချင်ပါတယ်။

အိုလီနဲ့ လမ်းခွဲပြီးနောက် ယာယီ နည်းပြ မိုက်ကယ် ကာရစ် ကိုင်တွယ်နေတဲ့ ယူနိုက်တက်တို့ ဗီလာရီးရဲယ်နဲ့ ချန်ပီယံလိဂ် ပွဲတုန်းက လူစာရင်းကို အပြောင်းအလဲ လုပ်လာခဲ့ပြီး အဓိက တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုလည်း အရန် လူစာရင်း မှာပဲ ပါဝင်ခဲ့ပါတယ်။ ခံစစ်နဲ့ ကွင်းလယ် အားနည်းချက်တွေကို ဖြေရှင်းဖို့ ၄-၃-၁-၂ကို ပြောင်းလဲ အသုံးပြုလာခဲ့ပြီး ဗဟိုခံစစ်မှာ ဘိုင်ယီ-လင်ဒီအော့ဖ်၊ ကွင်းလယ် ခံစစ် ၃ ဦး အဖြစ် မာတစ်၊ ဖရက်ဒ်နဲ့ မက်တော်မီနေးတို့  ပွဲထွက်လာခဲ့ ပါတယ်။ ကွင်းလယ် တိုက်စစ် နေရာ မှာတော့ ဘရူနို ဖာနန်ဒက်စ်နဲ့ အထောင် တိုက်စစ်မှူး ၂ ဦး အဖြစ် ရက်ရှ်ဖို့ဒ်နဲ့ ဂျေဒန် ဆန်ချိုကို တွဲဖက် ကစားစေခဲ့ပါတယ်။ ချဲလ်ဆီး ကတော့ သွင်းဂိုးတွေ ရဖို့ ကိုပဲ အဓိက ဦးတည်လာခဲ့ပြီး ခံစစ် မှာတောင် ချာလိုဘာ့၊ ဆေးလ်ဗားနဲ့ ရူဒီဂါတို့ ၃ ဦးပဲ ထားခဲ့တာ ဖြစ်ပါတယ်။ ဘယ်/ညာ တောင်ပံ နှစ်ဖက်က မားကို့စ် အလွန်ဆိုနဲ့ ရီဆီ ဂျိမ်းစ် တို့ကို နောက်တန်း ပြန်မဆင်းခိုင်းခဲ့သလို ဇီယက်ချ်၊ ဟက်ဒ်ဆန် အိုဒွိုင်း၊ တီမိုဗာနာ တို့နဲ့ ချိတ်ဆက် ကစားဖို့နဲ့ ကန်တင် ပေးပို့မှုတွေ ပြုလုပ်ဖို့ ကိုပဲ အာရုံစိုက်စေခဲ့ပါတယ်။ တူခယ် အနေနဲ့ ရှေ့တန်းအထိ တက်ပြီး ဂိုးသွင်းနေတဲ့ သူ့အသင်း ခံစစ် ကစားသမားတွေကို  အပြည့်အဝ ယုံကြည်ထားပုံ ပေါ်ပါတယ်။

ကြိုတင် ခန့်မှန်းထားတဲ့ အတိုင်း ပွဲအစ မှာထဲက ယူနိုက်တက်တို့ အိမ်ရှင် ချဲလ်ဆီးရဲ့ လျင်မြန်တဲ့ ထိုးဖောက်မှု တွေကို အတတ်နိုင်ဆုံး တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းချုပ်ဖို့ ကြိုးစားခဲ့ရပါတယ်။ ချဲလ်ဆီးတို့ ကွင်းတစ်ဝက် တက်ပြီး ဖိအားပေးထားနိုင်ပေမယ့် ကာရစ်ရဲ့ ကွင်းလယ် အဖျက် ၃ ဦး ထားခဲ့တဲ့ ကာရစ်ရဲ့ ဗျူဟာက အလုပ်ဖြစ်ခဲ့လို့ ဂိုးရဖို့ တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။ ဒါးဗစ် ဒက်ဟဲယားရဲ့ လက်စွမ်းပြမှု အပြင် တီမိုဗာနာနဲ့ အိုဒွိုင်း တို့ရဲ့ ဖြုန်းတီးမှုတွေကြောင့် ယူနိုက်တက်တို့ ကံကောင်းခဲ့ပြီး ပထမပိုင်း အပြီးမှာ ဂိုးမရှိ သရေကျနေခဲ့ပါတယ်။

ခြေစွမ်း မကောင်းခဲ့သည့် တိုင်အောင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ချဲလ်ဆီးရဲ့ စတန်းဖို့ဘရစ်ချ် ကနေမှ သရေ ၁ မှတ်ရခဲ့လို့ တန်တယ်လို့ပဲ ဆိုချင်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

ဒုတိယပိုင်း ပြန်လည် စတင်ချိန် မှာလည်း အိမ်ရှင် တို့ပဲ ပွဲကို ဆက်ပြီး ထိန်းချုပ် ကစားဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒီအချိန် မှာတော့ တိုက်စစ် အကျွံ လိုက်ပါမှုရဲ့ ဆိုးကျိုး အဖြစ် မထင်မှတ်တဲ့ အနေအထား ကနေ ယူနိုက်တက်ကို ဦးဆောင်ဂိုးကို ခွင့်ပြုပေးလိုက်ရပါတယ်။ ဂျော်ဂျင်ဟိုရဲ့ ပေါ့ဆမှု ကနေ မထင်မှတ်ပဲ ရတဲ့ အခွင့်အရေးကို ဆန်ချိုက အကောင်းဆုံး အသုံးချနိုင်ခဲ့တာ ဖြစ်ပါတယ်။ မန်ဒီနဲ့ တစ်ဦးချင်း ‌အတွေ့မှာ ဆုံးဖြတ်ချက် မှန်မှန်နဲ့ အတည်ငြိမ်ဆုံး ကျော်ဖြတ်နိုင်ခဲ့တာကို ကြည့်ခြင်းအားဖြင့် ဆန်ချိုကို အရင်လို ယုံကြည်မှု အပြည့်နဲ့ ကစားတတ်တဲ့ ပုံစံကောင်း တစ်ခုနဲ့ ပြန်လည် မြင်တွေ့နေရဖို့ ရှိနေပါတယ်။ ဦးဆောင်ဂိုး ပေးလိုက်ရပြီး နောက်ပိုင်း ချဲလ်ဆီးတို့ ကစားအား ပိုတင်လာခဲ့သလို ယူနိုက်တက် ဘက်ကလည်း ဆန်ချို နေရာမှာ ရော်နယ်ဒိုကို ဝင်ရောက် ကစားစေပြီး တန်ပြန် တိုက်စစ် ကနေ ဂိုးထပ်ရဖို့ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးရဲ့ တစ်သင်းလုံး တက်ပြီး မနားတမ်း ဖိအားပေးမှု တွေကြောင့် နဂိုထဲကမှ မတည်ငြိမ်တဲ့ ယူနိုက်တက် ခံစစ်က အမှားတွေ စပြီး လုပ်လာခဲ့ပါတယ်။

ပွဲချိန် ၆၉ မိနစ် မှာတော့ ဘစ်ဆာခါ အနေနဲ့ ဂိုးဧရိယာထဲမှာ ချဲလ်ဆီး နောက်ခံလူ သီယာဂို ဆေးလ်ဗားကို ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့တယ် ဆိုပြီး ကွင်းလယ်ဒိုင်က ပင်နယ်တီ ပြစ်ဒဏ်ဘော သတ်မှတ်ပေးခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သတ်လို့ ပွဲပြီးတဲ့ အထိ နှစ်ဖက် အမြင် ကွဲပြားမှုတွေ ရှိနေဆဲ ဖြစ်ပြီး နာမည်ကြီး ဘောလုံး သုံးသပ်သူတွေတောင် အကြိတ်အနယ် ငြင်းခုံခဲ့ကြတာ တွေ့ရပါတယ်။ တချို့က ဝမ်ဘစ်ဆာခါ အနေနဲ့ ရည်ရွယ်ချက် ရှိရှိ ဖျက်ထုတ်ခဲ့တာ မဟုတ်ဘူးလို့ လက်ခံကြလို့ လုံးဝ ခွင့်မပြုသင့်ဘူးလို့ လက်ခံကြပြီး တချို့ကတော့ ရည်ရွယ် မပါသည့် တိုင်အောင် ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့တာကြောင့် ကွင်းလယ်ဒိုင် အန်သိုနီ တေလာရဲ့ ဆုံးဖြတ်ချက် မှန်ကန်တယ် ဆိုပြီး လက်ခံ‌နေကြတာ ဖြစ်ပါတယ်။

ဘယ်သူတွေ ဘယ်လိုပဲ ငြင်းခုန်နေပါစေ။ ပင်နယ်တီ ကိုတော့ ပုံမှန်ကန်နေကျ ဂျော်ဂျင်ဟို ကပဲ အမှားအယွင်း မရှိ ဝင်အောင် ကန်သွင်းခဲ့လို့ ချဲလ်ဆီးတို့ ချေပဂိုး ရရှိခဲ့ပါတယ်။ ဂျော်ဂျင်ဟို အနေနဲ့ သူ့ရဲ့ ပေါ့ဆမှု ကနေ ဂိုးပေးခဲ့ရလို့ မကျေမနပ် ဖြစ်နေတဲ့ အသင်း ပရိသတ်တွေကို ပင်နယ်တီ ဝင်အောင်ကန်ပြီး ပြန်ချော့နိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး ၁၅ ဂိုးမှာ ၁၃ ဂိုးဟာ ပင်နယ်တီ ကနေ ရရှိခဲ့တာ ဖြစ်ပြီး ပြိုင်ပွဲ သမိုင်းတစ်လျှောက် ပင်နယ်တီ ဝင်အောင် ကန်သွင်းနိုင်မှု ရာခိုင်နှုန်း အများဆုံး ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ လက်ကျန် မိနစ်တွေမှာ ယူနိုက်တက်တို့ အပိုင်အခွင့်အရေး တစ်ကြိမ် ထပ်ရခဲ့ပေမယ့် ဖရက်ဒ်က ဖြုန်းတီးပစ်ခဲ့သလို ချဲလ်ဆီး ဘက်ကလည်း တီမိုဗာနာ၊ လူကာကူနဲ့ ရူဒီဂါ တို့ရဲ့ အဆုံးသတ် အားနည်းချက်တွေကြောင့် နှစ်သင်းလုံး သွင်းဂိုး ထပ်မရပဲ ပွဲအပြီးမှာ ၁-၁ ရလဒ်နဲ့ သရေ ၁ မှတ်စီ ခွဲယူသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက

အပေါ်မှာ တော်တော်များများ ပြောခဲ့ပြီးပါပြီ။ ပွဲပြီး အချက်အလက်တွေ အရ ဆိုရင်ပဲ ဂိုးပေါက် ခြိမ်းခြောက်မှု ၂၄ ကြိမ် ပြုလုပ်ပြီး သွင်းဂိုး ၁ ဂိုးပဲ ရခဲ့တဲ့ ချဲလ်ဆီး အတွက် မတန်ပေမယ့် ချဲလ်ဆီး ဂိုးဧရိယာထဲမှာ ၇ ကြိမ်သာ ဘောလုံး ထိခွင့်ရခဲ့သလို ဂိုးပေါက် ခြိမ်းခြောက်မှု ၃ ကြိမ် ကနေ ၁ ဂိုး ရခဲ့တဲ့ ယူနိုက်တက် အတွက် ကတော့ သရေ ၁ မှတ်က တန်တယ်လို့ ပြောလို့ ရပါတယ်။ ဆန်ချို ပုံမှန်ခြေစွမ်း ပြန်ရလာတာက ယူနိုက်တက် အတွက် သတင်းကောင်း တစ်ခု ဖြစ်ပြီး ခံစစ် ကစားပုံက တော့ အရင်လောက် မဆိုးတော့ပေမယ့် လိုအပ်ချက်တွေ ရှိနေဆဲ ဖြစ်ပါတယ်။ ချဲလ်ဆီး ကတော့ သိပ်ပြီး ဝေဖန်စရာ မရှိပေမယ့် တီမိုဗာနာနဲ့ လူကာကူ တို့ရဲ့ အဆုံးသတ် ညံ့ဖျင်းနေမှု ဘယ်လို ပုံစံနဲ့ ဖြေရှင်းမလဲ ဆိုတာ တူခယ် အနေနဲ့ စဉ်းစားဖို့တော့ လိုအပ်နေခဲ့ပါပြီ။


လာမယ့် ပွဲစဉ်များ

ချဲလ်ဆီးတို့ အခုလာမယ့် ကြားရက်မှာ ဝက်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ ရှိနေသလို ယူနိုက်တက် ကတော့ အာဆင်နယ်နဲ့ နောက်ထပ် ပွဲကြပ်တစ်ပွဲ ကစားရဦးမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်