နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အာမီးနီးယားရဲ့ တန်းဆင်းဇုန် ရုန်းအားကြောင့် အနိုင် ၃ မှတ် ခက်ခက်ခဲခဲ ယူခဲ့ရတဲ့ ဘိုင်ယန်မြုးနစ် (ဘွန်ဒက်စ်လီဂါ ပွဲပြီးသုံးသပ်ချက်)

ဘေယန်မြူးနစ် ၁ – ၀ အာမီးနီးယား ဘီလီဖီးလ်

ဘေယန်မြူးနစ်တို့ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက် ရပ်တည်နိုင်ဖို့ အတွက် ခက်ခဲတဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင်ကစားခဲ့ရတာ ဖြစ်ပါတယ်။ တန်းဆင်းဇုန် ဖိအား ရှိနေတဲ့ အာမီးနီးယား ဘီလီဖီးလ်ရဲ့ ရုန်းအားကို အသိအမှတ် ပြုရမှာ ဖြစ်ပြီး ဘေယန်မြူးနစ်လို အသင်းမျိုးကို အမှားအယွင်း အနည်းဆုံးနဲ့ အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့တာ ကတော့ ချီးကျူးစရာပါပဲ။ ဘေယန်မြူးနစ် ကတော့ လီရွိုင်း ဆာနေးရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အမှတ်ပေးဇယား အဆင့် ၁ နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

နှစ်သင်းလုံး အတွက် အရေးပါတဲ့ ပွဲစဉ် ဖြစ်လို့ အကောင်းဆုံး ပြင်ဆင်လာခဲ့ကြပါတယ်။ ဘေယန်မြူးနစ်တို့ ဘွန်ဒက်စ်လီဂါ အဆင့် ၁ နေရာ အတွက် ဖိအားရှိခဲ့သလို ဘီလီဖီးလ် ကလည်း တန်းဆင်းဇုန် ဖိအားရှိနေခဲ့တာ ဖြစ်ပါတယ်။ ၄-၂-၃-၁ နဲ့ ပွဲထွက်လာခဲ့တဲ့  ဘေယန်မြူးနစ်ရဲ့ တိုက်စစ်မှာ လီဝန်ဒေါစကီး၊ ကိုလ်းမန်း၊ ဆာနေးတို့ ပါဝင်ခဲ့ပြီး ဂိုရက်ဇ်ကာ၊ တိုလစ်ဆို၊ ပါဗက်၊ ဟာနန်ဒက်စ်တို့နဲ့ လူစုံခဲ့ပါတယ်။ ၄-၃-၃ အခြေခံတယ် ဆိုပေမယ့် ဘီလီဖီးလ်ရဲ့ ခံစစ်မှာ ကစားသမား ၇ ယောက်အထိ ရှိနေခဲ့ပါတယ်။ ပွဲအစ ကတည်းက ဖိအားပေး ကစားခဲ့တဲ့ အိမ်ရှင်ကြောင့် ဘီလီဖီးလ်တို့ ခံစစ်မှာပဲ အချိန်ကုန်နေခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေရဲ့ တိုက်စစ်ကို ဘီလီဖီးလ် နောက်တန်း အမှားအယွင်း အနည်းဆုံးနဲ့ ရင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ရောက်မှ ဘိုင်ယန်မြူးနစ်တို့ ပိုပြီး ဖိအားပေးခဲ့ခြင်း နဲ့အတူ ကစားအား အနည်းငယ် ကျလာတဲ့ ဘီလီဖီးလ်တို့ ပိုပြီး ရုန်း ကန်ခဲ့ရပါတယ်။ တရစပ် ဖိအားပေးနေတဲ့ ဘေယန်မြူးနစ်ကို ဂိုးပေါက် ကန်သွင်းမှု ၈ ကြိမ်နဲ့ ပြန်လည် ထိုးဖောက်နိုင်ခဲ့တဲ့ ဘီလီဖီးလ်ရဲ့ စွမ်းဆောင်မှုက အကုန်လို့ ပြောလို့ရပါတယ်။ ပွဲချိန် ၇၁ မိနစ် မှာတော့ ဘေယန်မြူးနစ် ဂိုးစရခဲ့ပြီး အဲ့ဒီဂိုးနဲ့ပဲ အနိုင် ၃ မှတ် ရယူ နိုင်ခဲ့ပါတယ်။ မူလာရဲ့ အလိုက်သင့် ဖန်တီးပေးမှုကို ဆာနေးက ၁၈ ကိုက် စည်းထိပ်ကနေ ဘယ်ခြေနဲ့ အပြင်း ကန်သွင်းပြီး အဖိုးတန် အနိုင်ဂိုး အဖြစ် ပြောင်းလဲပေးခဲ့တာ ဖြစ်ပါတယ်။ ဂိုးရခဲ့ပြီးနောက်ပိုင်း ဂိုးထပ်ရဖို့ ဖိအားပေးခဲ့တဲ့  ဘေယန်မြူးနစ်ကြောင့် ဘီလီဖီးလ် ခံစစ် တော်တော်လေးကို တောင့်ခံခဲ့ရတာပါ။ အခွင့်အရေး ကိုယ်စီ ထပ်ရခဲ့ကြပေမယ့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိလို့  ဘေယန်မြူးနစ်တို့ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ပဲ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။


ပွဲပြီးသုံးသပ်ချက

ဘွန်ဒက်စ်လီဂါ တန်းဆင်းဇုန် အန္တရာယ် ရှိနေတဲ့ ဘီလီဖီးလ်ရဲ့ ရုန်းအားကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၁၇ နေရာမှာ ရပ်တည်နေတဲ့ အာမီးနီးယား ဘီလီဖီးလ်

အရေးပါဆုံး ဖြစ်ခဲ့သလို ဂုဏ်သိက္ခာပိုင်း အရ အရေးပါဆုံးပွဲ ဖြစ်ခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါ တန်းဆင်းဇုန် အန္တရာယ် ရှိနေတဲ့ ဘီလီဖီးလ်ရဲ့ ရုန်းအားကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဘေယန်မြူးနစ် ကတော့ ကစားသမားအင်အား အားသာချက် နဲ့အတူ အဆင့် ၁ နေရာ အတွက် လိုအပ်တဲ့ အမှတ်ကို အရ ယူနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ တိုက်စစ်နဲ့ ခံစစ် အားပြိုင်မှုမှာ ဘီလီဖီးလ်ရဲ့ စွမ်းဆောင်ရည်က ပိုကောင်းခဲ့တာ တွေ့ရတယ်။ အထူးသဖြင့် တန်ပြန် တိုက်စစ်ကိုသာ အားကိုးနေရပေမယ့် ခံစစ်ပိုင်း ကတော့ တော်တော်လေးကို အမှားနည်းခဲ့တာပါ။  ဘေယန်မြူးနစ်လို အသင်းမျိုးရဲ့ ကွင်းမှာ ကမ္ဘာကျော် တိုက်စစ် ကစားသမားတွေကို ထိန်းချုပ်ဖို့ ဆိုတာ မလွယ်ကူခဲ့ပါဘူး။ ဒါပေမယ့် အာမီးနီးယားတို့  ဘေယန်မြူးနစ်တို့ အခက်တွေ့အောင် လုပ်ပြ နိုင်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။


လာမယ့်ပွဲစဉ်များ

ဘေယန်မြူးနစ်တို့ လာမယ့် ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာ ဒေါ့မန်နဲ့ ရင်ဆိုင်ရဖို့ ရှိနေပြီး ဘီလီဖီးလ် ကတော့ အိမ်ကွင်းမှာ ကိုလုံးကို ဧည့်ခံ ကစားရဖို့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်