နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အကျိုးအမြတ်အတွက် ဆိုရင်တော့ ရိုးမားနဲ့ပဲ စွန့်စားသင့် | ရိုးမား – တိုရီနို (စီးရီးအေ ပွဲကြိုသုံးသပ်ချက်)

ရိုးမား- တိုရီနို

ဒီနှစ်သင်းရဲ့ စီးရီးအေအမှတ်ပေးဇယားအဆင့်ရပ်တည်မှုအရသိပ်ကွာဟမှုမရှိပေမယ့် အမှတ်ကွာဟမှုကတော့ ၅မှတ်အထိရှိနေပါတယ်။ရိုးမားရဲ့အိမ်ကွင်းခြေစွမ်းကအားကိုးရလောက်တဲ့အခြေအနေမှာရှိနေသလိုတိုရီနိုရဲ့တိုက်စစ်ကလည်းတည်ငြိမ်နေပါတယ်။ အပြန်အလှန်သွင်းဂိုးတွေမြင်တွေ့ရဖို့ရှိနေပြီးပြိုင်ဆိုင်မှုပြင်းထန်တဲ့ စီးရီးအေပွဲစဉ် ဖြစ်လာနိုင်ပါတယ်။

ရိုးမားရဲ့အခြေအနေကအထိုက်အလျောက်တော့တည်ငြိမ်နေတယ်လို့ ပြောလို့ ရပါတယ်။အိမ်ကွင်းဆိုရင် ကစားပုံပိုကောင်းတတ်ပြီးနောက်ဆုံးကစားခဲ့တဲ့အိမ်ကွင်းပွဲစဉ်မှာလည်းပေးဂိုးမရှိအနိုင်ရထားခဲ့ပါတယ်။ စီးရီးအေအပါအဝင် ပြိုင်ပွဲစုံနောက်ဆုံး ၅ပွဲမှာ ၂ပွဲနိုင်၊ ၂ပွဲရှုံး၊ ၁ပွဲသရေရလဒ်ရရှိထားပြီးနောက်ဆုံး ၂ပွဲဆက်ပေးဂိုးမရှိအနိုင်ရထားတာတွေ့ရပါတယ်။ တိုက်စစ်က ၁၁ဂိုးသွင်းထားပေမယ့် ၇ဂိုးပြန်ပေးထားရတာကိုတော့ သတိပြုရမှာပါ။ ဗက်လီယာ၊ ဗီနာ၊ ကာလာဖိုရီ၊ ခရစ္စတီယန်တီတို့ ဒဏ်ရာပြဿနာရှိနေသလိုဗီရီတော့ကတော့ ပွဲပယ်ပြစ်ဒဏ်ရှိနေပါတယ်။ အသုံးပြနေကျ ၃-၄-၁-၂ ကစားကွက်ကိုပဲဆက်ပြီးအသုံးပြုနိုင်ချေများပါတယ်။ တိုက်စစ်မှာအေဘရာဟင်၊ရှိုမူရိုဒေါ့ဗ်တို့ကိုအထောင်ထားပြီးအမ်ခီတာရန်၊ပယ်လီဂရီနီ၊အယ်လ်ရှာရာဝီ၊မန်စီနီ၊အိုင်ဘာနက်ဇ်တို့ကိုပွဲထွက်လူစာရင်းမှာမြင်တွေ့ရဖို့ရှိနေပါတယ်။အိမ်ကွင်း ၆ပွဲကစားပြီးချိန်မှာ ၄ပွဲနိုင်၊ ၁ပွဲသရေ၊ ၁ပွဲရှုံးရလဒ်ကရိုးမားရဲ့အိမ်ကွင်းခြေစွမ်းကောင်းတယ် ဆိုတာသက်သေတစ်ခုဖြစ်ပါတယ်။

လာလီဂါ
ရီးယဲလ် ဘက်တစ်
လီဗန်တေး
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

 

စီးရီးအေပွဲစဉ် ၁၃ပွဲကစားပြီးချိန်မှာရှုံးပွဲ ၆ပွဲရှိထားတဲ့ တိုရီနိုရဲ့ခြေစွမ်းကတော့အနည်းငယ်တော့မေးခွန်းထုတ်စရာရှိနေပါတယ်။ လက်ရှိရာသီမှာ ၅ပွဲနိုင်၊ ၂ပွဲသရေ၊ ၆ပွဲရှုံးပြီး၁၇ဂိုးသွင်း ၁၃ဂိုးပြန်ပေးထားရတဲ့အခြေအနေကအလယ်အလတ်အဆင့်မှာရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ပြိုင်ပွဲစုံနောက်ဆုံး ၅ပွဲမှာ ၃ပွဲနိုင်၊ ၂ပွဲရှုံးရလဒ်ရရှိထားပြီးတိုက်စစ်က ၈ဂိုးသွင်းထားပြီး ၇ဂိုးပြန်ပေးထားရပါတယ်။ တစ်ခုသတိထားရမှာကတိုရီနိုရဲ့အဝေးကွင်းခြေစွမ်းပါ။ နောက်ဆုံးအဝေးကွင်း၃ပွဲမှာသွင်းဂိုး၁ဂိုးမှရရှိထားခြင်းမရှိသလိုပွဲတိုင်းအရေးနိမ့်ထားခဲ့တာလည်းဖြစ်ပါတယ်။ဒီရာသီအဝေးကွင်း ၆ပွဲမှာ ၁ပွဲသာအနိုင်ရထားပြီး ၁ပွဲသရေ၊ ၄ပွဲရှုံးဆိုတဲ့ရလဒ်ကလိုအပ်ချက်ရှိနေတယ်လို့ဆိုနိုင်ပါတယ်။ အန်ဆယ်လ်ဒီ၊ရိုဒရီဂွက်ဇ်၊မန်ဒရာဂိုရာ၊အီဒါရာ၊ဗာဒီတို့ဒဏ်ရာပြဿနာရှိနေပါတယ်။ ၃-၄-၁-၂ အတိုင်းပဲပွဲထွက်လာနိုင်တဲ့အခြေအနေမှာဘယ်လော့တီ၊ ပိုဘီဂါ၊ ဗေါ့ဂျ်ဗိုဒါ၊ ဆင်ဂို၊ လူကစ်၊ ဘရီမာတို့ကိုပွဲထွက်လူစာရင်းမှာမြင်တွေ့ရဖို့ရှိနေပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ထိပ်တိုက်တွေ့ဆုံမှု ၃၉ ကြိမ်မှာရိုးမားက ၂၄ ကြိမ်နိုင်၊ တိုရီနိုက ၆ ကြိမ်နိုင်ပြီး ၉ ကြိမ် သရေကျထားပါတယ်။အစဉ်အလာအရအပြတ်အသတ်အသာရထားတဲ့ရိုးမားတို့ပြီးခဲ့တဲ့ရာသီကအိမ်ကွင်းတွေ့ဆုံမှုမှာလည်းတိုရီနိုကို ၃-၁ ရလဒ်နဲ့အနိုင်ရထားခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ရိုးမား – တိုရီနို1X2 ရိုးမား @ ၁.၇၁ ဆ
နိုဝင်ဘာ ၂၈ ရက်၊ ည ၁၁:၃၀ နာရီ (GMT+ ၆:၃၀)

1×2 ရဲ့ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက် ၁.၇၁ဆ၊ သရေအတွက် ၃.၇၅ဆ၊ ဧည်သည့်အသင်းအတွက် ၄.၆၀ဆ ကြေးဖွင့်ထားပါတယ်။ စီးရီးအေနောက်ဆုံးပွဲစဉ်တွေမှာနိုင်ပွဲတွေပြန်ရထားတဲ့ အသင်းတွေဖြစ်လို့ ရလဒ်ကောင်းရဖို့ သေချာပေါက်အားစိုက်လာမှာပါ။ ယုံကြည်မှုပိုင်းအကောင်းဆုံးပုံစံရှိနေသလိုခြေစွမ်းပိုင်းအရသိပ်မကွာကြပါဘူး။ ဒါပေမဲ့ တိုရီနိုရဲ့ အဝေးကွင်းခြေစွမ်းကတော့ လိုအပ်ချက်မြင့်မားနေပါတယ်။ ကစားသမားအခြေအနေနဲ့ ပွဲအဖြေပြောင်းလဲနိုင်စွမ်းရှိတဲ့ ကစားသမားအစုအဖွဲ့သိပ်မကွာပေမယ့် ရိုးမားကတော့ နှာတဖျားသာနေတာပါ။ တိုရီနိုရဲ့တိုက်စစ်ကိုအားရပေမယ့် အဝေးကွင်းခြေစွမ်းကိုတော့ သိပ်ပြီးမယုံရဲပါဘူး။ အပြန်အလှန်သွင်းဂိုးရှိလာနိုင်တဲ့အခြေအနေမှာအိမ်ရှင်ရိုးမားနဲ့ပဲရွေးချယ်ရပ်တည်စေချင်ပါတယ်။ ရိုးမားအနိုင်သေချာပါတယ်။
ခန့်မှန်းရလဒ် (၂-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်