နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နော့ဝှစ်ချ်ရဲ့ ရုန်းအားကြောင့် ဝုဗ် နိုင်ရင်တောင် ဂိုးပြတ်နိုင်ချေမရှိဘူး| နော့ဝှစ်ချ်စီးတီး-ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်(ပရီးမီးယားလိဂ်ပွဲကြိုသုံးသပ်ချက်)

နော့ဝှစ်ချ်စီးတီး -ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

နည်းပြသစ်နဲ့အတူပရီးမီးယားလိဂ် တန်းဆင်ဇုန်ထဲကရုန်းထဖို့ ကြိုးစားနေတဲ့‌ နော့ဝှစ်ချ်စီးတီးတို့ အခုတစ်ပတ် မှာတော့ ခြေတက်နေတဲ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်ကိုအိမ်ကွင်းမှာဧည့်ခံကစားရမှာဖြစ်ပါတယ်။လက်ရှိခြေစွမ်းအရဝုဗ်တို့ ပိုသာနေတယ် ဆိုပေမယ့် ထိပ်တိုက်တွေ့ဆုံမှုမှာတော့ အပြန်အလှန် ရှိခဲ့တာကြောင့် ခန့်မှန်းရခက်တဲ့ ပွဲစဉ် တစ်ပွဲဆိုရင်လည်းမမှားပါဘူး။

လာလီဂါ
ဗီလာရီးယဲလ်
ဘာစီလိုနာ
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

 

အက်စတွန်ဗီလာအသင်းရဲ့ နည်းပြဟောင်းဒင်းန်စမစ်ကိုခန့်အပ်အပြီးမှာပဲပရီးမီးယားလိဂ်နိုင်ပွဲဆက်ခဲ့တဲ့ နော့ဝှစ်ချ်စီးတီးတို့ ၃ ပွဲဆက် အနိုင်ရဖို့ မျှော်လင့်လာပါလိမ့်မယ်။ ဘရန့်ဖို့ဒ်ကိုအနိုင်ရတဲ့ ပွဲမှာနော့ဝှစ်ချ်ရဲ့ ပုံစံကောင်းတစ်ခုစတင် မြင်တွေ့ခဲ့ရပြီးဆောက်သမ်တန်နဲ့ ပွဲမှာတော့ နည်းပြသစ်နဲ့ အတူပိုကောင်းပြီးပိုတိုးတက်လာတဲ့ အခြေအနေတွေကိုထပ်မံမြင်တွေ့ခဲ့ရပါတယ်။ အရင်လိုခံစစ်ပဲအားပြုကစားနေတာမဟုတ်တော့ပဲ ၄-၃-၃ ကစားကွက် နဲ့ကိုမှ High Pressing ဆော့လာခဲ့ပြီးနော့ဝှစ်ချ်တို့ အရင်ထက် တိုက်စစ်အားပိုကောင်းလာခဲ့သလိုသွင်းဂိုးတွေလည်း မျှော်လင့်လာနိုင်ခဲ့တာဖြစ်ပါတယ်။ပရီးမီးယားလိဂ်မှာကစားဖို့ မထိုက်တန်ဘူးဆိုတဲ့ ဝေဖန်မှုတွေကိုရပ်တန့်ဖို့ တစ်သင်းလုံးစိတ်ဓာတ် ခွန်အားအပြည့်နဲ့ ကစားနေတာကြောင့် ပြိုင်ဘက်တိုင်း လျှော့တွက်လို့ မရတဲ့ အခြေအနေကိုရောက်လာပြီလို့ ပြောလို့ ရပါတယ်။ အခုပွဲမှာလည်းစီနီယာတွေဖြစ်တဲ့ ပွတ်ကီ၊ ဟန်လီ၊ ဂစ်ဘ်ဆင် တို့ရဲ့ ဦးဆောင်မှုနဲ့ အတူ လူငယ် ကစားသမားတွေဖြစ်တဲ့ အာရွန်စ်၊ ဘရန်ဒန် ဝီလီယမ်စ်၊ ဂေးလ်မော၊ ကန့်တ်ဝဲလ်၊ ရာရှီကာတို့ ဘယ်လောက်အထိရုန်းအားကောင်းနိုင်ဦးမလဲဆိုတာစောင့်ကြည့်ရပါမယ်။

အက်စတွန်ဗီလာအသင်းရဲ့နည်းပြဟောင်းဒင်းန်စမစ်ကိုခန့်အပ်အပြီးမှာပဲပရီးမီးယားလိဂ်နိုင်ပွဲဆက်ခဲ့တဲ့နော့ဝှစ်ချ်စီးတီးတို့၃ပွဲဆက်အနိုင်ရဖို့မျှော်လင့်လာပါလိမ့်မယ်။
ပရီးမီယားလိဂ် အမှတ်ပေးဇယားအဆင့် ၁၉ နေရာမှာရပ်တည်နေတဲ့ နော့ဝှစ်ချ်စီးတီး

ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာမထင်မှတ်ပဲရှုံးနိမ့်ခဲ့ပေမယ့် ဝက်စ်ဟမ်းကိုပြန်လည် အနိုင်ယူပြီးအကောင်းဆုံးစုဖွဲ့မှုနဲ့ ခြေစွမ်းကိုပိုင်ဆိုင်ထားဆဲဖြစ်ကြောင်းသက်သေပြထားခဲ့ပါတယ်။ဝက်စ်ဟမ်းကိုအနိုင်ရပြီးနောက် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၆ နေရာအထိပြန်လည် တက်လှမ်းထားနိုင်ခဲ့တဲ့ ဝုဗ်တို့ လက်ရှိအဆင့် ရပ်တည်မှုကိုဆက်လက် ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းလာမှာသေချာပါတယ်။ လက်ရှိအသင်းရဲ့ လူစာရင်းအရဆိုရင်လည်းနော့ဝှစ်ချ်တို့ ခြေစွမ်းဘယ်လောက်ပဲတိုးတက်နေပါစေဘရူနိုလာဂါရဲ့ အသင်းကအနိုင်ရဖို့ မခက်ပါဘူး။ ဒဏ်ရာရလူစာရင်းမှာတော့ မော့စ်ကီယာ၊ ပက်ဒရိုနီတို၊ ဂျွန်နီ၊ ဗျူနိုတို့ ပါဝင်နေဆဲဖြစ်လို့အခုပွဲကိုတော့ ကျိန်းသေပေါက် လွဲချော်ဖို့ ရှိနေပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု ၅ ကြိမ် မှာတော့ ဝုဗ်တို့ ၃ ကြိမ်အထိအနိုင်ရပြီးနော့ဝှစ်ချ်ကတော့ ၁ ကြိမ်ပဲပြန်ပြီးအနိုင်ရထားခဲ့ပါတယ်။ ၂၀၁၉-၂၀၂၀ ပရီးမီးယားလိဂ်မှာနောက်ဆုံးတွေ့ဆုံယှဉ်ပြိုင် ကစားထားခဲ့ပြီးနှစ်ကျော့စလုံးမှာဝုဗ်က ၁-၂၊ ၃-၀ ရလဒ်တွေနဲ့ အနိုင်ရထားခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
နော့ဝှစ်ချ်စီးတီး – ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် 1X2 ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် @ ၂.၁၇ ဆ
နိုဝင်ဘာလ၂၇ ရက်, ည ၉:၃၀နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက် ၃.၄၅ ဆ၊ ဧည့်သည် အတွက် ၃.၁၅ ဆ၊ သရေအတွက် ၂.၁၇ ဆ ကြေးဖွင့်ပေးထားပါတယ်။ နော့ဝှစ်ချ်စီးတီးရဲ့ တိုးတက်လာတဲ့ ခြေစွမ်းကြောင့် ဝုဗ်တို့ ခက်ခက်ခဲခဲကစားရဦးမှာပါ။ ဒါပေမယ့် ကစားသမားစုဖွဲ့မှုအရဝုဗ်ကိုနော့ဝှစ်ချ်တို့ ပွဲချိန်ပြည့် ယှဉ်ကစားဖို့ မဖြစ်နိုင်ပါဘူး။ နှစ်သင်းလုံးဂိုးသွင်းနိုင်တဲ့ အခြေအနေမှာရှိပါတယ်။ ဒါပေမယ့် ဂိုးပေါင်းထက် အနိုင်အရှုံးကိုရွေးချယ်တာကပိုပြီးစိတ်ချရနိုင်လို့ ဝုဗ် ဘက်မှာပဲအရဲစွန့် ရပ်တည်ချင်ပါတယ်။
ခန့်မှန်းရလဒ်(၁-၂)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်