နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လက်ရှိ ချန်ပီယံ ချဲလ်ဆီးကို ဂိုးပြတ် အရှုံးပေးခဲ့ရတဲ့ ဂျူဗင်တပ်စ် | (ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)

ချဲလ်ဆီး ၄ – ၀ ဂျူဗင်တပ်စ

မနေ့ညက ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ ဂျူဗင်တပ်စ်တို့ ချန်ပီယံလိဂ် ပွဲစဉ် ကတော့ ပြတ်သားတဲ့ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဒဏ်ရာ ပြဿနာ ကိုယ်စီ ရင်ဆိုင်နေတဲ့ အသင်းတွေ ဖြစ်လို့ အဓိက တိုက်စစ်မှူးတွေ မပါဝင်နိုင်ပေမယ့် ဂိုးများတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ချဲလ်ဆီး အတွက်ကတော့ ပထမအကျော့ ရှုံးကြွေးကို အိမ်ကွင်းမှာ ဂိုးပြတ်သွင်းပြီး ပြန်လည် ချေပခဲ့တယ်လို့ပဲ ဆိုရမှာပါ။ ရှုံးပွဲ ကြုံတွေ့ခဲ့တဲ့ ဂျူဗင်တပ်စ် ကတော့ ချန်ပီယံလိဂ် အုပ်စု (H)ရဲ့ ဒုတိယနေရာ နဲ့ပဲ နောက်တစ်ဆင့် တက်ရောက်ခွင့် ရမယ့်အခြေအနေ ဖြစ်လာပါတယ်။


ပွဲစဉ်အကျဉ်း

လီဂူး၀မ်း
Lille
နန်တက်
1X2 သရေ @ 3.60
ဂိုးအောက် 2.25 @ 2.19
ပထမပိုင်း ဂိုးပေါ် 2.75 @ 2.31
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

သက်ဆိုင်ရာ ပြည်တွင်းလိဂ်တွေရဲ့ ထိပ်တန်း အသင်းတွေပီပီ လက်ရှိ ချန်ပီယံလိဂ် အုပ်စုတွင်းမှာလည်း ရလဒ်ကောင်းတွေ ရရှိနေတဲ့ အသင်းတွေပါ။ ဒါပေမဲ့ ဒဏ်ရာပြဿနာတွေ ရှိနေလို့ နှစ်သင်းလုံးရဲ့ အဓိက တိုက်စစ် ကစားသမားတွေ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။ အိမ်ရှင် ချဲလ်ဆီး အနေနဲ့ လူကာကူ၊ တီမိုဗာနာတို့ မပါဝင်နိုင်တဲ့ တိုက်စစ်ကို False 9 ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပူလီဆစ်၊ ဇိုင်းယက်စ်၊ အော့ဒွိုင်း၊ ကန်တီ၊ ဂျော်ဂျင်ဟို၊ ဘန်ချီဝဲလ်၊ ရီဆီဂျိမ်းစ်တို့နဲ့ လူစုံခဲ့တာပါ။ ဂျူဗင်တပ်စ် ကတော့ ဒိုင်ဘာလာ မပါဝင်တဲ့ အခြေအနေမှာ မိုရာတာနဲ့ ချီယေဇာကို တိုက်စစ်အတွက် တွဲသုံးခဲ့ရပါတယ်။ ၄-၄-၂ အခြေခံမှာ လိုကာတယ်လီ၊ ရာဘီယော့၊ ဘန်တန်တူအာ၊ ကွာဒရာဒို၊ ဒီ လစ်ဂျ်တို့ ပါဝင်လာခဲ့ပါတယ်။ ပွဲအစပိုင်း ကတည်းက အိမ်ကွင်းအားသာချက်နဲ့ ဖိကစားခဲ့တဲ့ ချဲလ်ဆီးကြောင့် ဂျူဗင်တပ်စ်တို့ ရုန်းကန်ခဲ့ရပါတယ်။ အထနှေးနေတဲ့ ဂျူဗင်တပ်စ်ရဲ့ ကစားပုံကြောင့် ချဲလ်ဆီးတို့ ဖိအား ပိုပေးနိုင်ခဲ့တယ် လို့လည်းဆိုနိုင်ပါတယ်။ အပြန်အလှန် တိုက်စစ်ဆင်မှုတွေ နဲ့အတူ ဂိုးရလုနီးပါး အခြေအနေတွေ ကိုယ်စီ ပိုင်ဆိုင်ခဲ့ပေမယ့် တကယ်တမ်း ဂိုးရသွားတာက ချဲလ်ဆီး ဖြစ်နေပါတယ်။ ထောင့်ကန်ဘောကနေ ရရှိခဲ့တဲ့ အခွင့်အရေးကို ချာလိုဘတ်က ဂိုးသမားနဲ့ အနီးကတ်နေရာ ကနေ ပိတ်သွင်းခဲ့တာပါ။ ဂိုးပေးလိုက်ရပြီး နောက်ပိုင်းမှာလည်း ဂျူဗင်တပ်စ်ရဲ့ ကစားပုံက ချဲလ်ဆီးဘက်ကို ထင်သလောက် ဖိအားမပေးနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်း မှာတော့ ဂျူဗင်တပ်စ် တိုက်စစ်ကစားပုံ အနည်းငယ် ပြောင်းလဲလာခဲ့ပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးကပဲ ဂိုးထပ်ရသွားခဲ့ပါတယ်။ နောက်ခံလူ ရီဆီဂျိမ်းစ်က သွင်းယူနေကြ ပုံစံအတိုင်း ၁၈ ကိုက်စည်း အတွင်း ထောင့်ဖြတ် အနေအထားနဲ့ အပြင်းကန်သွင်းခဲ့တာပါ။ ဆက်တိုက်ဆိုသလို ဒုတိယဂိုးရပြီး ၃ မိနစ်အကြာ ၅၈ မိနစ်မှာ အော့ဒွိုင်းစ်က ချဲလ်ဆီး အတွက် တတိယမြောက် ဦးဆောင်ဂိုး ရယူ ပေးခဲ့ပြီးတဲ့နောက် ဂျူဗင်တပ်စ်တို့ အပြောင်းအလဲတွေ စပြီး ပြုလုပ်ရပါတော့တယ်။ ကြံ့ခိုင်မှု လိုအပ်ချက် ရှိနေသေးပေမယ့် ဒိုင်ဘာလာကို လူစား လဲခဲ့သလို အာသာ၊ မွိုက်စ်ကိန်းတို့ကို ထည့်သွင်းပြီး တိုက်စစ် မြှင့်တင်ခဲ့ပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးကလည်း အက်စ္စပီလီကွယ်တာ၊ တီမိုဗာနာ၊ မေဆန်မောင့်၊ ဆောနီဂွက်ဇ် တို့ကို ထည့်သွင်းပြီး အနိုင်ရလဒ်ကို ထိန်းဖို့ အားစိုက်လာခဲ့ပါတယ်။ ကစားသမား အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပေမယ့် ဂျူဗင်တပ်စ်တို့ ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ပွဲပြီးခါနီးမှာ တီမိုဗာနာက စတုထ္ထမြောက် ဂိုးကို ရယူ ပေးခဲ့ပြီးတဲ့နောက် ဂျူဗင်တပ်စ်ရဲ့ အရှုံးက ပြတ်သားသွားခဲ့တာလည်း ဖြစ်ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ရှုံးပွဲ ကြုံတွေ့ခဲ့တဲ့ ဂျူဗင်တပ်စ် ကတော့ ချန်ပီယံလိဂ် အုပ်စု (H)ရဲ့ ဒုတိယနေရာ နဲ့ပဲ နောက်တစ်ဆင့် တက်ရောက်ခွင့် ရမယ့်အခြေအနေ ဖြစ်လာပါတယ်။
ရှုံးပွဲ ကြုံခဲ့ပေမယ့် ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်တဲ့ ဂျူဗင်တပ်စ်

ချဲလ်ဆီး အတွက်ကတော့ လိုအပ်တဲ့ ချန်ပီယံလိဂ် အနိုင်ရလဒ်ကို အိမ်ကွင်းမှာ ရယူနိုင်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။ ရှုံးပွဲ ကြုံတွေ့ခဲ့တဲ့ ဂျူဗင်တပ်စ် အနေနဲ့ နောက်တန်း အမှားများခဲ့သလို ကွင်းလယ်ပိုင်းကလည်း လိုအပ်ချက် များခဲ့ပါတယ်။ အထူးသဖြင့် ကန်တီ၊ ဂျော်ဂျင်ဟိုရဲ့ ကွင်းလယ်ကို ထိန်းချုပ်ဖို့ ခက်ခဲခဲ့သလို ရီဆီဂျိမ်းစ်၊ ဘန်ချီးဝဲလ်တို့ရဲ့ တောင်ပံနှစ်ဖက်ကို မထိန်းနိုင်ခဲ့တာပါ။ တိုက်စစ်မှူး စစ်စစ် မပါဝင်တဲ့ အချိန်မှာ သွင်းဂိုး ၃ ဂိုး ရယူနိုင်ခဲ့တဲ့ ချဲလ်ဆီး အတွက် တီမိုဗာနာရဲ့ နောက်ကျဂိုးက လက်ဆောင်ကောင်းလို့ ပြောလို့ရပါတယ်။ အသင်းဟောင်းကို ပြန်လည် ရင်ဆိုင်ခဲ့တဲ့ မိုရာတာ အတွက် ဂိုးရလုနီးပါး အခွင့်အရေးကို သီယာဂိုဆေးဗားလ် ဖျက်ထုတ် နိုင်ခဲ့တာကလည်း အလှည့်အပြောင်း တစ်ခုလို့ ဆိုရမှာပါ။ အဆုံးသတ် မှာတော့ နေရာစုံကနေ ဂိုးသွင်းနိုင်မှုနဲ့ ပွဲအဖြေ ပြောင်းလဲနိုင်တဲ့ ကစားသမား စုဖွဲ့မှုပိုင်း အသာရခဲ့တဲ့ ချဲလ်ဆီး တို့ပဲ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ချဲလ်ဆီး အနေနဲ့ လာမယ့် ၂၈ ရက်နေ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက် အသင်းကို အိမ်ကွင်းမှာ လက်ခံ ကစားရဖို့ ရှိနေပြီး ဂျူဗင်တပ်စ် ကတော့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ အတ္တလန္တာ ဧည့်ခံ ကစားရဖို့ ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်