နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရော်နယ်ဒို၊ ဆန်ချို တို့ရဲ့ သွင်းဂိုးတွေနဲ့ ရှုံးထွက်တက်သွားတဲ့ ယူနိုက်တက် (ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်)

ဗီလာရီးရဲယ် ၀-၂ မန်ချက်စတာယူနိုက်တက်

ဗီလာရီးရဲယ်နဲ့ မန်ချက်စတာယူနိုက်တက် တို့ရဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၅ မှာတော့ စပိန်မြေမှာ လာရောက် ကစားခဲ့တဲ့ ယူနိုက်တက်တို့ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ဂျေဒန် ဆန်ချိုရဲ့ ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ပထမအကျော့ အိုးထရက်ဖို့ဒ်မှာ ရော်နယ်ဒိုရဲ့ နောက်ကျဂိုးနဲ့ အနိုင်ရထားခဲ့တဲ့ ယူနိုက်တက်တို့ ဗီလာရီးရဲယ် အိမ်ကွင်းမှာ ထပ်မံ အနိုင်ရခဲ့ခြင်းနဲ့ အတူ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ ယာယီနည်းပြ မိုက်ကယ်ကာရစ်ရဲ့ ယူနိုက်တက် အသင်းက နည်းပြဟောင်း ဆိုးလ်ရှား အသုံးပြုနေကျ ၄-၃-၂-၁ ကစားကွက်နဲ့ပဲ ပွဲထွက်လာခဲ့ပြီး ဖာနန်ဒက်စ် နေရာမှာ ဗန်ဒီဘိခ်၊ တောင်ပံနှစ်ဖက်မှာ မာစီရယ်နဲ့ ဂျေဒန် ဆန်ချိုတို့ ပါဝင်လာတာက လွဲရင် အပြောင်းအလဲ သိပ်မရှိခဲ့ပါဘူး။ အူနိုင်းအန်မေရီရဲ့ ဗီလာရီးရဲယ် ကတော့ ၄-၄-၂ ကစားကွက်ကို အသုံးပြုခဲ့ပြီး တိုက်စစ်မှာ ထရစ်ဂဲယော့စ်၊ ဒန်ဂျူးမား၊ ကွင်းလယ်မှာ ပီနို၊ ကာပူး၊ ပယ်ရီဟို၊ ဂိုမက်ဇ်၊ နောက်တန်းမှာ ဖွိုက်၊ အဲလ်ဘီယို၊ ပါအူ တောရက်စ်၊ အက်စ်တူပီယန်၊ ဂိုးမှာတော့ ရူလီပဲ ပါဝင်လာခဲ့ပါတယ်။

ဘန်ဒက် လီဂါ
ဝုဖ်ဘတ်
ဒေါ့မွန်
1X2 သရေ @ 3.20
ဂိုးအောက် 2.50 @ 2.16
ဂိုးပေါင်း 4-6 @ 3.05
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဗီလာရီးရဲယ် ကတော့ ပထမ အကျော့ ရှုံးကြွေးကို လက်စားချေဖို့ အတွက် အိမ်ကွင်း အားသာချက်ကို အပြည့်အဝ အသုံးချပြီး ပွဲအစတည်းက ယူနိုက်တက် နောက်တန်းကို တရစပ် ထိုးဖောက်ဖို့ ကြိုးပမ်းလာခဲ့ပါတယ်။ ယူနိုက်တက် နောက်တန်းက ဟယ်ရီ မက်ဂွိုင်းယား ပုံမှန် ခြေစွမ်း မရခဲ့ပေမယ့် ဗစ်တာ လင်ဒီလော့ဖ်နဲ့ အာရွန်ဝမ်ဘစ်ဆာခါတို့ ပုံစံကောင်း ရနေတာ အပြင် ဂိုးသမား ဒါးဗစ် ဒက်ဟဲယားရဲ့ ကာကွယ်မှု တချို့ကြောင့် အိမ်ရှင်တို့ ဂိုးရဖို့ ခက်ခဲခဲ့ပါတယ်။ ဒန်ဂျူးမားနဲ့ ထရစ်ဂဲယော့စ် တို့ရဲ့ အပိုင်အခွင့်အရေး ဖြန်းတီးမှုတွေကြောင့်လည်း ယူနိုက်တက်တို့ ဂိုးပေးရမယ့် အခြေအနေတွေ ကနေ သက်သာရာ ရခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ ၀-၀ ရလဒ်နဲ့ ပထမပိုင်း ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်း မှာတော့ မိုက်ကယ် ကာရစ် အနေနဲ့ ပြောင်းလဲမှု တချို့ စတင် ပြုလုပ်လာခဲ့ပါတယ်။ ဗန်ဒီဘိခ် အစား ဘရူနို ဖာနန်ဒက်စ်၊ မာစီရယ် အစား မားကပ်စ် ရက်ရှ်ဖို့ဒ် တို့ ဝင်ရောက်လာခဲ့တဲ့ အချိန်မှာ ယူနိုက်တက် တောင်ပံက တော်တော်လေး သွက်သွားခဲ့ပြီး အိမ်ရှင် ဗီလာရီးရဲယ် နောက်တန်းကို ပြန်လည် ခြိမ်းခြောက်လာနိုင်ခဲ့ပါတယ်။ ပွဲချိန် ၇၈ မိနစ် မှာတော့ ဗီလာရီးရဲယ် နောက်တန်းနဲ့ ဂိုးသမားရဲ့ အမှားကနေ တစ်ဆင့် ခရစ္စတီယာနို ရော်နယ်ဒိုက ဦးဆောင်ဂိုးကို ပါးပါးနပ်နပ် သွင်းယူပေးခဲ့လို့ ယူနိုက်တက်တို့ ၁-၀ နဲ့ စတင် ဦးဆောင်နိုင်ခဲ့ပါတယ်။ ချေပဂိုး ရရှိဖို့ အားစိုက်လာတဲ့ ဗီလာရီးရဲယ်တို့ အမှားတွေ ဆက်တိုက် ပြုလုပ်လာခဲ့ပြီး တိုက်စစ် အလွံအကျွံ လိုက်ပါ ကစားမှုတွေက ဧည့်သည် အသင်းရဲ့ ဒုတိယ ဦးဆောင်ဂိုးကို ခွင့်ပြုရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဒါကြောင့်ပဲ ပွဲကစားချိန် မိနစ် ၉၀ မှာ ဖာနန်ဒက်စ်ရဲ့ ပေးပို့မှု ကနေ ဂျေဒန် ဆန်ချိုက အပြင်းကန်သွင်းပေးခဲ့လို့ ယူနိုက်တက်တို့ ဒုတိယဂိုး ရရှိသွားခဲ့ပါတယ်။ လက်ကျန် မိနစ်တွေ မှာတော့ မာတာနဲ့ မာတစ်တို့ ဝင်ရောက်လာပြီး အနိုင်ရလဒ်ကို ထိန်းသွားခဲ့လို့ ၂-၀ ရလဒ်နဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက

ဗီလာရီးရဲယ် ကတော့ ချန်ပီယံလိဂ် ရှုံးပွဲ တွေ့ခဲ့ပေမယ့် တစ်ဖက်က အတ္တလန္တာ-ယန်းဘွိုင်းစ် ပွဲရဲ့ သရေရလဒ်ကြောင့် ကံကောင်းသွားခဲ့ပြီး အုပ်စု အဆင့် ၂ နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။
ချန်ပီယံလိဂ် အုပ်စု (F)ရဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ ဗီလာရီးရဲယ်

ဒီနေ့ပွဲမှာ ယူနိုက်တက်ရဲ့ ပထမပိုင်း ကစားပုံ တော်တော်လေး ဆိုးရွားခဲ့ပေမယ့် ဒုတိယပိုင်း မှာတော့ အကောင်းဆုံး ပြန်လာနိုင်ခဲ့တယ် လို့ပဲ ဆိုရပါမယ်။ ဖာနန်ဒက်စ်နဲ့ ရက်ရှ်ဖို့ဒ်ကို လူစားလဲ ဝင်ကစားခိုင်းခဲ့တဲ့ မိုက်ကယ်ကာရစ်ရဲ့ ဆုံးဖြတ်ချက် မှန်ကန်ခဲ့ပြီး ရက်ရှ်ဖို့ဒ်၊ ဆန်ချို တောင်ပံနှစ်ဖက်ရဲ့ အတိုးအလှုပ်တွေက ဗီလာရီးရဲယ် နောက်တန်းကို အလုပ်ရှုပ်စေခဲ့တဲ့ အပြင် အမှားတွေလည်း ကျူးလွန်မိစေခဲ့တာ တွေ့ရပါတယ်။ ရော်နယ်ဒို ကတော့ ချန်ပီယံလိဂ် ၅ ပွဲဆက် ဂိုးသွင်းနိုင်ခြင်းနဲ့ အတူ ဘရူနို ဖာနန်ဒက်စ် ကလည်း ၅ ပွဲဆက် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ တာဝန်ကျေတာ ထက် ပိုခဲ့ပြီး ယူနိုက်တက် အတွက် မရှိ မဖြစ် ကစားသမားတွေ ဖြစ်ကြောင်း ပြသခဲ့သလို သွင်းဂိုး ၁ ဂိုး ရယူပေးခဲ့တဲ့ ဂျေဒန် ဆန်ချို အနေနဲ့လည်း ယူနိုက်တက် ဂျာဆီနဲ့ ထိုက်တန်ကြောင်း သက်သေပြသွားခဲ့တယ်လို့ပဲ မြင်ပါတယ်။ ဘာပဲပြောပြော ယူနိုက်တက် အနေနဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၅ ပွဲ ကစားပြီးချိန်မှာ ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံး ရမှတ် ၁၀ မှတ်နဲ့ ရှုံးထွက်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဗီလာရီးရဲယ် ကတော့ ချန်ပီယံလိဂ် ရှုံးပွဲ တွေ့ခဲ့ပေမယ့် တစ်ဖက်က အတ္တလန္တာ-ယန်းဘွိုင်းစ် ပွဲရဲ့ သရေရလဒ်ကြောင့် ကံကောင်းသွားခဲ့ပြီး အုပ်စု အဆင့် ၂ နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။


လာမယ့် ပွဲစဉ်များ

ဗီလာရီးရဲယ်တို့ လာမယ့် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ဘာစီလိုနာနဲ့ လာလီဂါ ပွဲစဉ် ကစားဖို့ ရှိနေပြီး ယူနိုက်တက် ကတော့ ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ် ပွဲကြပ် ကစားရဦးမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်