နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရမှတ် လိုအပ်ချက် အတွက် အကြိတ်အနယ် ကစားကြမယ့် ဘရုဂျက်နဲ့ လိုက်ပ်ဇစ် | ကလပ် ဘရုဂျက် – လိုက်ပ်ဇစ် (ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်)

ကလပ် ဘရုဂျက် – လိုက်ပ်ဇစ်

မနက်ဖြန် ညမှာ ကစားမယ့် ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်တွေ ထဲက ကလပ် ဘရုဂျက်နဲ့ လိုက်ပ်ဇစ် ပွဲကလည်း မထင်မှတ်ပဲ အကြိတ်အနယ် ရှိလာဦးမှာ သေချာပါတယ်။ ချန်ပီယံလိဂ် အုပ်စု (A)ရဲ့ အဆင့် ၃နဲ့ ၄ နေရာမှာ ရပ်တည်နေတဲ့ အသင်း နှစ်သင်းရဲ့ တွေ့ဆုံမှု ဖြစ်ပြီး ဘရုဂျက် အနေနဲ့ ရှုံးထွက် တက်ရေး မျှော်လင့်ချက် လက်ကျန် ခပ်ရေးရေး ကျန်နေသေးသလို လိုက်ပ်ဇစ် ကလည်း ယူရိုပါလိဂ် ကစားခွင့် ရဖို့ အနိုင် ၃ မှတ် မဖြစ်မနေ လိုအပ်နေတဲ့ အသင်း ဖြစ်နေတာကြောင့် စိတ်ဝင်စားစရာ ပွဲတစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။

ချန်ပီယံလိဂ် အဖွင့် ပွဲစဉ် ၂ ပွဲဆက် ရလဒ်ကောင်းခဲ့ပြီး ရမှတ် ၄ မှတ် အထိ ရှာဖွေနိုင်ခဲ့တဲ့ ဘရုဂျက်တို့ ပွဲစဉ် ၃နဲ့ ၄ မှာတော့ မန်ချက်စတာစီးတီးကို နှစ်ကျော့လုံး ဂိုးပြတ် အရေးနိမ့်ခဲ့လို့ အဆင့် ၃ နေရာ အထိ ဆင်းပေးထားရတာ ဖြစ်ပါတယ်။ ဘရုဂျက်တို့ လက်ရှိ အဆင့် ၂ နေရာက ပီအက်စ်ဂျီနဲ့ ၄ မှတ် ကွာဟနေပြီး လက်ကျန် ၂ ပွဲမှာသာ ရလဒ်ကောင်းခဲ့ရင် ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကို မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆင့် ၃ နေရာ ကိုပဲ အရယူပြီး ယူရိုပါလိဂ် ဆင်းကစားဖို့ ရည်ရွယ်တာက ပိုပြီး လက်တွေ့ကျတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ဘယ်လိုပဲ ပြောပြော ဒီအချိန်မှာ မဖြစ်မနေ ရမှတ် ရှာဖွေနိုင်ဖို့ လိုအပ်တာကြောင့် ဘရုဂျက်တို့ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာဖို့ များနေပြီး ပထမ အကျော့ ကလိုပဲ ခြေစွမ်း မတည်ငြိမ်တဲ့ လိုက်ပ်ဇစ်ကို ဘယ်ဂျီယံမြေမှာ ထပ်မံ အနိုင်ယူဖို့ ကြိုးပမ်းလာပါလိမ့်မယ်။ ဆန်ဒရာ၊ ဗန်ဒါဘရမ့်ပ်၊ ပရိုဗီဒန့်စ် တို့ကတော့ ကိုဗစ် ၁၉နဲ့ ဒဏ်ရာပြသနာတွေကြောင့် လွဲချော်မှာ ဖြစ်ပေမယ့် ဖြစ်နိုင်ဖွယ် လူစားရင်း အရ ဗနာကန်၊ အဲလ်ဗာရက်ဇ်၊ ရစ်တ်၊ လန်းဂ်၊ မာတာ၊ ဟန်ဒရီ၊ အန်ဆိုကီ၊ ဆိုဘိုလ်၊ ဒီ ကတ်တယ်လာရီ၊ မစ်ဂ်နိုလတ်တို့နဲ့ ပွဲထွက်လာဖို့ များနေပါတယ်။

ဂျက်ဆီမက်ရှ်ရဲ့ အသင်းဟာ အခုနှစ် ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၄ ပွဲ ကစားပြီးချိန် အထိ နိုင်ပွဲ တစ်ပွဲမှ မရသေးပဲ အုပ်စု အောက်ဆုံး နေရာမှာ မျှော်လင့်ချက်မဲ့ သလောက် ရှိနေတဲ့ အသင်း ဖြစ်ပါတယ်။
ချန်ပီယံလိဂ် အုပ်စု (A)ရဲ့ အုပ်စု အောက်ဆုံး နေရာမှာ ရပ်တည်နေတဲ့ လိုက်ပ်ဇစ်

လိုက်ပ်ဇစ် ကတော့ ဂျူလီယန် နေဂဲလ်စ်မန်း ထွက်ခွာသွားတဲ့နောက် ချန်ပီယံလိဂ် ရှုံးထွက် အဆင့် တက်လှမ်းခွင့် ဆုံးရှုံးခဲ့ရပြီလို့ ဆိုနိုင်ပြီး ယူရိုပါလိဂ် ဆင်းပြီး ကစားခွင့်ရဖို့ ဆိုရင်လည်း ဒီပွဲ မဖြစ်မနေ အနိုင် ၃ မှတ် ရဖို့ လိုအပ်နေခဲ့ပါပြီ။ ဂျက်ဆီမက်ရှ်ရဲ့ အသင်းဟာ အခုနှစ် ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၄ ပွဲ ကစားပြီးချိန် အထိ နိုင်ပွဲ တစ်ပွဲမှ မရသေးပဲ အုပ်စု အောက်ဆုံး နေရာမှာ မျှော်လင့်ချက်မဲ့ သလောက် ရှိနေတဲ့ အသင်း ဖြစ်ပါတယ်။ တစ်ချက်ရှိတာက လိုက်ပ်ဇစ်တို့ ရလဒ်တွေ ဆိုးခဲ့ပေမယ့် ခြေစွမ်းပိုင်း အရတော့ မန်ချက်စတာစီးတီးနဲ့ ပီအက်စ်ဂျီ တို့ကို တော်တော်လေး ခက်ခဲစေခဲ့တာ တွေ့ရပါတယ်။ ဘရုဂျက်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တယ် ဆိုတာလည်း အဆုံးသတ်ပိုင်း လိုအပ်ချက်တွေ ရှိခဲ့တာနဲ့ နောက်ခံ ကစားသမား တချို့ရဲ့ ပေါ့ဆမှု တွေကြောင့်လို့ ပြောလို့ ရပြီး လိုက်ပ်ဇ်တို့ ထပ်ပြီး မမှားဖို့ သတိထားမှ ရပါလိမ့်မယ်။ ခရစ္စတိုဖာ အန်ကွန်ကူ တစ်ယောက် ချန်ပီယံလိဂ်မှာ ခြေစွမ်းပြနေပြီး ၄ ပွဲမှာ ၅ ဂိုး အထိ သွင်းယူထားနိုင်တာကြောင့် အခုပွဲရဲ့ စောင့်ကြည့်ရမယ့် ကစားသမား အဖြစ် သတ်မှတ်ထားချင်ပါတယ်။ ဒါပေမယ့် ဒန်နီ အော်လ်မို၊ ဆဘိုလာအီ၊ ဟဲလ်စတန်ဘက်ဂျ်၊ ဆာရာချီ၊ ယူဆက်ဖ် ပိုလ်ဆင်၊ တိုင်လာ အက်ဒမ်စ်၊ ဟိုင်ဒရာ တို့ အားလုံး ဒဏ်ရာပြသနာ အသီးသီး ရှိနေလို့ စုဖွဲ့မှု အပိုင်းမှာတော့ သိသိသာသာ အားနည်းနိုင်ချေ ရှိပါတယ်။ 


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

သမိုင်းတစ်လျှောက် ထိပ်တိုက်တွေ့ဆုံမှု တစ်ကြိမ်သာ ရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ပထမအကျော့ အဖြစ် ပြီးခဲ့တဲ့ စက်တင်ဘာလက လိုက်ပ်ဇစ် အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီပွဲ မှာတော့ လိုက်ပ်ဇစ်တို့ အန်ကွန်ကူရဲ့ အစောပိုင်း သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဗနာကန်နဲ့ ရစ်တ်တို့ရဲ့ ချေပဂိုး တွေကို ဆက်တိုက် ခွင့်ပြုပေးခဲ့ရပြီး ၁-၂ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။


ကလပ် ဘရုဂျက် – လိုက်ပ်ဇစ်

??
ကလပ် ဘရုဂျက် – လိုက်ပ်ဇစ်အချိန်ပြည့် ဂိုးပေါ် ၃.၀၀ @ ၂.၀၁ ဆ
နိုဝင်ဘာလ ၂၅ ရက် , ည ၂:၃၀ နာရီ (GMT + ၆:၃၀)

1X2 မှာတော့ အိမ်ရှင် အတွက် ၃.၁၅ ဆ၊ ဧည့်သည် အတွက် ၂.၁၄ ဆနဲ့ သရေ အတွက် ၃.၅၀ ဆ ကြေးဖွင့် ပေးထားပါတယ်။ လိုက်ပ်ဇစ်တို့ ရမှတ် လိုအပ်ချက် အတွက် အားစိုက်လာနိုင်ပေမယ့် ဒဏ်ရာရ ကစားသမားတွေ များနေတဲ့ အတွက် မျှော်လင့်ထားသလို ဖြစ်လာနိုင်ပါ့မလား ဆိုတာ သံသယ ဖြစ်စရာ ရှိပါတယ်။ တစ်ဖက်က ပြန်ကြည့်ရင်လည်း ပီအက်စ်ဂျီနဲ့ ပွဲမှာ လိုက်ပ်ဇစ်တို့ တော်တော်လေး ရုန်းပြခဲ့တဲ့ အခြေအနေ ကလည်း ရှိနေပါတယ်။ ဒါကြောင့် နှစ်သင်းပေါင်း သွင်းဂိုး ၃ ဂိုးနဲ့ အထက်ကိုပဲ ရွေးချယ်တာက စိတ်အချရဆုံး ဖြစ်မယ် ထင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်