နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဝေးကွင်း ၅ ပွဲမြောက် အနိုင်ရလဒ် နဲ့အတူ အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နိုင်ခဲ့တဲ့ ချဲလ်ဆီး ( ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

လက်စတာစီးတီး ဝ – ၃ ချဲလ်ဆီး

အခုတစ်ပတ် ပရီးမီးယားလိဂ် တိုက်စစ် ကစားသမား စစ်စစ် ပါဝင်ခြင်း မရှိပေမယ့် အဖိုးတန် သွင်းဂိုးတွေ နဲ့အတူ ချဲလ်ဆီးတို့ နိုင်ပွဲတစ်ပွဲ ထပ်ရခဲ့ပြန်ပါပြီ။ ပြိုင်ဘက် လက်စတာအသင်းရဲ့ အကောင်းဆုံး တုံ့ပြန်မှုကို ရင်ဆိုင်ရပေမယ့် လိုအပ်တဲ့ အနိုင်ရလဒ်ကို အရယူနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ အပြန်အလှန် သွင်းဂိုးတွေ မျှော်လင့်ခဲ့ပေမယ့် ပရီးမီးယားလိဂ် အကောင်းဆုံး ခံစစ်ကို ဂျေမီဗာဒီ ဦးဆောင်တဲ့ လက်စတာ တိုက်စစ် ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိဘူးလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
Lille
ရက်ဒ် ဘူးလ်
1X2 သရေ @ 3.25
ဂိုးပေါ် 2.75 @ 2.06
ဂိုးပေါင်း 2-3 @ 1.98
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲစဉ်အကျဉ်း

ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ချဲလ်ဆီး အတွက် ခက်ခဲတဲ့ အဝေးကွင်း ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ လက်စတာရဲ့ တုံ့ပြန်မှု ပုံစံကောင်းကြောင့် ချဲလ်ဆီးတို့ ထင်သလောက် အလုပ် မဖြစ်ခဲ့ပါဘူး။ လူကာကူ၊ တီမိုဗာနာတို့ မပါဝင်နိုင်တဲ့ တိုက်စစ်ကို ကိုင်ဟားဗက်ဇ်၊ အော့ဒွိုင်းစ်၊ မေဆန်မောင့်တို့ ဦးဆောင်ခဲ့တာပါ။ ပိုပြီး ထူးခြားတာက ပြီးခဲ့တဲ့နှစ် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ လက်စတာကို အရေးနိမ့်ခဲ့တဲ့ လူစာရင်းနီးပါး ပွဲထွက်လာခဲ့တာလည်း ဖြစ်ပါတယ်။ လက်စတာ ကတော့ အိမ်ကွင်းလည်း ဖြစ်တဲ့အပြင် လွတ်ခ်မန်း၊ ဂျေမီဗာဒီ၊ ဘာနက်စ်၊ အယ်လ်ဘရိုက်တန်၊ အန်ဒီဒီတို့ကို အသုံးပြုခဲ့တာပါ။ ပွဲအစကတည်းက အထနှေးနေတဲ့ လက်စတာရဲ့ အားနည်းချက်ကို ချဲလ်ဆီးတို့ ဒီတစ်ခေါက် အခွင့်အရေး ယူနိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ပွဲအစကတည်းက ဘန်ချီးဝဲလ်၊ ရီဆီဂျိမ်းစ်တို့ရဲ့ ဖြတ်တင်ဘောတွေ နဲ့အတူ လက်စတာ ခံစစ်ကတော့ တော်တော်လေး ရုန်းကန်ခဲ့ရတာပါ။ တကယ်တမ်းမှာလည်း ချဲလ်ဆီးကပဲ ပွဲချိန် ၁၄ မိနစ်မှာ ဂိုးရရှိသွားခဲ့ပါတယ်။ ဘန်ချီးဝဲလ်ရဲ့ ထောင့်ကန်ဘော ကန်ချက်ကို နောက်ခံလူ ရူဒီဂါက အမှားအယွင်းမရှိ ခေါင်းတိုက် သွင်းယူပြီး ဦးဆောင်ဂိုးအဖြစ် ရယူပေးခဲ့တာပါ။ ချဲလ်ဆီးတို့ တရစပ် တိုက်စစ်ဆင်နေတာကြောင့် လက်စတာတို့ ဘယ်လိုမှ ကစားကွက် တည်မရအောင် ဖြစ်နေခဲ့ပါတယ်။ တန်ပြန် တိုက်စစ်နဲ့သာ ပြန်လည် ရင်ဆိုင်ခဲ့ရတဲ့ အတွက် အိမ်ကွင်းမှာ ရုန်းကန်ခဲ့ရတယ်လို့ ဆိုရမှာပါ။ ပွဲချိန် ၂၈ မိနစ်မှာ ကန်တီက ရီဆီဂျိမ်းစ်ရဲ့ ဖန်တီးပေးပို့မှုကို ၁၈ ကိုက် စည်းထိပ်ကနေ အမှတ်မထင် ကန်သွင်းခဲ့တာက တော်တော်လေးကို တိကျခဲ့ပါတယ်။  ထူးခြားချက် တစ်ခုက လက်စတာအသင်း ပေးခဲ့ရတဲ့ ဂိုးနှစ်ဂိုးက လက်စတာ ကစားသမားဟောင်းတွေဖြစ်တဲ့ ဘန်ချီးဝဲလ်၊ ကန်တီတို့နဲ့ ပတ်သတ်နေခဲ့တာပါ။ နောက်ပိုင်းပွဲချိန်မှာတော့ နှစ်သင်းလုံး ပွဲကို ထိန်းကစားခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း လက်စတာရဲ့ တန်ပြန်တိုက်စစ်က ထင်သလောက် အလုပ်မဖြစ်ခဲ့ပါဘူး။ ဘောလုံးပိုင်ဆိုင်မှု ၃၈-၆၂ ရာခိုင်နှုန်း အထိ ကွာဟခဲ့တာလည်း ဖြစ်ပါတယ်။ ပွဲချိန် ၇၁ မိနစ် အရောက်မှာတော့ ကိုင်ဟားဗက်ဇ်နေရာ အစားဝင်လာတဲ့ ပူလီဆစ်က ချဲလ်ဆီး အတွက် တတိယမြောက်ဂိုး ရယူပေးခဲ့ ပြီးတဲ့နောက် အိမ်ရှင်အသင်း အရှုံးရလဒ်နဲ့ ရင်ဆိုင်ရဖို့ နီးစပ်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ နှစ်သင်းလုံးက ဂိုးရရှိဖို့ထက် ဂိုးထပ် မပေးရဖို့ အားစိုက် လာခဲ့တဲ့အတွက် ကွင်းလယ်မှာသာ အပျက်များခဲ့တာပါ။ လက်စတာ တိုက်စစ်ကတော့ လိုအပ်ချက်တွေ များပြားခဲ့ပြီး လွတ်ခ်မန်းရဲ့ ဂိုးဝင်ခဲ့ပေမယ့် လူကျွံနေခဲ့လို့ ငြင်းပယ်ခံခဲ့ရတဲ့ ဂိုးတစ်ဂိုးသာ နီးစပ်ခဲ့တာလည်း ဖြစ်ပါတယ်။ လက်ကျန် ပွဲချိန်မှာတော့ ထိန်းကစားလာတဲ့ ချဲလ်ဆီးကြောင့် လက်စတာတို့ ဘယ်လိုမှ မတတ်နိုင်ဘဲ ပွဲအပြီးမှာ ဝ-၃ ရလဒ်နဲ့ အရှုံးပေးခဲ့ရပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁ နေရာက ချဲလ်ဆီး အတွက်လည်း အရေးပါဆုံး ပွဲဖြစ်ခဲ့သလို လက်စတာစီးတီး အတွက် ကလည်း အမှတ်ဆုံးရှုံးလို့ မရတဲ့ပွဲ ဖြစ်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၂ နေရာအထိ ကျဆင်းသွားခဲ့တဲ့ လက်စတာစီးတီး

ပွဲပြီးသုံးသပ်ချက်

ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁ နေရာက ချဲလ်ဆီး အတွက်လည်း အရေးပါဆုံး ပွဲဖြစ်ခဲ့သလို လက်စတာစီးတီး အတွက် ကလည်း အမှတ်ဆုံးရှုံးလို့ မရတဲ့ပွဲ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲအပေါ် ချဉ်းကပ်မှု အပိုင်း မှာတော့ ချဲလ်ဆီး နည်းပြ တူချယ်လ်က ပိုပြီး အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။ အထူးသဖြင့် တိုက်စစ် ကစားသမားစစ်စစ် မပါဝင်တဲ့ ပွဲမှာ လက်စတာလို ခံစစ်ကို ၃ ဂိုး ပြတ်ဖို့ဆိုတာ နည်းဗျူဟာရဲ့ အားသာချက်လို့ပဲ ဆိုရမှာပါ။ လက်စတာ အတွက်ကတော့ ကြီးမားတဲ့ အရှုံးရလဒ်တစ်ခု ဖြစ်ခဲ့ပါတယ်။ အနိုင်ရခဲ့တဲ့ ချဲလ်ဆီး ကတော့ အမှတ်ပေးဇယား အဆင့် ၁ နေရာမှာ ဆက်ပြီး ရပ်တည်ခွင့် ရသွားခဲ့တယ်လို့ ဆိုရမှာပါ။ ရလဒ်က အမျှတဆုံး ဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပေမယ့် ချဲလ်ဆီး နည်းပြ တူချယ်လ်ရဲ့ နည်းဗျူဟာပိုင်းက အဓိက အခရာ ကျခဲ့တယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

လက်စတာ အနေနဲ့ လာမယ့် ကြားရက် ကာလမှာ ယူရိုပါလိဂ် အုပ်စုပွဲစဉ် အဖြစ် လီဂီယာဝါဆော အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရဖို့ ရှိနေပြီး ချဲလ်ဆီး ကတော့ ချန်ပီယံလိဂ် အုပ်စုပွဲ အဖြစ် ဂျူဗင်တပ်စ်ရဲ့ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်