နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပင်နယ်တီ သွင်းဂိုးနဲ့ ကာတာလန် ဒါဘီမှာ အနိုင်ရခဲ့တဲ့ ဘာစီလိုနာ (လာလီဂါ ပွဲပြီးသုံးသပ်ချက်)

ဘာစီလိုနာ ၁ – ၀ အက်စပန်ညို

စပိန် လာလီဂါ ပွဲစဉ် ၁၄ အဖြစ် ဘာစီလိုနာနဲ့ အက်စပန်ညိုတို့ ယှဉ်ပြိုင် ကစားခဲ့ရာ မှာတော့ ဘာစီလိုနာ တို့ မန်းဖစ် ဒီပေးရဲ့ ပင်နယ်တီ သွင်းဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒါဘီပွဲစဉ် ဖြစ်တဲ့ အတွက် အနိုင်မခံ အရှုံးမပေး ကစားခဲ့ကြပြီး အပြန်အလှန် သွင်းဂိုးတွေ မျှော်လင့်ခဲ့ပေမယ့် တည်ငြိမ်တဲ့ ခံစစ် စုဖွဲ့မှု တွေကြောင့် သွင်းဂိုး အနည်းဘက် ကိုပဲ ဦးတည်သွားခဲ့ပါတယ်။ အနိုင်ရခဲ့တဲ့ ဘာစီလိုနာအတွက် ကတော့ နည်းပြသစ် ဇာဗီ နဲ့အတူ လာလီဂါ ကတ်တာလန် ဒါဘီ ပွဲစဉ်မှာ မျက်နှာပန်း လှခဲ့တယ်လို့ပဲ ဆိုရမှာပါ။

ပွဲစဉ်အကျဉ်း

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
Lille
ရက်ဒ် ဘူးလ်
1X2 သရေ @ 3.25
ဂိုးပေါ် 3.00 @ 2.42
ပထမပိုင်း ဂိုးအောက် 1.00 @ 2.02
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘာစီလိုနာရဲ့ အခြေအနေက စိုးရိမ်စရာ အခြေအနေ ဖြစ်ခဲ့သလို ဂိုးရဖို့လည်း ရုန်းကန်ခဲ့ရပါတယ်။ အဝေးကွင်း ဖြစ်ပေမယ့် ကာတာလန် ဒါဘီပွဲစဉ် ဖြစ်လို့ အက်စပန်ညိုရဲ့ ရေကုန်ရေခမ်း တုံ့ပြန် ကစားမှုကြောင့် အိမ်ရှင်တို့ ဖိအား များခဲ့တယ်လို့လည်း ဆိုနိုင်ပါတယ်။ ဂါဘီရာ၊ ဒီပေးလ်၊ ဘက်စကွတ်၊ ပီကေးလ်၊ ဂျော်ဒီအယ်လ်ဘာ၊ ဒီဂျောင် တို့နဲ့အတူ ဘာစီလိုနာတို့ လူစုံခဲ့ပါတယ်။ အက်စပန်ညို ကတော့ သောမတ်စ်၊ ဟာရဲရားလ်၊  ဒါဒါအမ်ဘာတို့ကို အသုံးပြုပြီး ၅-၄-၁ နဲ့ပွဲထွက်လာခဲ့တာပါ။ ဂိုးမပေးရဖို့ အတွက် ခံစစ်ပိုင်းကို အဓိက ပြင်ဆင်လာတဲ့ အက်စပန်ညိုကြောင့် ဘာစီလိုနာတို့ တိုက်စစ်ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ အထူးသဖြင့် အက်စပန်ညိုရဲ့ တန်ပြန်တိုက်စစ် ကစားပုံကလည်း ဘာစီလိုနာ အတွက် ဖိအားဖြစ်ခဲ့တာပါ။ ကွင်းလယ်မှာသာ အပျက်များနေခဲ့ပြီး အမှားစောင့် ကစားခဲ့ကြတဲ့ အတွက် ဂိုးကန်သွင်းမှု အပြန်အလှန် ရှိခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်အစမှသာ ဘာစီလိုနာရဲ့ တိုက်စစ်က ပိုပြီး အလုပ်ဖြစ်ခဲ့ပါတယ်။ ဒီပေးလ်ရဲ့ တိုက်စစ်ဆင်မှုကို အက်စပန်ညို ခံစစ်ကစားသမား ကာဘရီရာ ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့တဲ့ အတွက် ဘာစီလိုနာတို့ ပင်နယ်တီ ရရှိခဲ့ပါတယ်။ ဒီပင်နယ်တီကို ဒီပေးလ်ကပဲ အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့တဲ့ အတွက် ဘာစီလိုနာတို့ ဦးဆောင်ဂိုး ပိုင်ဆိုင်ခဲ့ပါတယ်။ နောက်ပိုင်း ပွဲချိန်တွေမှာ ဂိုးရဖို့အတွက် အားစိုက်ခဲ့ကြလို့ ကြံ့ခိုင်မှု အသားပေး ကစားခဲ့ကြပါတယ်။ ဒါပေမဲ့ ပွဲပြီးဆုံးချိန် အထိ နှစ်သင်းလုံးရဲ့ ခံစစ် အမှားအယွင်း နည်းခဲ့လို့ ဒုတိယပိုင်း အစမှာ သွင်းထားတဲ့ ဂိုးနဲ့ပဲ ဘာစီလိုနာတို့ နိုင်ပွဲ ရရှိသွားခဲ့ပါတယ်။

ပွဲပြီးသုံးသပ်ချက်

လာလီဂါ ကတ်တာလန် ဒါဘီ ပွဲစဉ် ဖြစ်လို့ တိုက်စစ်ချင်း၊ ခံစစ်ချင်း အားပြိုင်ခဲ့ခြင်း နဲ့အတူ ကြံ့ခိုင်မှု အသားပေး ကစားခဲ့ကြလို့ ပွဲကြမ်းခဲ့ပါတယ်။
လာလီဂါ အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်နေခဲ့တဲ့ အက်စပန်ညို

လာလီဂါ ကတ်တာလန် ဒါဘီ ပွဲစဉ် ဖြစ်လို့ တိုက်စစ်ချင်း၊ ခံစစ်ချင်း အားပြိုင်ခဲ့ခြင်း နဲ့အတူ ကြံ့ခိုင်မှု အသားပေး ကစားခဲ့ကြလို့ ပွဲကြမ်းခဲ့ပါတယ်။ ပွဲအဖြေ ပြောင်းလဲနိုင်စွမ်းရှိတဲ့ ကစားသမား အစုအဖွဲ့ကြောင့် ဘာစီလိုနာတို့ အခွင့်အရေး ပိုရခဲ့ပေမယ့် အက်စပန်ညိုရဲ့ အသင်းလိုက် ကစားပုံကလည်း လျော့တွက်လို့ မရခဲ့ပါဘူး။ အပြန်အလှန် သွင်းဂိုး ရနိုင်လောက်တဲ့ အခြေအနေတွေ ရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ကြလို့ ဂိုးမများခဲ့တာလို့ ဆိုနိုင်ပါတယ်။ အက်စပန်ညိုရဲ့ ခံစစ်နဲ့တိုက်စစ်က ရှိရင်းစွဲ အခြေအနေလို့ ပြောလို့ရပေမယ့် ဘာစီလိုနာ ကတော့ လိုအပ်ချက် များခဲ့ပါတယ်။ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်းတစ်သင်းက ဂိုးပေါက် ကန်သွင်းမှု ၁၆ ကြိမ်မှာ ၁ ဂိုးပဲ ရခဲ့တာကို ကြည့်ခြင်း အားဖြင့် တိုက်စစ် အားနည်းမှုဟာ ဘာစီလိုနာ နည်းပြသစ် အရင်ဆုံး ဖြေရှင်းရမယ့် ပုစ္ဆာတစ်ပုဒ်လို့ ပဲ ဆိုရမှာ ဖြစ်ပါတယ်။

လာမယ့်ပွဲစဉ်များ

ဘာစီလိုနာ အနေနဲ့ လာမယ့် ၂၄ ရက်နေ့မှာတော့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် အဖြစ် ဘင်ဖီကာ အသင်းကို ဧည့်ခံ ကစားရဖို့ ရှိနေပြီး အက်စပန်ညို ကတော့ လာမယ့် ၂၈ ရက်နေ့မှာတော့ လာလီဂါပွဲစဉ် အဆင့် ၂ နေရာက ရီးရဲလ်ဆိုစီဒက်ကို ရင်ဆိုင် ကစားရဖို့ ရှိနေခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်