နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အေစီမီလန်ရဲ့ အမှတ်ပေးပြိုင်ပွဲ ရှုံးပွဲမရှိ ပုံစံကောင်း တစ်ခုကို ရပ်တန်ခဲ့တဲ့ ဗလာဟိုဗစ် (စီးရီးအေ ပွဲပြီးသုံးသပ်ချက်)

ဖီအိုရင်တီးနား ၄-၃ အေစီမီလန်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ် ၁၃ မှာတော့ ဖီအိုရင်တီးနားနဲ့ အေစီမီလန်တို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ အပြန်အလှန် သွင်းဂိုးတွေကို မြင်တွေ့ခဲ့ရပြီး ဗလာဟိုဗစ်ရဲ့ ခြေစွမ်းပြမှုနဲ့ အတူ ၄-၃ ရလဒ်နဲ့ ဖီအိုရင်တီးနားတို့ အနိုင်ရသွားခဲ့တာ ဖြစ်ပြီး မီလန်ရဲ့ အမှတ်ပေးပြိုင်ပွဲ ရှုံးပွဲ မရှိ စံချိန် ကိုလည်း ရပ်တန့်နိုင်ခဲ့ပါတယ်။

ပွဲစဉ်အကျဉ်း

အခုနှစ် စီးရီးအေမှာ ပုံစံကောင်းရနေတဲ့ အသင်းတွေ ပီပီ အရေးပါတဲ့ ပွဲစဉ် ကနေ အနိုင် ၃ မှတ် အပြည့်ရဖို့ ဦးတည် ကစားလာခဲ့ကြပါတယ်။ အိမ်ရှင် ဖီအိုရင်တီးနား ဘက်မှာ မီလန်ကိုဗစ်၊ ကာတာ၊ နတ်စတာဆစ်၊ ပဲလ်ဂါ တို့က လွဲလို့ ဗလာဟိုဗစ်၊ ကယ်လီဂျွန်၊ တော်ရိုင်းယား၊ ဒန်ကန်၊ ဗီနတ်တီ၊ အိုဒရီဇိုလာ တို့နဲ့ လူစုံခဲ့ပါတယ်။ အေစီမီလန် ရဲ့ တိုက်စစ် မှာတော့ အီဗရာဟီမိုဗစ် ဦးဆောင်လာခဲ့ပြီး ရာဖေးလ် လီယောင်၊ ဘရာဟင်မ် ဒီးရာ့ဇ်၊ ဆယ်လီမေကာစ်၊ ကတ်ဆီ၊ တိုနာလီ၊ ဆိုင်မွန် ကယားတို့လို ကစားသမားကောင်းတွေ ပါဝင်ခဲ့ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ချဲလ်ဆီး
ဂျူဗင်တပ်စ်
1X2 သရေ @ 3.80
ဂိုးအောက် 2.25 @ 2.13
ပထမပိုင်း ဂိုးပေါ် 1.00 @ 2.02
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ရာသီ အစကတည်းက အမှတ်ပေးပြိုင်ပွဲ ရှုံးပွဲ မရှိအောင် စွမ်းဆောင်ထားခဲ့တဲ့ အေစီမီလန်တို့ အကောင်းဆုံး ပုံစံနဲ့ ပွဲထွက်လာခဲ့ပေမယ့် အိမ်ရှင် အသင်းရဲ့ မထင်မှတ်ထားတဲ့ တုန့်ပြန်မှုတွေကြောင့် ပွဲအစ ၁၅ မိနစ် မှာထဲက ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပါတယ်။ ဒီဂိုး ကိုတော့ တောင်ပံ ကစားသမား အဲလ်ဖရက်ဒ် ဒန်ကန်က အေစီမီလန် နောက်ခံလူတွေ ရှုတ်ရှက်ခတ်နေတဲ့ ကြားက အမှတ်မထင် ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အိမ်ရှင် ဖီအိုရင်တီးနားတို့ ဦးဆောင်ဂိုး ရရှိသွားခဲ့ပြီးတဲ့နောက် ကစားအား ပိုကောင်းလာခဲ့ပြီး ပထမပိုင်း ပြီးခါနီးမှာ ဒုတိယ ဦးဆောင်ဂိုး ထပ်ရသွားခဲ့ပါတယ်။ ဒီဂိုး ကိုတော့ ဆာပိုနာရာက အဝေးကန်ချက်နဲ့ လှလှပပ ကန်သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်း အပြီးမှာ ၂-၀ ရလဒ် ထွက်ပေါ်နေခဲ့ပြီး ဒုတိယပိုင်း ပြန်လည် စတင်ချိန်မှာတော့ အေစီမီလန်တို့ လူစားလဲလှယ်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ပါတယ်။ အိုလီဗီယာ ဂျီရူး၊ ဖလော်ရန်ဇီ၊ မက်ဆီရာစ်တို့ ဝင်ရောက်လာချိန်မှာ အေစီမီလန်တို့ ကစားပုံ ပိုကောင်းလာခဲ့ပေမယ့် တကယ်တမ်း ဂိုးရသွားခဲ့တာ ကတော့ ဖီအိုရင်တီးနားပဲ ဖြစ်ပြီး တန်ပြန် တိုက်စစ် ကနေ တစ်ဆင့် ရရှိတဲ့ ဘောလုံးကို ဒူဆန် ဗလာဟိုဗစ် က တစ်ဦးတည်း ဆွဲပြေးပြီး အမှားအယွင်း မရှိ ကန်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ ၃ ဂိုးအထိ ခွင့်ပြုပေးလိုက်ရချိန်မှာ အေစီမီလန်တို့ စိတ်ဓာတ်ပိုင်း ဆိုင်ရာ ကျဆင်းသွားမယ်လို့ ထင်ခဲ့ရပေမယ့် ပွဲချိန် ၆၂ မိနစ်နဲ့ ၆၇ မိနစ် တို့မှာ ဇလာတန် အီဗရာဟီမိုဗစ်က ချေပဂိုး ၂ ဂိုးဆက် သွင်းယူပေးနိုင်ခဲ့ပြီး အေစီမီလန်တို့ ပြန်လာနိုင်မယ်လို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ပွဲချိန် ၈၂ မိနစ်မှာ ဗလာဟိုဗစ် ကပဲ ဖီအိုရင်တီးနား အတွက် စတုတ္ထဂိုး ထပ်ပြီး သွင်းယူ ပေးသွားခဲ့လို့ အေစီမီလန်တို့ ရှုံးပွဲတွေ့ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ လက်ကျန် မိနစ်တွေမှာ အိမ်ရှင်တို့ အနိုင်ရလဒ်ကို ထိန်းနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အီဗရာဟီမိုဗစ်ရဲ့ ခေါင်းတိုက်ချက် ကနေ ဗီနတ်တီနဲ့ ထိပြီး ဂိုးဝင် သွားခဲ့လို့ အေစီမီလန်တို့ တတိယ ချေပဂိုး ရသွားခဲ့ပြီး ၄-၃ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ဒါကြောင့် အေစီမီလန်တို့ အခုနှစ် ဘောလုံးရာသီ စီးရီးအေ မှာ ပထမဦးဆုံး ရှုံးပွဲနဲ့ ကြုံခဲ့ရပြီး အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ဆက်လက် ရပ်တည်ခဲ့ပါတယ်။ ဖီအိုရင်တီးနား ကတော့ လိုအပ်နေတဲ့ စီးရီးအေ နိုင်ပွဲ ပြန်လည် ရှာဖွေ နိုင်ခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၆ နေရာအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

ပွဲပြီးသုံးသပ်ချက်

ဒါကြောင့် အေစီမီလန်တို့ အခုနှစ် ဘောလုံးရာသီ စီးရီးအေ မှာ ပထမဦးဆုံး ရှုံးပွဲနဲ့ ကြုံခဲ့ရပြီး အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ဆက်လက် ရပ်တည်ခဲ့ပါတယ်။
စီးရီးအေ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့တဲ့ အေစီမီလန်

အပြန်အလှန် သွင်းဂိုးတွေနဲ့ ကြည့်ကောင်းတဲ့ ပွဲ တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ အေစီမီလန် နောက်တန်းရဲ့ အမှားတွေကို ဖီအိုရင်တီးနား တိုက်စစ်မှူးတွေ အသုံးချနိုင်ခဲ့လို့ ထိုက်တန်တဲ့ နိုင်ပွဲ တစ်ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဗလာဟိုဗစ် ခြေစွမ်းပြခဲ့သလို အီဗရာဟီမိုဗစ်လည်း ခြေစွမ်းပြပြီး သွင်းဂိုး ၂ ဂိုး ရှာဖွေပေးနိုင်ခဲ့ပါတယ်။ အဆင့် ၂ နေရာမှာ ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပေမယ့် ထိပ်ဆုံးက နာပိုလီသာ နိုင်ပွဲ ထပ်ရခဲ့မယ် ဆိုရင် ၃ မှတ်ပြတ် သွားမယ့် အခြေအနေ ဖြစ်ပါတယ်။ နှစ်သင်းလုံး ခြေစွမ်း ကောင်းမွန်ခဲ့ပြီး အနိုင် ၃ မှတ်ဟာ အဆုံးသတ်ပိုင်း ပိုသေချာတဲ့ ဖီအိုရင်တီးနား အတွက်ပဲ ဖြစ်ခဲ့တယ်လို့ ဆိုရပါမယ်။

လာမယ့် ပွဲစဉ်များ

ဖီအိုရင်တီးနားတို့ လာမယ့် နိုဝင်ဘာလ ၂၇ ရက်နေ့မှာ အမ်ပိုလီ အသင်းနဲ့ ကစားဖို့ ရှိနေပြီး အေစီမီလန် ကတော့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ အက်တလက်တီကို မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ကစားဖို့ ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်