နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဆုံးသတ်ပိုင်း လိုအပ်ချက်တွေကြောင့် အဝေးကွင်း ရှုံးပွဲတွေ့ခဲ့ရတဲ့ ဘေယန် | အော့စ်ဘက်ဂ် – ဘေယန်မြူးနစ် (ဘွန်ဒက်စ်လီဂါ ပွဲပြီးသုံးသပ်ချက်)

အော့စ်ဘက်ဂ် ၂ – ၁ ဘေယန်မြူးနစ်

အခုတစ်ပတ် ဘွန်ဒက်စ်လီဂါရဲ့ အစောဆုံး ပွဲစဉ် တစ်ပွဲ အဖြစ် အော့စ်ဘက်ဂ်နဲ့ ဘေယန်မြူးနစ်တို့ ယှဉ်ပြိုင် ကစားခဲ့ကြပြီး အဆုံးသတ်ပိုင်း လိုအပ်ချက်တွေ ရှိခဲ့တဲ့ ဘေယန်မြူးနစ်တို့ ၂-၁ ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ဘေယန်မြူးနစ်တို့ အခုနှစ် ဘောလုံးရာသီ ဘွန်ဒက်စ်လီဂါမှာ ဒုတိယမြောက် ရှုံးပွဲ ကြုံခဲ့ရတာ ဖြစ်ပေမယ့် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပြီး အော့စ်ဘက်ဂ် ကတော့ အမှတ်ပေးဇယား အဆင့် ၁၅ နေရာ အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

 

ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ အော့စ်ဘတ်ဂ်တို့ နိုင်ဒါလက်ချ်နာ၊ စထရိုဘယ်တို့ နှစ်ဦး ကလွဲလို့ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး ၄-၄-၂ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဘေယန်မြူးနစ် ဘက်မှာလည်း ကိုဗစ် ၁၉ ကူးစက်ခံထားရတဲ့ ဂျော်ရွှာ ကင်မစ်ချ်နဲ့ ဆူလီတို့က လွဲလို့ လူစုံခဲ့ပြီး ၄-၂-၃-၁ ကစားကွက်နဲ့ အိမ်ရှင် အော့စ်ဘက်ဂ်ကို ရင်ဆိုင်လာခဲ့ပါတယ်။ ထုံးစံ အတိုင်း‌ ဘေယန်တို့ ပွဲစတယ်ဆိုတာနဲ့ အော့စ်ဘက်ဂ် ဘက်ကို တောက်လျောက် ဖိအားပေး တိုက်စစ်ဆင်ခဲ့ပြီး ထိရောက်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ အော့စ်ဘတ်ဂ် ကတော့ တန်ပြန် တိုက်စစ် ကိုပဲ အဓိက အားပြုကစားခဲ့ပြီး ပွဲချိန် ၂၃ မိနစ် မှာတော့ မထင်မှတ်ပဲ ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။ အီယာဂိုရဲ့ တောင်ပံ ကနေ ဖြတ်တင် ပေးပို့မှု ကတစ်ဆင့် ဇက်ကီရီ ပြန်ချပေးတဲ့ ဘောလုံးကို ပက်ဒါဆင် က ပြေးဝင် ပိတ်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ ဦးဆောင်ဂိုး ရသွားပြီးတဲ့နောက် စိတ်ဓာတ်ပိုင်း ပိုမြင့်လာတဲ့ အော့စ်ဘတ်ဂ်တို့ ဘေယန်မြူးနစ် နောက်တန်းကို ဆက်လက် ဖိအားပေးနိုင်ခဲ့လို့ ပွဲချိန် ၃၆ မိနစ် မှာ တန်ပြန် တိုက်စစ် ကနေပဲ ဒုတိယမြောက် ဦးဆောင်ဂိုး ထပ်မံ သွင်းယူနိုင်ခဲ့ ပြန်ပါတယ်။ ဒီဂိုး ကိုတော့ အီယာဂိုရဲ့ ကန်တင် ပေးပို့မှု ကနေ တစ်ဆင့် တိုက်စစ်က အန်ဒရီဟန်းက အကောင်းဆုံး ခေါင်းတိုက် အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဦးဆောင်ဂိုး ၂ ဂိုး ပေးခဲ့ရပြီးနောက် ဘေယန်မြူးနစ်တို့ ကစားအား ပိုမြှင့်လာခဲ့လို့ ၂ မိနစ် အကြာမှပဲ မူလာရဲ့ ပေးပို့မှုကနေ ရောဘတ် လီဝမ်ဒေါစကီးက ချေပဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲ့နောက် အဲလ်ဖွန်ဆို ဒေးဗီးစ်၊ မူဆီရာလာ၊ ချူပိုမော့တင်း တို့ကို ထည့်သွင်းပြီး ဘေယန်မြူးနစ်တို့ ချေပဂိုး ထပ်ရဖို့ ကြိုးပမ်းခဲ့သလို အော့စ်ဘတ်ဂ် ကလည်း အနိုင်ရလဒ်ကို ထိန်းဖို့ အရေးပါတဲ့ လူစားလဲလှယ်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ပါတယ်။ နေဂဲလ်စ်မန်းရဲ့ ဗျူဟာထက် မားကပ်စ် ဝိန်ဇီရယ်လ်ရဲ့ နည်းစနစ်ပိုင်းက ပိုပြီး အလုပ်ဖြစ်ခဲ့သလို အော့စ်ဘတ်ဂ် နောက်ခံလူတွေနဲ့ ဂီကီဝစ်ဇ် တို့ရဲ့ အကောင်းဆုံး ပိတ်ဆို့ တားဆီးနိုင်မှုတွေကြောင့် ၂-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ ကင်မစ်ချ် မပါနိုင်တဲ့ ဘေယန်မြူးနစ် ကွင်းလယ်က တော်တော်လေးကို အားနည်းခဲ့ပြီး ဆဘစ်ဇာ တစ်ဦးတည်း ဘယ်လိုမှ မလုံလောက်ခဲ့တာ တွေ့ရပါတယ်။ လီရွိုင်း ဆာနေးရဲ့ ဘယ်တောင်ပံက လုပ်အားနှုန်း ကောင်းကောင်းနဲ့ တိုက်စစ်ကို ပံ့ပိုးပေးနိုင်ခဲ့ပြီး ဂနာဘရီ ကတော့ ပုံမှန်ခြေစွမ်း မရခဲ့တာကြောင့် ဘေယန်မြူးနစ်တို့ ရှုံးပွဲ တွေ့ဖို့ ဦးတည်ခဲ့ရတာလည်း ဖြစ်ပါတယ်။ အဲလ်ဖွန်ဆို ဒေးဗီးစ်နဲ့ ချူပိုမော့တင်းတို့ ဝင်လာချိန်မှာ ကစားပုံ ပိုကောင်းလာခဲ့ပေမယ့် တိုက်စစ်က တစ်ပွဲလုံး အတိုင်းအတာနဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု ၁၈ ကြိမ် အထိ ပြုလုပ်ခဲ့ရတာမှာ သွင်းဂိုး ၁ ဂိုးသာ ရရှိခဲ့ပြီး အဆုံးသတ်ပိုင်းမှာ တော်တော်လေး အားနည်းခဲ့တာ တွေ့ရပါတယ်။ ရမှတ် ဆုံးရှုံးခဲ့ပေမယ့် ဘေယန်မြူးနစ်တို့ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက် ရပ်တည်နေပြီး ဒုတိယနေရာက ဒေါ့မန်နဲ့ ၄ မှတ်ကွာဟ နေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ့မန်သာ အခုတစ်ပတ်မှာ နိုင်ပွဲ ရအောင် စွမ်းဆောင်နိုင်ခဲ့ရင်တော့ ၁ မှတ်သာ ကွာဟတော့ မှာလည်း ဖြစ်ပါတယ်။ အနိုင် ၃ မှတ် ရခဲ့တဲ့ အော့စ်ဘတ်ဂ် ကတော့ ဘွန်ဒက်စ်လီဂါ တန်းဆင်းဇုန်ထဲက ရုန်းထွက်နိုင်ခဲ့ပြီး အဆင့် ၁၅ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ထူးခြားချက် ကတော့ သောမက်စ် မူလာ အနေနဲ့ ဘေယန်မြူးနစ် အတွက် ပွဲ ၆၀၀ မြောက် ကစားခွင့် ရတဲ့ ပွဲစဉ်မှာ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။

လာမယ့် ပွဲစဉ်များအော့စ်ဘတ်ဂ်တို့ လာမယ့် နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ဟာသာဘာလင်နဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ဆက်ကစားရဖို့ ရှိပြီး ဘေယန်မြူးနစ် ကတော့ ကြားရက်မှာ ဒိုင်နမိုကိယက်ဗ်နဲ့ ချန်ပီယံလိဂ် ကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်