နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ကျဂိုးတွေနဲ့ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ နယ်သာလန် (၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲပြီး သုံးသပ်ချက်)

နယ်သာလန် ၂ – ၀ နော်ဝေ

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ နယ်သာလန်နဲ့ နော်ဝေတို့ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု နောက်ဆုံး ပွဲစဉ် မှာတော့ ဒက်ချ်တို့ ဘက်ဂျ်ဝင်း၊ မန်းဖစ် ဒီပေး တို့ရဲ့ နောက်ကျ သွင်းဂိုးတွေနဲ့ ၂ ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ ခြေစစ်ပွဲ အောင်မြင်ရေး မျှော်လင့်ချက် ရှိနေတဲ့ နော်ဝေရဲ့ ရုန်းအားကြောင့် နယ်သာလန်တို့ အခက်တွေ့ခဲ့ရတယ် ဆိုပေမယ့် ပွဲအဖြေ ပြောင်းလဲနိုင်တဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားခြင်းက လိုအပ်နေတဲ့ နိုင်ပွဲကို ရှာဖွေနိုင်ခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ နှစ်သင်းလုံး ၄-၃-၃ ကစားကွက်နဲ့ အတူ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ရေး အရေးပါတဲ့ ပွဲစဉ် ဖြစ်တာကြောင့် အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပါတယ်။ အိမ်ရှင် နယ်သာလန် ဘက်မှာ ဘက်ဂျ်ဝင်း၊ မန်းဖစ် ဒီပေး၊ ဝိုင်ဂျ်နယ်ဒမ်၊ ဖရန်ကီ ဒီယောင်၊ ကယ်လက်ဆန်၊ ဒီလစ်ဂျ်၊ ဗန်ဒိုက်ခ်၊ ဒမ်ဖရိုင်းစ် တို့ပါဝင်လာပြီး နော်ဝေ ဘက်မှာတော့ ဆောလော့သ်၊ အဲလ်ရွန်နူဆီ၊ ဆိုလ်ဘက်ကန်၊ သော်စ်ဘီ၊ မာတင် အိုဒီဂတ်၊ ပက်ဒါဆန်၊ နိုင်လန် တို့လို အမာခံကစားသမားတွေ ပါဝင်လာခဲ့ပါတယ်။

နော်ဝေ ကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု ပွဲစဉ် တစ်လျှောက် အကောင်းဆုံး ပုံစံ ရခဲ့ပေမယ့် ပြီးခဲ့တဲ့ လက်ဗီးယားနဲ့ ပွဲမှာ ခြေချော်မှုက Play Off တစ်နေရာစာ အတွက်တောင် မျှော်လင့်နိုင်ခြင်း မရှိတော့တာ ဖြစ်ပါတယ်။
နောက်ဆုံး ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးမှုနဲ့ အတူ ကမ္ဘာ့ဖလား ကစားခွင့် ဆုံးရှုံးခဲ့ရတဲ့ နော်ဝေ

နယ်သာလန်တို့ သရေ တစ်မှတ် ရရုံနဲ့ ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်နိုင်မှာ ဖြစ်ပေမယ့် သေချာ အာရုံစိုက် ကစားသွားခဲ့ပြီး နော်ဝေ ကလည်း ၃ မှတ် ရမှ မျှော်လင့်ချက် ရှိမှာ ဖြစ်လို့ အားကုန်ထုတ် ရုန်းလာခဲ့ပါတယ်။ ဒါပေမယ့် ကစားသမား ကောင်းတွေ များစွာ ပါဝင်တဲ့ လူးဝစ် ဗန်ဟားလ်ရဲ့ အသင်းက ကစားကွက် အချိတ်အဆက် ပိုမိခဲ့ပြီး ပွဲစကတည်းက နော်ဝေ ဘက်ကို တစ်ဖက်သတ် ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နော်ဝေ ခံစစ်က အော်ဆန်၊ စထရန်ဘက်ဂျ်၊ ပက်ဒါဆန်တို့ နယ်သာလန် တိုက်စစ်ကို အကောင်းဆုံး ထိန်းချုပ် ကစားနိုင်ခဲ့လို့ စောစောစီးစီး သွင်းဂိုးတွေ မမြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပွဲချိန် ကြာလာတာနဲ့ အမျှ အနိုင်ရဖို့ လိုအပ်နေတဲ့ နော်ဝေတို့ တိုက်စစ်ကို အလွံအကျွံ လိုက်ပါပြီး ကစားလာခဲ့တာကြောင့် နယ်သာလန်တို့ တန်ပြန် တိုက်စစ် ကနေ အခွင့်အရေးတွေ ပိုရလာခဲ့ပါတယ်။ ပွဲကစားချိန် ၈၄ မိနစ် မှာတော့ တောင်ပံ တစ်လျှောက် ခြေစွမ်းပြနေတဲ့ ဒန်ဂျူးမားရဲ့ ပေးပို့မှု ကနေ စတီဗင် ဘက်ဂျ်ဝင်းက အပြင်းကန်သွင်းခဲ့လို့ နယ်သာလန်တို့ ဦးဆောင်ဂိုး စတင် ရရှိသွားခဲ့ပါတယ်။ အဲ့နောက်မှာ နော်ဝေတို့ ချေပဂိုး ရရှိဖို့ ဖောင်ဖျက် ကစားခဲ့ပေမယ့် တကယ်တမ်း ဂိုးထပ်ရသွားခဲ့တာက နယ်သာလန် တို့ပဲ ဖြစ်ပါတယ်။ တန်ပြန် တိုက်စစ် ကနေ တစ်ဆင့် စတီဗင် ဘက်ဂျ်ဝင်းက တောက်လျောက် ဆွဲပြေးပြီး ဖန်တီးပေးတဲ့ ဘောလုံးကို မန်းဖစ် ဒီပေးက အကောင်းဆုံး အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေ မှာတော့ နယ်သာလန်တို့ အနိုင်ရလဒ် တစ်ခုကို ထိန်းကစားသွားခဲ့လို့ ၂-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး နယ်သာလန်တို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို တိုက်ရိုက် အောင်မြင်သွားခဲ့ပါတယ်။ နော်ဝေ ကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု ပွဲစဉ် တစ်လျှောက် အကောင်းဆုံး ပုံစံ ရခဲ့ပေမယ့် ပြီးခဲ့တဲ့ လက်ဗီးယားနဲ့ ပွဲမှာ ခြေချော်မှုက Play Off တစ်နေရာစာ အတွက်တောင် မျှော်လင့်နိုင်ခြင်း မရှိတော့တာ ဖြစ်ပါတယ်။

လာလီဂါ
ဘာစီလိုနာ
အက်စ်ပန်ညို
ဂိုးပေါ် 3.00 @ 2.09
1X2 ဘာစီလိုနာ @ 1.35
ဂိုးပေါင်း 2-3 @ 2.03
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးသုံးသပ်ချက်

အထက်မှာ ပြောခဲ့သလို နော်ဝေတို့ လက်ဗီးယားနဲ့ ပွဲမှာ အရေးပါတဲ့ အနိုင် ၃ မှတ် မရှာနိုင်ခဲ့တာက ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ဖို့ အနီးစပ်ဆုံး အခြေအနေ အထိ ရောက်ရှိပြီးမှ ဆုံးရှုံးမှု ကြီးမားသွားခဲ့တာ ဖြစ်ပါတယ်။ အာလင်း ဟာလန်း မကစားနိုင်ခြင်းက ဒေါ့မန် ကို ရလဒ်တွေ ဆိုးရွားနေစေခဲ့သလို နော်ဝေ ကိုလည်း ခြေစစ်ပွဲ အောင်မြင်ဖို့ မလုံလောင်စေခဲ့ဘူးလို့ ပြောလို့ ရပါတယ်။ ဗန်ဟားလ်ရဲ့ နယ်သာလန် ကတော့ ၂၀၁၆ ကမ္ဘာ့ဖလား မှာတုန်းက ခြေစစ်ပွဲ မအောင်ခဲ့တဲ့ မှတ်တမ်းဆိုး အောက်ကနေ ရုန်းထွက်နိုင်ခဲ့ပြီလို့ ပြောလို့ ရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်