နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အုပ်စုပထမနေရာကို အမှားအယွင်းမရှိရယူနိုင်ခဲ့တဲ့ အေဂျက်ဇ်(ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)

ဒေါ့မန်၁-၃အေဂျက်ဇ်

ချန်ပီယံလိဂ် အုပ်စု(C) ပထမနေရာအတွက် ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တဲ့ပွဲစဉ်လို့ပြောလို့ရပါတယ်။ တိုက်စစ်ကစားသမားကောင်းကိုယ်စီပါဝင်နေလို့ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ စိတ်လှုပ်ရှားစရာပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်။ အိမ်ရှင်ဒေါ့မန်ကတော့ အိမ်ကွင်းမှာ တစ်ယောက်အထုတ်ခံရခြင်းနဲ့အတူ အမှားများခဲ့တဲ့အတွက် အခုလို ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ အနိုင်ရခဲ့တဲ့ အေဂျက်ဇ်ကတော့ နောက်တစ်ဆင့်ကိုတက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။
 

ပွဲစဉ်အကျဉ်း

 
ပထမအကျော့တုန်းက ဂိုးပြတ်အရေးနိမ့်ခဲ့တာကို ပြန်လည် ချေဖျက်ဖို့ ဒေါ့မန်တို့ အကောင်းဆုံးပြင်ဆင်လာခဲ့ပါ တယ်။ ဒါပေမဲ့ထင်မှတ်မထားတဲ့ ကံတရား၊ အေဂျက်ဇ်ရဲ့ ပုံစံကောင်းတွေကြောင့် ရှုံးပွဲနဲ့ပဲကျေနပ်ခဲ့ရတာပါ။ ဟာလန်းမပါဝင်နိုင်ခဲ့တဲ့ တိုက်စစ်ကို ဟာဇက်၊ မာကိုရွိုက်စ်တို့က အဓိကဦးဆောင်ခဲ့ပြီး ဘယ်လင်ဟမ်၊ ဟမ်းမဲလ်၊ ဝစ်ဆဲလ်တို့နဲ့လူစုံခဲ့ပါတယ်။ အေဂျက်ဇ်ကတော့ ပွဲထွက်နေကြ ၄-၂-၃-၁ ကိုပဲအသုံးပြုခဲ့ပြီး ဟယ်လာ၊ အန်တိုနီ၊ တာဒစ်၊ ဒါလေဘလိုင်းတို့ပါဝင်လာခဲ့ခြင်းနဲ့အတူ အကောင်းဆုံးပုံစံရှိခဲ့တာပါ။ ဒါပေမဲ့ နိုင်ပွဲလိုအပ်နေတဲ့ အိမ်ရှင်အသင်းရဲ့ဖိအားပေးမှုကြောင့် ပွဲစစချင်းမှာတင် အေဂျက်ဇ်တို့ တော်တော်လေးအလုပ်ရှုပ်ခဲ့ပါတယ်။ ဂျာမနီလူငယ်တိုက်စစ်မှူးစတီဖင်တစ်ဂျ်ဂီစ်ရဲ့အခွင့်အရေး လွဲချော်မှုတွေကလည်း ဒေါ့မန်အတွက်နစ်နာခဲ့ရပါတယ်။ ကွင်းလယ်စုဖွဲ့မှုပိုင်းမှာတော့အေဂျက်ဇ်က အသာရခဲ့ပေမယ့် ကြံ့ခိုင်မှုအသားပေး ကစားခဲ့တဲ့ ဒေါ့မန်ကြောင့် ထင်သလောက်အလုပ်မဖြစ်ခဲ့ပြန်ပါဘူး။ တစ်ယောက်လျော့ဒေါ့မန်တို့ အိမ်ကွင်းအားသာချက် နဲ့အတူ ပွဲချိန် ၃၇မိနစ်မှာ ဦးဆောင်ဂိုးရယူနိုင်ခဲ့ပါတယ်။ ရရှိခဲ့တဲ့ပင်နယ်တီကို မာကိုရွိုက်စ်က အမှားအယွင်းမရှိ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့မှုက အေဂျက်ဇ်အတွက် ဖိအားဖြစ်စေခဲ့ပါတယ်။ ခံစစ်ပိုင်းကိုပဲ အာရုံစိုက်ခဲ့တဲ့ ဒေါ့မန်အသင်းရဲ့ကစားပုံကြောင့် ပွဲချိန် ၇၂မိနစ်ရောက်မှ အေဂျက်ဇ်တို့ ချေပနိုင်ခဲ့တာပါ။ တာဒစ်ရဲ့အဖိုးတန်ချေပဂိုးက အေဂျက်ဇ်အတွက် အရေးပါဆုံးဂိုးတစ်ဂိုးဖြစ်ခဲ့ပြီး ပွဲချိန် ၈၃မိနစ်မှာ ဟယ်လာ၊ ပွဲချိန် ၉၀+၃ မှာ ကလာဆန်တို့က ဂိုးတွေထပ်မံရယူပေးခဲ့တဲ့အတွက် ပွဲအပြီးမှာဒေါ့မန်တို့ အိမ်ကွင်းဂိုးပြတ်အရှုံးရလဒ်နဲ့ရင်ဆိုင်ခဲ့ရပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ဒါပေမယ့် ဒေါ့မန်ကတော့ လက်ကျန် ပွဲစဉ် ၂ ပွဲမှာ မဖြစ်မနေ နိုင်ပွဲ ရမှ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ကို မျှော်လင့်နိုင်မှာလည်း ဖြစ်ပါတယ်။
မာကိုရိုက်စ်ရဲ့ ပင်နယ်တီ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ် ရှုံးပွဲ ဆက်ခဲ့ရတဲ့ ဒေါ့မန်

လိုအပ်နေတဲ့အနိုင်ရလဒ်ကို အေဂျက်ဇ်တို့ အကောင်းဆုံးဖန်တီး ရယူနိုင်ခဲ့တာပါ။ ဒေါ့မန်ကလည်းအကောင်းဆုံး ပြင်ဆင်ခဲ့တယ်ဆိုပေမယ့် ကံကြမ္မာက မျက်နှာသာမပေးခဲ့ဘူးလို့ပဲဆိုရမှာပါ။ ဝါရင့်နောက်ခံလူဟမ်းမဲလ်ထုတ်ခံခဲ့ရပေမယ့် ဦးဆောင်ဂိုးရခဲ့တဲ့ဒေါ့မန်ရဲ့ အားထုတ်မှုကိုတော့မေ့ထားလို့မရပါဘူး။ ဘယ်လင်ဟမ်၊ မာကိုရွိုက်စ်တို့ရဲ့ကန်ချက်တွေသာဂိုးဝင်ခဲ့မယ်ဆိုရင် ပွဲရလဒ်ကတစ်မျိုးတစ်မည်ပြောင်းလဲသွားနိုင်ပါတယ်။ နဂိုကတည်းက တန်ပြန်တိုက်စစ်အစပြုပုံကောင်းတဲ့ အေဂျက်ဇ်ကိုတစ်ယောက်လျော့ ဒေါ့မန်တို့ ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရတာပါ။ ပွဲချိန် ကြာလာတာနဲ့အမျှ အေဂျက်ဇ်ရဲ့ဖိအားပေးမှုကို ဒေါ့မန်တို့ဘယ်လိုမှတောင့်မခံနိုင်တော့ဘဲချေပဂိုး၊ ဦးဆောင်ဂိုးတွေကို ဆက်တိုက်ခွင့်ပြုပေးခဲ့ရပါတယ်။ အခု  ချန်ပီယံလိဂ်ပွဲစဉ်ကတော့ အေဂျက်ဇ်အတွက်ထိုက်တန်တဲ့နိုင်ပွဲတစ်ပွဲ ဖြစ်ခဲ့သလို ဒေါ့မန်အတွက်လည်း ဒဏ်ရာရကစားသမားများပြားနေတဲ့အချိန် လက်ခံသင့်တဲ့ရလဒ်တစ်ခုဖြစ်ခဲ့ပါတယ်။ အနိုင်ရခဲ့တဲ့ အေဂျက်ဇ် ကတော့ ရာနှုန်းပြည့် နိုင်ပွဲ ရခဲ့ပြီး ချန်ပီယံလိဂ်၁၆သင်းအဆင့်ကိုတက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ့မန်ကတော့လက်ကျန် ပွဲစဉ် ၂ ပွဲမှာ မဖြစ်မနေနိုင်ပွဲ ရမှ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ကို မျှော်လင့်နိုင်မှာလည်း ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ဒေါ့မန်အနေနဲ့ လာမယ့်ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ လိုက်ပ်ဇစ်အသင်းကို ရင်ဆိုင်ရဖို့ရှိနေပြီး အေဂျက်ဇ် ကတော့ နယ်သာလန်လိဂ်ပွဲစဉ်အဖြစ် အီးဂဲလ်အသင်းနဲ့ယှဉ်ပြိုင်ကစားရဖို့ရှိနေခဲ့ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်