နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကမ္ဘာ့ဖလား ခြေစစ်ပွဲ Play-Off နေရာ အတွက် အခြေအနေ ကောင်းသွားတဲ့ စကော့တလန် (ပွဲပြီးသုံးသပ်ချက်)

စကော့တလန် ၃ – ၂ အစ္စရေး

ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုံ အုပ်စု(စ) အမှတ်ပေးဇယားရဲ့ အထက်အောက် ရပ်တည်နေတဲ့ အသင်း နှစ်သင်း ဖြစ်လို့ အရေးပါဆုံး ပွဲစဉ် ဖြစ်ခဲ့သလို ပြိုင်ဆိုင်မှုလည်း ပြင်းထန်ခဲ့ပါတယ်။ အပြန်အလှန် ဂိုးတွေနဲ့ အတူ ပွဲချိန် နောက်ဆုံး မိနစ်တွေ အထိ သွင်းဂိုးတွေ မြင်တွေ့ခဲ့ရတဲ့  ပရိသတ်အကြိုက် စိတ်လှုပ်ရှားစရာ အကောင်းဆုံး ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။ ဒီပွဲ အနိုင်ရလဒ်ကြောင့် စကော့တလန် အနေနဲ့ အဆင့်-၂ နေရာအတွက် ပိုပြီး မျှော်လင့်နိုင်ခဲ့သလို အစ္စရေးကို ရမှတ် ၄မှတ် အထိ ဖြတ်ထားနိုင်ခဲ့ခြင်းကြောင့် လက်ကျန် ၃ ပွဲမှာ ၂ ပွဲ နိုင်ရုံနဲ့ Play_off နေရာကို မျှော်လင့်နိုင်ပြီလည်း ဖြစ်ပါတယ်။
 

ပွဲစဉ်အကျဉ်း

ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုံရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ပွဲစဉ်တွေထဲက တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ၃-၅-၂ ကစားပုံနဲ့ ပွဲထွက်လာတဲ့ စကော့တလန်တို့ အကောင်းဆုံးပုံစံ ရှိနေခဲ့သလို အစ္စရေးရဲ့ ၃-၄-၃ အခြေခံ ကစားကွက်ကလည်း တိုက်စစ် ခံစစ် အမျှတဆုံး အခြေအနေမှာ ရှိနေခဲ့ပါတယ်။ ပရီးမီးယားလိဂ် အခြေစိုက် ကစားသမားအများစု ပါဝင်လာတဲ့ အခြေအနေက စကော့တလန်အတွက် အခွင့်အရေးတစ်ခု ဖြစ်ခဲ့တယ် ဆိုပေမယ့် အစ္စရေးရဲ့ ကစားပုံ ကလည်း လျှော့တွက်လို့ မရတဲ့ အခြေအနေပါ။ တကယ်တမ်းမှာလည်း  ပွဲအစ ၅မိနစ်မှာတင် အစ္စရေးတို့အတွက် ဇဟာဗီက ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့တာက သက်သေတစ်ခု ဖြစ်နေခဲ့ပါတယ်။ ပွဲချိန် မိနစ် ၃၀ရောက်မှ မက်ဂျင်းက စကော့တလန် အတွက် ချေပနိုင်ခဲ့ပေမယ့် ၂မိနစ်အကြာမှာတင် ဒက်ဒ်ဘာက အစ္စရေးအတွက် ဒုတိယမြောက် ဦးဆောင်ဂိုး ထပ်မံ သွင်းယူခဲ့တဲ့ အတွက် အိမ်ရှင်အသင်း အ‌နေနဲ့ အခက်တွေ့ခဲ့ရသလို ဒိုက်ကီရဲ့ ပင်နယ်တီ လွဲချော်မှု ကလည်း နစ်နာခဲ့ရပါတယ်။ ဒုတိယပိုင်း ရောက်မှ ခံစစ်ပိုင်းကို သေသေချာချာ အာရုံစိုက်လာတဲ့ စကော့တလန်ရဲ့ ကစားပုံကြောင့်  အစ္စရေး တိုက်စစ် အနည်းငယ် ရုန်းကန်ရလာခဲ့ပြီး အိမ်ရှင်အသင်း အခွင့်အရေးအချို့ ပြန်ပြီး ရရှိလာခဲ့ပါတယ်။ ဆက်တိုက် ဆိုသလိုပဲ ဖိအားပေးနေတဲ့ စကော့တလန်တို့ ပွဲချိန် ၅၇မှာ ချေပဂိုး ရရှိခဲ့ပြီး ပထမပိုင်းက ပင်နယ်တီ လွဲချော်ခဲ့တဲ့ ဒိုက်ကီက သွင်းယူပေးခဲ့တာပါ။ ၂-၂ သရေရလဒ် ထွက်ပေါ်နေတဲ့အချိန် နှစ်သင်းလုံး ဂိုးရဖို့ထက် ဂိုးမပေးရဖို့ ကိုပဲ အားစိုက်ကစားခဲ့သလို ဘောလုံးပိုင်ဆိုင်မှု အတွက် ဦးစားပေး ကစားခဲ့ပါတယ်။ ဒါပေမဲ့ ပွဲပြီးခါနီး ၉၀+၄ မှာ ရရှိခဲ့တဲ့ ထောင့်ကန်ဘော ကနေတဆင့် မက်တော်မီနေးက အဖိုးတန် အနိုင်ဂိုး အဖြစ် ရယူပေးနိုင်ခဲ့တဲ့ အတွက် စကော့တလန်တို့ အနိုင် သုံးမှတ် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုံရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ပွဲစဉ်တွေထဲက တစ်ပွဲ ဖြစ်ခဲ့ပါတယ်။
ကမ္ဘာ့ဖလား ခြေစစ်ပွဲ Play-Off နေရာ အတွက် မျှော်လင့်ချက် နည်းလာတဲ့ အစ္စရေး

ခြေစွမ်း သိပ်မကွာတဲ့ အသင်းတွေ ဖြစ်သလို အမှတ်ပေးဇယား အထက်အောက် ရပ်တည်နေတဲ့ အသင်းတွေ ဖြစ်လို့ တကယ်ကို ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တဲ့ပွဲလို့ ပြောလို့ရပါတယ်။ တကယ်တမ်း မှာလည်း နည်းပြ နှစ်ဦးရဲ့ ဗျူဟာပိုင်း ပြိုင်ဆိုင်မှု၊ ကစားသမားတွေရဲ့ စွမ်းဆောင်နိုင်မှုတွေက ပိုပြီး ကောင်းမွန်ခဲ့တာပါ။ ဒါပေမဲ့ ပွဲအဖြေ ပြောင်းလဲနိုင်စွမ်းရှိတဲ့ ကစားသမားစုဖွဲ့မှု မှာတော့ စကော့တလန်တို့ အသာရခဲ့တယ် ဆိုတာ ပွဲပြီးခါနီး ရခဲ့တဲ့ အဖိုးတန် အနိုင်ဂိုးက အဓိက သက်သေ အဖြစ် ရှိနေခဲ့ပါတယ်။ အစ္စရေး အသင်းရဲ့ တိုက်စစ်အတွဲ ဖြစ်တဲ့ ဒက်ဒ်ဘာ၊ ဇဟာဗီ၊ ဆော်လမွန်တို့ရဲ့ အတွဲအဖက် ကလည်း အဆင့်တစ်ခုမှာ ရှိနေခဲ့ပြီး ပြိုင်ဘက် နောက်တန်းတွေ အတွက် အိပ်မက်ဆိုး တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီပွဲမတိုင်ခင်က နှစ်သင်းလုံး အတွက် ကမ္ဘာ့ဖလား ဝင်ရောက် ယှဉ်ပြိုင်ခွင့် မျှော်လင့်ချက် ကိုယ်စီ ရှိနေခဲ့ပေမယ့် အစ္စရေးတို့ အရေးနိမ့်ခဲ့ခြင်းက နောက်လာမယ့် ၂ ပွဲမှာ ရုန်းကန်ရတော့မှာပါ။ စကော့တလန် အတွက်တော့ ဒီပွဲမှာ အနိုင်ရလိုက်တဲ့ အခြေအနေက တတိယနေရာမှာ ချန်ထားနိုင်ခဲ့တဲ့ အစ္စရေးနဲ့ ရမှတ် ၄ မှတ် ကွာဟခဲ့ပြီ ဖြစ်လို့ လက်ကျန် ၂ ပွဲမှာ ၂ ပွဲ နိုင်ရုံနဲ့ ကမ္ဘာ့ဖလား ဝင်ပြိုင်ခွင့် Play Off တစ်နေရာကို သေချာပေါက် သိမ်းပိုက်နိုင်မှာ ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

စကော့တလန် အနေနဲ့ လာမယ့် ၁၃ ရက်နေ့မှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် အဖြစ် ဖာရိုးကျွန်းစုများ အသင်းကို ရင်ဆိုင်ရဖို့ ရှိနေပြီး အစ္စ‌ရေး ကတော့ မော်လ်ဒိုဗာကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်