နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၂၀၂၁ ဘယ်လွန်ဒေါဆုအတွက် ထိပ်ဆုံးကရေပန်းစားနေတဲ့မက်ဆီ၊ လီဝမ်ဒေါစကီးနဲ့ ဂျော်ဂျင်ဟို

၂၀၂၁ ခုနှစ် ဘယ်လွန်ဒေါဆုအတွက် ဆန်ကာတင် ကစားသမားအယောက် ၃၀ စာရင်းကိုမနေ့ကပဲကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာကထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။ အများစုကြိုတင် မျှော်လင့်ထားတဲ့ ကစားသမားတွေအားလုံး ပါ၀င်လာခဲ့ပြီး မထင်မှတ်ထားတဲ့သူတချို့လည်းဆန်ကာတင် စာရင်းမှာ‌ ပါ၀င်လာခဲ့တာ‌တွေ့ရပါတယ်။

ဘယ်လွန်ဒေါဆုဆန်ကာတင် စာရင်းကိုကြည့်မယ် ဆိုရင် မနှစ်ကချန်ပီယံလိဂ် ဗိုလ်လုပွဲတက်ခဲ့တဲ့ ချဲလ်ဆီးနဲ့ မန်ချက်စတာစီးတီးအသင်းတို့ကကစားသမား ၅ ဦးစီနဲ့ အများဆုံးပါ၀င်နေတာ တွေ့ရပါတယ်။ပြီးရင်တော့ ပီအက်စ်ဂျီက ၄ ဦး၊ ရီးရဲယ်မက်ဒရစ်၊ မန်ချက်စတာယူနိုက်တက်၊ ဂျူဗင်တပ်စ်၊ အင်တာမီလန် တို့က ၂ ဦးစီပါဝင်နေပါတယ်။ဘာစီလိုနာ၊ အေစီမီလန်၊ ဘေယန်မြူးနစ်၊ စပါး၊ လစ်ဗာပူးလ်၊ အက်တလက်တီကိုမက်ဒရစ်၊ ဗီလာရီးရဲယ်၊ ဒေါ့မန် အသင်းတွေကတော့ကစားသမား၁ ဦးစီ ပါ၀င်နေပါတယ်။

 

  •          ချဲလ်ဆီး – မေဆင်မောင့်၊ လူကာကူ၊ ကန်တေ၊ ဂျော်ဂျင်ဟို၊ အက်ဇ်ပီလီကျူအာတာ
  •          မန်ချက်စတာစီးတီး – ကီဗင်ဒီဘရိုင်းနား၊ ရူဘင်ဒီးယက်စ်၊ ဖိုဒန်၊ မားရက်ဇ်၊ စတာလင်
  •          ပီအက်စ်ဂျီ – မက်ဆီ၊ နေမာ၊ အန်ဘာပေး၊ ဒွန်နာရူးမား
  •          အင်တာမီလန် – လော်တာရိုမာတီနက်ဇ်၊ ဘာရယ်လာ
  •          ရီးရဲယ်မက်ဒရစ် – ဘန်ဇီမာ၊ မိုဒရစ်
  •          မန်ချက်စတာယူနိုက်တက် – ဖာနန်ဒက်စ်၊ ခရစ္စတီယာနိုရော်နယ်ဒို
  •          ဂျူဗင်တပ်စ် – ဘိုနူချီ၊ ခီလီနီ
  •          ဗီလာရီးရဲယ် – ဂျရတ် မော်ရီနို
  •          အက်တလက်တီကိုမက်ဒရစ် – လူးဝစ် ဆွာရက်ဇ်
  •          လစ်ဗာပူးလ် – မိုဟာမက် ဆာလာ
  •          တော့တင်ဟမ်ဟော့စပါး – ဟယ်ရီကိန်း
  •          အေစီမီလန် – ဆိုင်မွန်ကရား
  •          ဒေါ့မန် – အာလင်းဟာလန်း
  •          ဘေယန်မြူးနစ် – ရောဘတ်လီဝမ်ဒေါစကီး
စာရေးသူအနေနဲ့ကတော့၂၀၂၁ခုနှစ်ဘယ်လွန်ဒေါဆုကိုအမှန်တကယ်ရသင့်တဲ့ကစားသမား၅ဦးပဲမြင်မိပါတယ်။
ဘောလုံးသမိုင်းမှာဘယ်လွန်ဒေါဆုအများဆုံးရရှိထားတဲ့ မက်ဆီ

 

ဆန်ကာတင် ရွေးချယ်ခြင်းခံခဲ့ရတဲ့ ကစားသမားတွေကတော့ ပြီးခဲ့တဲ့ ရာသီကတကယ့်ကိုအကောင်းဆုံးစွမ်းဆောင်ရည်တွေပြသနိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။စာရေးသူအနေနဲ့ ကတော့ ၂၀၂၁ ခုနှစ် ဘယ်လွန်ဒေါဆုကိုအမှန်တကယ် ရသင့်တဲ့ ကစားသမား ၅ ဦးပဲမြင်မိပါတယ်။ ဒီ ၅ ဦးဟာလက်ရှိမှာလည်းဆုရဖို့ ရေပန်းအစားဆုံးဖြစ်နေပြီးပရိသတ် အများစုရဲ့ ရွေးချယ်မှုနဲ့လည်းတိုက်ဆိုင်လိမ့်မယ်လို့ ထင်ပါတယ်။

၁။ လီယွန်နယ် မက်ဆီ (ပီအက်စ်ဂျီ) | ဆုဖလားအောင်မြင်မှု – ကိုပါဒယ်ရေး၊ ကိုပါအမေရိကဖလား

၂။ လီဝမ်ဒေါစကီး (ဘေယန်မြူးနစ်) | ဆုဖလားအောင်မြင်မှု – ဘွန်ဒက်စ်လီဂါ၊ စူပါဖလား၊ ဖီဖာကလပ်ကမ္ဘာ့ဖလား

၃။ ဂျော်ဂျင်ဟို (ချဲလ်ဆီး) | ဆုဖလားအောင်မြင်မှု – ချန်ပီယံလိဂ်၊ ဥရောပစူပါဖလား၊ ယူရို ၂၀၂၀

၄။ အန်ဂိုလိုကန်တေ (ချဲလ်ဆီး) | ဆုဖလားအောင်မြင်မှု – ချန်ပီယံလိဂ်၊ ဥရောပစူပါဖလား

၅။ ကီဗင် ဒီဘရိုင်းနား (မန်ချက်စတာစီးတီး) | ဆုဖလားအောင်မြင်မှု – ပရီးမီးယားလိဂ်၊ လိဂ်ဖလား
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်