နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ဆုံးရ ပရီးမီးယားလိဂ်နဲ့ အခြား အားကစား သတင်းများ (အောက်တိုဘာ ၉ ၊ ၂၀၂၁)

အခုတစ်ခါ မှာတော့ SBOTOP ဘောလုံးဝါသနာရှင် ပရိသတ်တွေ အတွက် နောက်ဆုံး ရရှိထားတဲ့ ပရီးမီးယားလိဂ် အပါအဝင် စိတ်ဝင်စားဖွယ် အားကစား သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

စက်တင်ဘာလရဲ့ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမား အဖြစ် ရော်နယ်ဒို ရွေးချယ်ခံရ

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို အနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် စက်တင်ဘာလရဲ့ တစ်လတာ အကောင်းဆုံး ကစားသမား အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ စီရော်နယ်ဒို အနေနဲ့ စက်တင်ဘာအတွင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲမှာ သွင်းဂိုး ၃ ဂိုး ရရှိခဲ့ပြီး အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် လစ်ဗာပူး တိုက်စစ်မှူး မိုဟာမက်ခ်ဆာလာကို ကျော်ဖြတ်ပြီး အခုလို ရွေးချယ်ခံရတာ ဖြစ်တယ်လို့ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေက ဆိုပါတယ်။ ၂၀၀၈ မတ်လက ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တဲ့ ၁၃နှစ်ကျော် အကြာမှ တစ် ကျော့ပြန် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

 

နယူးကာဆယ် နည်းပြ ရာထူး အတွက် ရေပန်းအစားဆုံး ဖြစ်နေတဲ့ လမ်းပတ်နဲ့ ဂျရတ်

အကြီးစား ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ ရှိနေတဲ့ နယူးကာဆယ် အသင်းဟာ လက်ရှိ နည်းပြ စတိဗ်ဘရုစ်ရဲ့ နေရာမှာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေပြီလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် ချဲလ်ဆီး နည်းပြဟောင်း ဖရန့်ခ် လမ်းပတ်နဲ့ စကော့တလန် ကလပ် ရိန်းဂျား နည်းပြ စတီဗင် ဂျရတ်တို့ ရေပန်းအစားဆုံး ဖြစ်နေကြောင်း The Sunရဲ့ ဖော်ပြချက်အရ သိရပါတယ်။ လက်ရှိ နည်းပြ ဖြစ်သူ စတိဗ်ဘရုစ် အနေနဲ့ အသင်းကို အကောင်းဆုံး တာဝန်ယူကိုင်တွယ်နိုင်စွမ်း ရှိတယ်လို့ သုံးသပ်နေကြပေမယ့် အသင်း ဘက်က နည်းပြ အပြောင်းအလဲ ပြုလုပ်ဖို့ ကိုပဲ ပိုပြီး စိတ်အား ထက်သန်နေတာ တွေ့ရပါတယ်။ ချဲလ်ဆီး နည်းပြဟောင်း လမ်းပတ် အနေနဲ့ လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေပြီး ရိန်းဂျား နည်းပြ စတီဗင်ဂျရတ် ကလည်း ပရီးမီးယားလိဂ်ကို ပြန်လာလိုကြောင်း ထုတ်ဖော် ပြောဆိုမှုတွေ ရှိထားပါတယ်။ အခြား သတင်းရင်းမြစ်တွေ မှာတော့ နယူးကာဆယ်မှာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလ မတိုင်မီ နည်းပြ အပြောင်းအလဲ မြင်တွေ့ရဖို့ ရှိနေတယ်လို့ သုံးသပ် ဖော်ပြနေကြပါတယ်။

ချဲလ်ဆီး နည်းပြဟောင်း လမ်းပတ် အနေနဲ့ လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေပြီး ရိန်းဂျား နည်းပြ စတီဗင်ဂျရတ် ကလည်း ပရီးမီးယားလိဂ်ကို ပြန်လာလိုကြောင်း ထုတ်ဖော် ပြောဆိုမှုတွေ ရှိထားပါတယ်။
နယူးကာဆယ် နည်းပြ ရာထူး အတွက် ဂျရတ်နဲ့ အတူ ဖရန့်ခ်လမ်းပတ်လည်း ရေပန်း အစားဆုံး ဖြစ်နေခဲ့

၂၀၂၁ ဖီဖာ ကမ္ဘာ့ကလပ် ချန်ပီယံရှစ်ကို ရွှေ့ဆိုင်းဖို့ စီစဉ်နေ

ဖီဖာ အနေနဲ့ ဂျပန်နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပဖို့ သဘောတူညီထားတဲ့ ၂၀၂၁ ဖီဖာ ကမ္ဘာ့ကလပ် ချန်ပီယံရှစ် ပြိုင်ပွဲ ကျင်းပမယ့် ရက်ကို ရွှေ့ဆိုင်းဖို့ စီစဉ်မှုတွေ ရှိနေတယ်လို့ The New Arab ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဂျပန်နိုင်ငံဟာ ၂၀၂၀ အိုလံပစ်ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပေမယ့် အခုလ အစောပိုင်းမှာ ပိုမို ဆိုးရွားလာတဲ့  Covid 19 ရောဂါ ကူးစက်မှု အခြေအနေကြောင့် ပြိုင်ပွဲ လက်ခံကျင်းပဖို့ မသေချာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။ ဖီဖာရဲ့ တာဝန်ရှိသူတွေ အနေနဲ့ ပြိုင်ပွဲကို သတ်မှတ်ထားတဲ့ ဒီဇင်ဘာလ အတွင်း ကျင်းပမယ့် အစား ၂၀၂၂ ဇန်နဝါရီ၊ ဖေဖော်ဝါရီလတွေမှာ ကျင်းပဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ဒီပွဲ မှာတော့ ဥရောပ ချန်ပီယံ ချဲလ်ဆီး၊ သမုဒ္ဒရာပိုင်းဇုန်ချန်ပီယံ အော့ကလန်စီးတီး၊ အာဖရိကချန်ပီယံ အယ်လ်အာလီတို့ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိထားပြီး တောင်အမေရိကဇုန်ချန်ပီယံ၊ အာရှဇုန်ချန်ပီယံ၊ ကွန်ကာကပ်ဖ်ဇုန် ချန်ပီယံနဲ့ အိမ်ရှင် ကလပ် အသင်း တစ်သင်း ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိထားပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်