နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဟိုက်ပါ ကယ်ရီ ဟီးရိုး ရော်နယ်ဒိုရဲ့ နောက်ကျဂိုးနဲ့ နိုင်ပွဲ ရခဲ့တဲ့ ယူနိုက်တက် (ချန်ပီယံလိဂ် ပွဲပြီး သုံးသပ်ချက်)

မန်ချက်စတာယူနိုက်တက် ၂ – ၁ ဗီလာရီးရဲယ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု အဆင့် ပွဲစဉ် ၂ မှာတော့ မန်ချက်စတာ ယူနိုက်တက်တို့ ရော်နယ်ဒို သွင်းယူပေးခဲ့တဲ့ အချိန်ပို နောက်ဆုံး မိနစ် သွင်းဂိုးနဲ့ ဗီလာရီးရဲယ်ကို အနိုင်ယူပြီး ၃ မှတ် စတင် ရရှိသွားခဲ့ပါတယ်။

ဒီနေ့ပွဲ မှာလည်း ဆိုးလ်ရှားရဲ့ အသင်းက အားနည်းချက် များစွာ ရှိခဲ့တဲ့ အပြင် ဧည့်သည် ဗီလာရီးရဲယ် အသင်းရဲ့ ကစားပုံချိန်ကြောင့် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပြီး ရော်နယ်ဒိုရဲ့ နောက်ဆုံး မိနစ်၊ နောက်ဆုံး စက္ကန့် သွင်းဂိုးကြောင့်ပဲ အဖိုးတန် နိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဆိုးလ်ရှား အနေနဲ့ ကွင်းလယ်မှာ တော်မီနေးနဲ့ ပေါ့ဘာ တွဲဖက်ပေးခဲ့ပြီး ခံစစ် ညာအစွန်မှာ ဒါးလော့တ်၊ ဘယ်အစွန်မှာ အဲလက်စ် တဲလက်စ်၊ ဗဟိုခံစစ်မှာ မက်ဂွိုင်း ဒဏ်ရာရနေလို့ လင်ဒီအော့ဖ်နဲ့ ဗာရန်းကို အသုံးပြုခဲ့ပါတယ်။ တောင်ပံတွေ ဂရင်းဝုဒ်၊ ဆန်ချို၊ အလယ်မှာ ဘရူနိုဖာနန်ဒက်စ်နဲ့ အထောင် တိုက်စစ်မှူး အဖြစ် ရော်နယ်ဒိုကိုပဲ ပွဲထွက်စေခဲ့တာ တွေ့ရပါတယ်။ အူနိုင်း အန်မေရီရဲ့ အသင်း ကတော့ ဂျရန် မော်ရီနို၊ ချူကွီဇီ၊ ကိုကွီလင်က လွဲလို့ လူစုံခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ အိမ်ရှင် ယူနိုက်တက်ကို ခြေစွမ်းအသာနဲ့ ကစားသွားနိုင်ခဲ့ပါတယ်။ အခုပွဲမှာ ယူနိုက်တက် ဂိုးသမား ဒါးဗစ် ဒက်ဟဲယားသာ လက်စွမ်းမပြနိုင်ခဲ့ရင် ဂိုးပြတ် ရှုံးနိုင်တဲ့ ပွဲလို့ ပြောရမှာ ဖြစ်ပြီး ဗီလာရီးရယ် ကပဲ ဒုတိယပိုင်း ၅၃ မိနစ်မှာ ဦးဆောင်ဂိုး စတင် သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် မိနစ် ၆၀ အရောက်မှာ အဲလက်စ် တဲလက်စ်က မြေမကျ ကန်သွင်းပြီး ချေပဂိုး ရယူပေးနိုင်ခဲ့ပေမယ့် ပွဲပြီးခါနီး အထိကို ဧည့်သည် ဗီလာရီးရဲယ် အသင်း  ကပဲ တည်တည်ငြိမ်ငြိမ်နဲ့ ယူနိုက်တက်ကို ထိန်းချုပ် ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မိနစ် ၉၀ ပြည့်လို့ နာကျင် အချိန်ပို နောက်ဆုံး မိနစ် မှာတော့ မထင်မှတ်တဲ့ အနေအထား ကနေ ချန်ပီယံလိဂ် ရဲ့ စံချိန်များရှင် ရော်နယ်ဒို က လင်ဂတ်ရဲ့ ပေးပို့မှုကို အကောင်းဆုံး အဆုံးသတ်ပေးခဲ့လို့ ၂-၁ ရလဒ်နဲ့ ယူနိုက်တက်တို့ အနိုင်ရရှိသွားခဲ့ ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ဆိုးလ်ရှားရဲ့အသင်းက ဒီနေ့ပွဲမှာ ဒါးဗစ် ဒက်ဟဲယားရဲ့ လက်စွမ်းပြမှု၊ အဲလက်စ် တဲလက်စ်ရဲ့ လှပတဲ့ သွင်းဂိုးနဲ့ ရော်နယ်ဒိုရဲ့ အဆုံးသတ် သေချာမှုကြောင့်သာ ချန်ပီယံလိဂ် နိုင်ပွဲ ရခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက် ကစားသမားဘဝ ပထမဦးဆုံး သွင်းဂိုး ရယူနိုင်ခဲ့တဲ့ အဲလက်စ်တဲလက်စ်

ဆိုးလ်ရှားရဲ့အသင်းက ဒီနေ့ပွဲမှာ ဒါးဗစ် ဒက်ဟဲယားရဲ့ လက်စွမ်းပြမှု၊ အဲလက်စ် တဲလက်စ်ရဲ့ လှပတဲ့ သွင်းဂိုးနဲ့ ရော်နယ်ဒိုရဲ့ အဆုံးသတ် သေချာမှုကြောင့်သာ ချန်ပီယံလိဂ် နိုင်ပွဲ ရခဲ့တာ ဖြစ်ပါတယ်။ ဒက်ဟဲယား အနေနဲ့ တစ်ပွဲလုံး ကာကွယ်မှု ၆ ကြိမ်ထက် မနည်း ပြုလုပ်သွားနိုင်ခဲ့ပြီး ပြိုင်ဘက် အသင်းရဲ့ ဂိုးသမား ရူလီထက်တောင် ပိုပြီး ကာကွယ်ခဲ့ရတာ ဖြစ်ပါတယ်။ နောက်ပြီး တဲလက်စ်ရဲ့ ချေပဂိုးသာ မရခဲ့ရင် ယူနိုက်တက်တို့ အနိုင်ရဖို့ လမ်းစတောင် မရှိပါဘူး။ ပေါ့ဘာနဲ့ တော်မီနေးတို့ ထရစ်ကဲယော့စ်၊ ကာပူး၊ ပယ်ရီဟို တို့ရဲ့ ဗီလာရီးရဲယ် ကွင်းလယ်ကို မယှဉ်နိုင်ခဲ့သလို ဗာရန်းနဲ့ လင်ဒီအော့ဖ်ရဲ့ ခံစစ် ကလည်း တည်ငြိမ်မှု မရှိခဲ့ပါဘူး။ နောက်ဆုံး ချီးကျူးရမှာက ရော်နယ်ဒိုပါ။ ရော်နယ်ဒို ကတော့ ရော်နယ်ဒိုပါပဲ။ ယူနိုက်တက်တို့ လိုအပ်နေချိန်တိုင်းမှာ အမြဲတမ်း ရှိပေးနေသူ ဆိုတာကို နောက်ထပ် တစ်ကြိမ် သက်သေပြနိုင်ခဲ့တယ်လို့ ဆိုရပါမယ်။ ယူနိုက်တက် ပရိသတ်တွေ ဆိုရင် ပွဲအပြီးမှာ ဗီဗာ ရော်နယ်ဒို သီချင်းကိုပဲ သီဆို အောင်ပွဲခံခဲ့တဲ့ အထိ ရော်နယ်ဒိုရဲ့ သက်ရောက်ဟာ တော်တော်လေးကို ကြီးမားခဲ့တာ တွေ့ရပါတယ်။ ဘာပဲပြောပြော ယူနိုက်တက်တို့ ခြေစွမ်း ညံ့ခဲ့ပေမယ့် ရော်နယ်ဒိုရဲ့ ကယ်တင်မှုကြောင့် အဖိုးတန် ၃ မှတ် ရပြီး ဆိုးလ်ရှားလည်း အနည်းငယ် အသက်ရှူချောင်သွားခဲ့ပါတယ်။

 

ရော်နယ်ဒိုရဲ့ ချန်ပီယံလိဂ် စံချိန်သစ်များ

ရော်နယ်ဒိုဟာ ဒီနေ့ပွဲမှာ  ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ပွဲအများဆုံး ကစားထားတဲ့ ကစားသမား အဖြစ် စံချိန် မှတ်တမ်း ဝင်ခဲ့ပြီး ကာဆီးလက်စ်ရဲ့ ၁၇၇ ပွဲ စံချိန်ကို ကျော်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက် အတွက် ချန်ပီယံလိဂ် သမိုင်းမှာ ဒုတိယမြောက် အသက်အကြီးဆုံး ဂိုးသွင်းသူ ဖြစ်ခဲ့သလို မိနစ် ၉၀ မှာ အနိုင်ဂိုး သွင်းယူနိုင်တဲ့ ပွဲ ၃ ပွဲ အထိ ရှိလာခဲ့ပြီး အဂွဲရိုးရဲ့ စံချိန်နဲ့လည်း တူညီခဲ့ပါတယ်။

ရိုနယ်ဒိုဟာ ချန်ပီယံလိဂ် သမိုင်းမှာ အချိန်ပို သွင်းဂိုး အများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ ကစားသမား ဘဝ တစ်လျှောက် ချန်ပီယံလိဂ်မှာ မိနစ် ၉၀ နောက်ပိုင်း ၁၂ ဂိုး သွင်းယူထားပြီး ပီအက်စ်ဂျီ တိုက်စစ်မှူး မက်ဆီ ကတော့ ၆ ဂိုး သွင်းယူထားခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ယူနိုက်တက်တို့ လာမယ့် စနေနေ့ ပရီးမီးယားလိဂ်မှာ အဲဗာတန်နဲ့ ပွဲကြပ်ကစားရဦးမှာ ဖြစ်လို့ အခုထက် ပိုပြီး ခြေစွမ်း  တည်ငြိမ်ဖို့၊ တိုးတက်ဖို့ လိုအပ်နေပြီလို့ပဲ ဆိုရပါမယ်။ ဒါ့အပြင် ဒီရာသီ အတွက် ပထမဦးဆုံး ရှုံးပွဲ တွေ့သွားခဲ့တဲ့ ဗီလာရီးရဲယ် ကတော့ လာမယ့် ရက်မှာ ဘက်တစ်နဲ့ လာလီဂါ ပွဲကြပ် ဆက်ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်