နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂျာမန် ဘီလူးတို့ ဂိုးမြူးဦးမယ် | ဘေယန်မြူးနစ် – ဒိုင်နမိုကိယက်ဗ် (ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်)

ဘေယန်မြူးနစ် -ဒိုင်နမိုကိယက်ဗ်

ဂျာမန် ထိပ်သီး ဘေယန်မြူးနစ် ကတော့ လာမယ့် စက်တင်ဘာလ ၃၀ ရက်နေ့မှာ ချန်ပီယံလိဂ် အုပ်စု အဆင့် ဒုတိယ ပွဲစဉ် အဖြစ် ယူကရိန်း ကလပ် ဒိုင်နမိုကိယက်ဗ်ကို အလိုင်းရန့်ဇ် အရီနာမှာ ဧည့်ခံကစားဖို့ ရှိနေပါတယ်။

နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၂ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိခဲ့သလို ၈ ပွဲဆက် နိုင်ပွဲ ရရှိထားတဲ့ ဘေယန်မြူးနစ်တို့ နည်းပြသစ် ဂျူလီယန် နေဂျဲလ်စ်မန်းရဲ့လက်အောက်မှာ အကောင်းဆုံး ပုံစံ ပြန်ရနေပြီလို့ ပြောရပါမယ်။ ဘေယန်တို့ ဒီရာသီ မှာလည်း ပြိုင်ဘက်တိုင်း ထိတ်လန့်နေရတဲ့ အသင်း အဖြစ် တည်ဆောက်ထားနိုင်ဆဲ ဖြစ်ကြောင်း ချန်ပီယံလိဂ် အဖွင့်ပွဲမှာ ဘာစီလိုနာကို ဂိုးပြတ် အနိုင်ယူပြထားခဲ့ပြီး ဖြစ်ပါတယ်။ နောက်ဆုံး ကစားထားတဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ် ၂ ပွဲမှာ ၁၀ ဂိုးသွင်းပြီး လက်ရှိ ဥရောပရဲ့ တိုက်စစ် အကောင်းဆုံး အသင်း အဖြစ် သတ်မှတ်ခံထားရပါတယ်။ တစ်ပွဲ ပျမ်းမျှ ၄ ဂိုးနှုန်း သွင်းထားတဲ့ ဘေယန်မြူးနစ်တို့ Clean Sheet လည်း ၇ ပွဲ ပိုင်ဆိုင်ထားပါတယ်။ လက်တလော ကွင်းလယ်က တိုလစ်ဆိုနဲ့ကိုမန်တို့ ဒဏ်ရာကြောင့် အနားယူနေရပေမယ့် တောင်ပံမှာလူငယ် ကြယ်ပွင့် မူဆီရာလာ ခြေစွမ်းပြနေပြီး ခံစစ် ကစားသမား ဒါယော့တ် အူပါမီကာနို ကလည်း အသင်းသစ်နဲ့ လျင်လျင်မြန်မြန်ပဲ အသားတကျ ကစားနိုင်တာ တွေ့ရပါတယ်။ အခုပွဲ မှာလည်း တိုက်စစ်က ရောဘတ် လီ၀မ်ဒေါစကီး ကိုပဲ အဓိကထား စောင့်ကြည့်ရဖို့ ရှိနေပြီး ပိုလန် တိုက်စစ်မှူးကြီး အနေနဲ့ ဘေယန်မြူးနစ် အတွက် ဒီရာသီ ပြိုင်ပွဲစုံ ၈ ပွဲ ကစား‌ပေးထားပြီး ၁၁ ဂိုး သွင်းယူထားပါတယ်။

 
ဘေယန်မြူးနစ်တို့ အခုပွဲမှာ အလေးသာနေပေမယ့် လက်ရှိ ခြေစွမ်းပိုင်းအရ ဒိုင်နမိုကိယက်ဗ် ဟာလည်း အထင်သေးလို့ မရတဲ့ အသင်း ဖြစ်ပါတယ်။ ဒီရာသီ ယူကရိန်း ပြည်တွင်းလိဂ်မှာ ၉ ပွဲ ကစား၊ ၈ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရှုံးပွဲ လုံး၀ မရှိသေးတဲ့ ဒိုင်နမိုကိယက်ဗ် အနေနဲ့ အဲ့ဒီ ၉ ပွဲ သွင်းဂိုး ၂၅ ဂိုး ရရှိပြီး ပေးဂိုး ကတော့ ၂ ဂိုးပဲ ရှိထားပါတယ်။ ခြေတက်နေတဲ့ ဘင်ဖီကာကို ချန်ပီယံလိဂ် အဖွင့်ပွဲမှာ သရေကစားနိုင်ခဲ့ပြီး အခုပွဲကနေ တတ်နိုင်သမျှ အမှတ်ရဖို့ ကြိုးပမ်းလာပါလိမ့်မယ်။ လက်တလော ဒဏ်ရာကြောင့် အနားယူနေရတဲ့ ကစားသမား ၃ ဦးသာ ရှိပြီး ပိုပေါ့ဗ်၊ ဘိုင်ဆီဒင်၊ ကူလက်ခ်ျ တို့ လွဲချော်မယ်လို့ သိရပါတယ်။ ဒါပေမယ့် ရှာပါရန်ကို၊ မိုင်ကိုလန်ကို၊ ဆိုင်ဒိုချက်ခ်၊ ဇဘာညီ၊ ဘူရှ်ချမ်း တို့လို အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာမယ့် သဘော ရှိပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း

သမိုင်းတစ်လျှောက် ဘေယန်မြူးနစ်နဲ့ ဒိုင်နမိုကိယက်ဗ်တို့ ၉ ကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ဘေယန်က ၅ ပွဲနိုင်ပြီး ဒိုင်နမိုကိယက်ဗ်က ၄ ကြိမ် ပြန်ပြီး အနိုင်ရထားပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်း တစ်ကြိမ်သာ တွေ့ဆုံထားခဲ့ပြီး ၂၀၀၀ ခုနှစ် နောက်ဆုံး ကစားခဲ့တဲ့ပွဲ မှာတော့ ယူကရိန်း ကလပ်က ၂-၀ နဲ့ အနိုင်ရထားခဲ့ပါတယ်။ ဘေယန်မြူးနစ်တို့ ယူကရိန်း ကလပ်တွေနဲ့ ၂၀၁၅/၁၆ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက် အဆင့်မှာ နောက်ဆုံး တွေ့ဆုံထားခဲ့ပြီး ရှက်တာဒိုးနက်စ်ကို နှစ်ကျော့ပေါင်း ၇-၀ နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဘေယန်မြူးနစ် – ဒိုင်နမိုကိယက်ဗ် အချိန်ပြည့် 1X2 အိမ်ရှင် @ ၁.၁၀ ဆ
စက်တင်ဘာလ ၃၀ရက် , မနက် ၁:၃၀ နာရီ (GMT + ၆:၃၀)

1×2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင် အတွက် ၁.၁၀ ဆ၊ဧည့်သည် အတွက် ၂၃.၀၀ ဆ နဲ့  သရေအတွက်  ၁၀.၀၀ ဆ ဖြစ်ပါတယ်။နေဂျဲလ်စ်မန်းနဲ့ ဘေယန်မြူးနစ် တို့ တဖြည်းဖြည်း ထပ်တူကျလာပြီး ဂိုးသွင်းလည်း ကြမ်းနေတာ တွေ့ရပါတယ်။ ရာသီအစမှာ အိပ်ငိုက်နေခဲ့တဲ့ ဂျာမန် ဘီလူးကြီး နိုးထလာပြီလို့ ပြောလို့ ရပါတယ်။ အဲ့တော့ ထုံးစံအတိုင်း ဘေယန်မြူးနစ် ဘက်ကနေပဲ ယုံကြည်မှု အပြည့်နဲ့ ပုံအောလိုက်ပါ။ ဂိုးပေါင်း ၃ ဂိုးနဲ့ အထက်ကို ထပ်ထည့်ချင်သပ ဆိုရင်လည်း ဖြစ်ပါသေးတယ်။ ဘေယန်မြူးနစ် ဂိုးပြတ်သွင်းမယ့် ပွဲပါ။

ခန့်မှန်းရလဒ် (၃-၀)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်