နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခြေတက်နေတဲ့ ဘင်ဖီကာကြောင့် ပေါ်တူဂီမြေမှာ ရုန်းကန်ရဦးမယ့် ဘာကာ | ဘင်ဖီကာ – ဘာစီလိုနာ(ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်)

ဘင်ဖီကာ -ဘာစီလိုနာ

၂၀၂၁-၂၀၂၂ ချန်ပီယံလိဂ် နိုင်ပွဲ စတင် ရှာဖွေကြရမယ့် ဘင်ဖီကာနဲ့ ဘာစီလိုနာ တို့ရဲ့ တွေ့ဆုံမှု ကလည်း စိတ်၀င်စားစရာပါပဲ။ ခြေစွမ်း ထက်မြတ်နေတဲ့ ဘင်ဖီကာတို့ တပ်ပျက်နေတဲ့ ဘာစီလိုနာကို ဘယ်လောက် အထိ ဒုက္ခပေးနိုင်ဦးမလဲ ဆိုတာ စောင့်ကြည့်ရမယ့် ပွဲလည်း ဖြစ်ပါတယ်။

ဘင်ဖီကာတို့ အဖွင့်ပွဲမှာ ဒိုင်နမိုကိယက်ဗ်နဲ့ သရေကျခဲ့ပေမယ့် ထင်သလောက် ခြေစွမ်း မဆိုးခဲ့တာ တွေ့ရပါတယ်။ တစ်ပွဲလုံး အတိုင်းအတာနဲ့ ဂိုးပေါက်ခြိမ်းခြောက်မှု၊ ဘောလုံးပိုင်ဆိုင်မှု အဘက်ဘက်က အသာစီးရခဲ့ပေမယ့် ဒိုင်နမိုကိယက်ဗ်ရဲ့ မာကျောမှုကြောင့် ပေါ်တူဂီ ထိပ်သီးတို့ သရေ တစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရတာပါ။ တကယ်တော့ ဘင်ဖီကာတို့ အခုနှစ်
ချန်ပီယံလိဂ် ကို လွယ်လွယ်ကူကူ ကစားခွင့်ရခဲ့တာတော့ မဟုတ်ပါဘူး။ စပါးတက် မော်စကို၊ ပီအက်စ်ဗွီ တို့ကို အဆင့်ဆင့် ကျော်ဖြတ်ပြီးမှ အုပ်စု အဆင့်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီ ပြည်တွင်း အမှတ်ပေးပြိုင်ပွဲ မှာလည်း ရာနှုန်းပြည့် အနိုင်ရထားပြီး အမှတ်ပေးဇယား ဒုတိယ နေရာက ပေါ်တိုကို ၄ မှတ်ဖြတ် ဦးဆောင်ထားနိုင်ပါတယ်။ ဘင်ဖီကာတို့ ခံစစ်က အဲလ်မေးဒါး ကလွဲလို့ လူပြန်စုံနေပြီး ဖြစ်နိုင်ဖွယ် လူစာရင်းအရ ဗာတွန်ဂန်၊ အော့တာမန်ဒီ၊ လာဇာရို၊ ဂျာအို မာရီယို၊ ရာဖာ ဆေးလ်ဗား၊ ယာရမ်ချက်ခ် တို့နဲ့ ဘာစီလိုနာကို ရင်ဆိုင်လာမယ့် သဘော ရှိပါတယ်။

 
မက်ဆီ စွန့်ခွာသွားတဲ့ ဘာစီလိုနာ ကတော့ လက်ရှိအချိန်ထိ ဆောက်တည်ရာမရ ဖြစ်နေဆဲပါ။ ဒီလို ပြောလို့ ရော်နယ်ကိုးမန်းရဲ့ အသင်းက ရလဒ်တွေ ဆိုးနေတာတော့ မဟုတ်ဘူး။ ဒါပေမယ့် ကစားပုံ ကတော့ ဘာစီလိုနာမှ ဟုတ်ရဲ့လား ဆိုပြီး ပြန်မေးရလောက်အောင် ဆိုးရွားနေပါတယ်။ ဘေယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲမှာ ဆိုရင် ၃ ဂိုးပြတ် ရှုံးနိမ့်ခဲ့တယ် ဆိုတာထက် ပြိုင်ဘက် နောက်တန်းကို ဂိုးပေါက်တည့်မှု တစ်ကြိမ်မှ မရှိခဲ့တာက ဘာစီလိုနာ အတွက် ပိုပြီး စိတ်ပျက်စရာကောင်းတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါ့အပြင် ကာဒစ်ဇ်နဲ့ ပွဲမှာ နောက်ခံလူ ပီကေးကို ရှေ့တန်း တက်ကန်ခိုင်းခဲ့ရတာကို ကြည့်ခြင်းအားဖြင့် ဘာစီလိုနာရဲ့ အသင်း ဟန်ချက် တော်တော်လေး ပျက်နေခဲ့တယ် ဆိုတာ လက်ခံလို့ ရပါတယ်။ လာလီဂါမှာတော့ အန်ဆု ဖာတီ ပြန်လည် ပါ၀င်လာမှုနဲ့ အတူ မန်းဖစ် ဒီပေး၊ လုခ်ဒီယောင်တို့ ခြေစွမ်းပြခဲ့ပြီး လီဗန်တေး ၃ ဂိုးပြတ်နဲ့ အနိုင်ရထားပါတယ်။ ၂ ပွဲဆက် သရေကျခဲ့ပြီးမှ ဂိုးပြတ် နိုင်ပွဲ ပြန်ရခဲ့လို့ ကိုးမန်းတို့ အုပ်စု စိတ်ဓာတ်ပိုင်းက မြင့်မားနေပေမယ့် ခြေစွမ်းပိုင်း ကတော့ စောင့်ကြည့် အခြေအနေမှာပဲ ရှိ‌နေပါသေးတယ်။ အခုပွဲ မာတင် ဘရေ့သ်ဝိတ်၊ အဂွဲရိုး၊ ဒမ်ဘီလီတို့ လွဲချော်ဦးမှာ ဖြစ်ပြီး ဒီပေး၊ လုခ် ဒီယောင်၊ ဖရန်ကီ ဒီယောင်၊ ကော်တင်ဟို၊ ဂါဗရီယာ၊ ပီကေး၊ ဘူးစကွက်စ်၊ အာရူဟို၊ ဒက်စ်၊ မင်ကွီဇာ၊ စတီဂျန် တို့တော့ ပွဲထွက်လူစာရင်းမှာ ကျိန်းသေပေါက် ပါ၀င်လာဖို့ ရှိပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း

ဘင်ဖီကာနဲ့ ဘာစီလိုနာတို့ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် ၇ ကြိမ် တွေ့ဆုံခဲ့ဘူးပြီး ဘာစီလိုနာက ၃ ကြိမ်နိုင်၊ ဘင်ဖီကာက ၁ ကြိမ်နိုင်နဲ့ ၃ ကြိမ်ကတော့ သရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ၂၀၁၂-၂၀၁၃ ချန်ပီယံလိဂ် အုပ်စု အဆင့်မှာ နောက်ဆုံး တွေ့ဆုံထားခဲ့ပြီး ဘင်ဖီကာ ကွင်းမှာ ဘာစီလိုနာတို့ ၂ ဂိုးပြတ် အနိုင်ရထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဘင်ဖီကာ – ဘာစီလိုနာ အချိန်ပြည့် 1×2သရေ @၃.၅၀ ဆ
စက်တင်ဘာလ ၃၀ရက် , မနက် ၁:၃၀ နာရီ (GMT + ၆:၃၀)

ဘာကာ အခက် ဘင်ဖီကာ အချက် ဖြစ်လာနိုင်မလား ဆိုပြီး တွေးမိပါတယ်။ 1×2 မှာ ဘင်ဖီကာ နိုင်ရင် ၂.၈၀ ဆ၊ ဘာကာ နိုင်ရင် ၂.၄၀ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ သရေ ဆိုရင်တော့ ၃.၅၀ ဆ ရမှာ ဖြစ်ပါတယ်။ ပေါ်တူဂီမြေမှာ ကစားရမယ့် ပွဲဖြစ်လို့ ဘင်ဖီကာတို့ အမှတ်ရမယ် ထင်ပါတယ်။ ဂိုး အနည်း ကိုလည်း သဘောကျနေပါတယ်။

ခန့်မှန်းရလဒ် (၁-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်