နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူကရိန်းမြေ ၃ မှတ် စယူမယ့် အင်တာမီလန် | ရှက်တာဒိုးနတ်စ် – အင်တာမီလန် (ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်)

ရှက်တာဒိုးနတ်စ် – အင်တာမီလန်

ချန်ပီယံလိဂ် အုပ်စု(D)က ရှက်တာဒိုးနက်စ်နဲ့ အင်တာမီလန် တို့ရဲ့ ပွဲကလည်း စက်တင်ဘာလ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၁:၁၅ နာရီမှာပဲ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

ရှက်တာဒိုးနတ်စ်တို့ ချန်ပီယံလိဂ် အဖွင့် ပွဲစဉ်မှာ မထင်မှတ်ပဲ ၁၉၉၃ ခုနှစ် ကမှ စတင် တည်ထောင်ခဲ့တဲ့ မော်လ်ဒိုဗာ ကလပ် ရှရစ်ဖ်ကို ၂ ဂိုးပြတ်နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ပြီး အုပ်စု အောက်ဆုံးကို ရောက်နေခဲ့ပါတယ်။ ရှရစ်ဖ်နဲ့ ပွဲမှာ ရှက်တာတို့ ဘောလုံးပိုင်ဆိုင်မှု ၇၅ ရာခိုင်နှုန်း၊ ဂိုးပေါက် ကန်ချက်အကြိမ် ၂၀ အထိ ရှိခဲ့ပေမယ့် အဆုံးသတ်မှာ အားနည်းခဲ့လို့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ အသင်း သမိုင်းတစ်လျှောက် ချန်ပီယံလိဂ် ၁၅ ကြိမ် ကစားခွင့်ရခဲ့ပေမယ့် အုပ်စု အဆင့် ကနေ လှည့်ပြန်ရတာ ကလည်း ၁၁ ကြိမ် အထိ ရှိခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ လက်ရှိ ရာသီမှာ ဘင်နီဗန်တိုနဲ့ ဆာဆူအိုလို နည်းပြ‌ဟောင်း ရော်ဘတ်တို ဒီဇာဘီ ကိုင်တွယ်နေတဲ့ ရှက်တာဒိုးနက်စ်တို့ ယူကရိန်း ပြည်တွင်းလိဂ် မှာတော့ ရလဒ်‌တွေ ကောင်းနေခဲ့ပြီး ဒီရာသီမှာ ၁ ပွဲပဲ ရှုံးထားပါသေးတယ်။ ရှရစ်ဖ်ကို ရှုံးနိမ့် အပြီး နောက်ဆုံး ၃ ပွဲဆက် ဂိုးပြတ် နိုင်ပွဲ ရရှိထားသလို ရဂိုး ၁၂ ဂိုး၊ ပေးဂိုး ၁ ဂိုးပဲ ရှိခဲ့တာ တွေ့ရပါတယ်။ နောက်ဆုံး သတင်းတွေ အရအခု လာမယ့်ပွဲကို‌တော့ မို‌ယေးစ်၊ ဒန်တင်ဟို၊ ဖာနန်ဒို၊ မတ်ဗီယန်ကို၊ ကိုနိုပလေရန်ကာတို့ ဒဏ်ရာကြောင့် လွဲချော်မယ်လို့ သိရပါတယ်။

 
အင်တာမီလန် ကတော့ ကွန်တီ၊ လူကာကူတို့ စွန့်ခွာသွားပေမယ့် နည်းပြသစ် ဆီမြွန်နီ အင်ဇာဂီရဲ့ လက်အောက်မှာ ပြီးခဲ့တဲ့ ရာသီက ပုံစံကောင်း တစ်ခုကို ဆက်လက် ထိန်းထားနိုင်တာ တွေ့ရပါတယ်။ အင်တာတို့ လက်ရှိ ရာသီ ပြိုင်ပွဲစုံ ၇ ပွဲ ကစားထားပြီး ရီးရဲယ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် အဖွင့် ပွဲစဉ် ၁ ပွဲပဲ ရှုံးနိမ့်ထားခဲ့ပါတယ်။ တိုက်စစ် လိုအပ်ချက် အတွက် အီဒင် ဒီဂျက်ကိုနဲ့ အစားထိုးခဲ့တာဟာ အင်ဇာဂီရဲ့ မှန်ကန် ရွေးချယ်မှု လို့ ပြောရမှာ ဖြစ်ပြီး ဘော့စနီးယား တိုက်စစ်မှူးကြီး ကတော့ အသက်နဲ့ မလိုက်အောင် ဂိုးမြူးနေဆဲ ဖြစ်ပါတယ်။ တစ်ပွဲ ပျမ်းမျှ ၃ ဂိုးနဲ့ အထက် သွင်းယူထားနိုင်တဲ့ တိုက်စစ်က အားရစရာ ဖြစ်ပေမယ့် ခံစစ် က‌တော့ တစ်ပွဲ ၁ ဂိုးနှုန်းလောက် ပြန်ပေးထားတာ တွေ့ရပါတယ်။ အဖွင့်ပွဲမှာ အမှတ် ဆုံးရှုံးထားတဲ့ အင်တာတို့ နောက်တစ်ဆင့်တက်‌ရေး အတွက် အမှတ်ယူရမှာ ဖြစ်လို့ လူစုံတက်စုံနဲ့ ရှက်တာကို ရင်ဆိုင်လာပါလိမ့်မယ်။ အဓိက ကစားသမားတွေ ဒဏ်ရာပြသနာ ကင်းရှင်းနေတာ ကတော့ အင်ဇာဂီ အတွက် စိတ်အေးစရာ အခြေအနေပါပဲ။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ရှက်တာဒိုးနတ်စ်တို့ ချန်ပီယံလိဂ် အဖွင့် ပွဲစဉ်မှာ မထင်မှတ်ပဲ ၁၉၉၃ ခုနှစ် ကမှ စတင် တည်ထောင်ခဲ့တဲ့ မော်လ်ဒိုဗာ ကလပ် ရှရစ်ဖ်ကို ၂ ဂိုးပြတ်နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ပြီး အုပ်စု အောက်ဆုံးကို ရောက်နေခဲ့ပါတယ်။
ချန်ပီယံလိဂ် အုပ်စု (D)ရဲ့ အောက်ဆုံး နေရာကို ရောက်ရှိနေတဲ့ ရှက်တာဒိုးနတ်စ်

အင်တာနဲ့ ရှက်တာတို့ သမိုင်းတစ်လျှောက် ချန်ပီယံလိဂ်မှာ ၄ ကြိမ် ထိပ်တိုက် တွေ့ဆုံထားပြီး ထူးထူးခြားခြား ၃ ပွဲ သရေကျထားပါတယ်။ ၂၀၂၀ ယူရိုပါလိဂ် အကြိုဗိုလ်လုပွဲ မှာတော့ မာတီနက်ဇ်၊ အန်ဘရိုစီယို၊ လူကာကူ တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၅-၀ ရလဒ်နဲ့ အင်တာမီလန်တို့ ပြတ်ပြတ်သားသား အနိုင်ရထားခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ရှက်တာဒိုးနတ် – အင်တာမီလန် အချိန်ပြည့် 1X2 ဧည့်သည် @ 1.51
စက်တင်ဘာလ ၂၈ ရက် , ည ၁၁:၁၅ နာရီ (GMT + ၆:၃၀)

1X2  ရဲ့ ပေါက်ကြေးအရ အိမ်ရှင် အတွက် ၆.၀၀ ဆ ၊ ဧည့်သည် အတွက် ၁.၅၃ ဆ နဲ့  သရေအတွက် ၄.၄၀ ဆ ဖြစ်ပါတယ်။ ရှက်တာဒိုးနတ်စ်ဟာ ယူကရိန်းမြေမှာ ဆိုရင် အင်တာကို အမြဲတမ်း ခက်ခဲစေခဲ့သလို လက်တလော ခြေစွမ်းပိုင််း ပြန်လည် တည်ငြိမ်နေတာကြောင့် အင်ဇာဂီရဲ့ အသင်း ခက်ခက်ခဲခဲတော့ ကစားရဦးမှာပါ။ ဒါပေမယ့် အရည်အသွေးမြင့် ကစားသမားတွေ များစွာ ရှိပြီး Final Third မှာ စိတ်ချလို့ ရတဲ့ အသင်း ဖြစ်တဲ့ အင်တာမီလန်ကို ယုံကြည်တာက ရင်နာစရာ ဖြစ်လာစရာ အကြောင်း မရှိလောက်ဘူး ထင်ပါတယ်။ ဧည့်သည် အသင်း တစ်ဂိုးဘအသာလောက်နဲ့ ကပ်နိုင်သွားမယ့် ပွဲလို့ပဲ ထင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်