နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိုဒီဂတ်ဒ်ရဲ့ ဖရီးကစ် ဂိုးနဲ့ နိုင်ပွဲဆက်တဲ့ အာဆင်နယ် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

ဘန်လေ ၀ – ၁ အာဆင်နယ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ အာဆင်နယ်တို့ ဘန်လေ အိမ်ကွင်း တက်ဖ်မောမှာ အိုဒီဂတ်ရဲ့ တစ်လုံးတည်းသော ဖရီးကစ် သွင်းဂိုးနဲ့ အနိုင်ရခဲ့ပြီး အမှတ်ပေးဇယား အလယ်လောက်ကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။ မီခယ် အာတေးတားရဲ့ အသင်းဟာ လိုအပ်ချက်တွေ အများကြီး ရှိနေသေးပေမယ့်လည်း ဘန်လေလို ကစားပုံ မာကျောတဲ့ အသင်း ဆီကနေ အနိုင် ၃ မှတ် အရယူနိုင်ခဲ့တာ ကတော့ ကျေနပ်စရာလို့ပဲ ပြောရပါမယ်။
 

ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ နည်းပြ အာတေးတား အနေနဲ့ ကစားကွက်ပိုင်း အပြောင်းအလဲတချို့ ပြုလုပ်လာခဲ့ပြီး ကွင်းလယ်မှာ စမစ်ရိုးဝ်၊ အိုဒီဂတ်နဲ့ ပါတေးကို အထိုင်ကစားစေခဲ့ပါတယ်။ ဂိုးမှာတော့ ရမ်းစ်ဒေးလ်၊ နောက်တန်းမှာ တိုမီယာဆု၊ ဘန်ဝှိုက်၊ ဂါဘရီရယ်၊ တီယာနေး၊ တောင်ပံတွေမှာ ပေပေနဲ့ ဆာကာ၊ အထောင်တိုက်စစ် မှာတော့ အော်ဘာမီယန်းနဲ့ ပွဲထွက်လာပါတယ်။ အာဆင်နယ်ရဲ့ ၄-၂-၃-၁ ကစားကွက်ကို ရင်ဆိုင်ဖို့ အိမ်ရှင် ဘန်လေ ကလည်း ၄-၄-၂ ကစားကွက်ကို အသုံးပြုခဲ့ပြီး အက်ရှ်လေ ဘန်းစ်၊ ခရစ္စဝုဒ်၊ ၀က်စ်ဝုဒ်၊ တာကောစကီး၊ ဘန်မီး၊ နစ်ခ် ပုပ် တို့လို့ အဓိက ကစားသမားတွေ ပါ၀င်လာခဲ့ပါတယ်။ ‌ဒီနေ့ပွဲမှာ တစ်ပွဲလုံး အတိုင်းအတာနဲ့အိမ်ရှင် ဘန်လေတို့ ဂိုးပေါက်ခြိမ်းခြောက်မှု အပိုင်းမှာ အာဆင်နယ်ကို အသာရခဲ့ပေမယ့် ဘောလုံးပိုင်ဆိုင်မှု အပါအ၀င် အသင်းလိုက် ကစားပုံမှာ အာဆင်နယ်ကို ဘယ်လိုမှ ယှဉ်ကစားနိုင်ခြင်း မရှိခဲ့တာ တွေ့ရပါတယ်။ အာဆင်နယ် အတွက် တစ်လုံးတည်းသော အနိုင်ဂိုး ကိုတော့ ပွဲချိန် မိနစ် ၃၀ မှာ မာတင်အိုဒီဂတ်က ဖရီးကစ် ကနေ လှလှပပ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာ ဘန်လေတို့ ‌ချေပဂိုးရဖို့ ကြိုးပမ်းခဲ့ပေမယ့် အာဆင်နယ် နောက်တန်းက တိုမီယာဆုနဲ့ ဂါဘရီရယ် တို့ အတည်ငြိမ်ဆုံး ထိန်းချုပ် ကစားသွားနိုင်ခဲ့ပါတယ်။ ဘန်ဝှိုက်ရဲ့ အမှားကနေ ချေပဂိုး ပေးရမယ့် အခြေအနေမျိုး ကြုံတွေ့ခဲ့ရပေမယ့် ကွင်းလယ်ဒိုင် ရဲ့ ကယ်တင်မှုကြောင့် ကံကောင်းခဲ့ရပြီး ပွဲအပြီးမှာ ၀-၁ ရလဒ်နဲ့ပဲ အာဆင်နယ်တို့ အနိုင်ရရှိသွားခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

အခုပွဲ ရလဒ်ကြောင့် ဘန်လေတို့ ပရီးမီးယားလိဂ် နိုင်ပွဲ ဆက်လက် ပျောက်ဆုံးပြီး အမှတ်ပေးဇယား အဆင့် ၁၉ နေရာအထိ ထပ်မံ ကျဆင်းသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၉ နေရာမှာ ရပ်တည်နေတဲ့ ဘန်လေ

အားရစရာ အခြေအနေတွေကို အရင်ဆုံး ပြောရရင် နည်းပြ အာတေး‌တားရဲ့ ကစားကွက် အခင်းအကျင်း ပါးနပ်လာမှု ဖြစ်ပါတယ်။ နောက်ပြီး ခံစစ်က တစ်ပွဲထက် တစ်ပွဲ ပိုပြီး တည်ငြိမ်လာသလို ဘန်ဝှိုက်ရဲ့ အားနည်းချက် တချို့ကို ဂါဘရီရယ် ထိန်းကစားပေးနိုင်နေတာ ကလည်း ၀မ်းသာစရာပါပဲ။ တီယာနေးနဲ့ ပါတေးတို့ အသေးစား ဒဏ်ရာရရှိတာပဲ ဖြစ်ပါစေလို့ ဆုတောင်း ရပါမယ်။ စိတ်ပျက်စရာ ကောင်းခဲ့တာ ကတော့ ဆာကာ၊ ပေပေတို့ တောင်ပံနဲ့ အော်ဘာမီယန်းရဲ့ တိုက်စစ် အပိုင်းပဲ ဖြစ်ပါတယ်။ ဆာကာ တစ်ယောက် စိတ်နဲ့လူနဲ့ညမကပ်သလို ကစားခဲ့ပြီး ပေပေ ကလည်း အသင်း အတွက် တကယ့် လက်တွေ့မှာ အကျိုးမရှိတာတွေ လုပ်နေတုန်းပါပဲ။ အသင်းခေါင်းဆောင် အော်ဘာမီယန်း ကတော့ အဆိုးဆုံး ဖြစ်ပြီး အသက်ရလာလို့ အရင်လို ပြေးအား၊ တိုးအားလည်း မရှိတော့သလို နိုင်လိုစိတ်လည်း လုံး၀ ပျောက်ဆုံးနေတာ တွေ့ရပါတယ်။ အဓိက ကတော့ ဒီနေ့ပွဲမှာ စမစ်ရိုးဝ်၊ အိုဒီဂတ်၊ ပါတေးတို့ ကစားကွက် တည်ပြီး တိုက်စစ် စတင်ခဲ့သမျှကို ပေပေ၊ ဆာကာနဲ့ အော်ဘာတို့ ၃ ဦးလုံး ဖျက်စီးပစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲ အတွက် အကောင်းဆုံး ကစားသမားတွေဆိုရင်တော့ ရမ်းစ်ဒေးလ်၊ တိုမီယာဆု၊ ဂါဘရီရယ်၊ ပါတေးနဲ့ အိုဒီဂတ် တို့ကိုပဲ ရွေးချယ်ရပါလိမ့်မယ်။ အခုပွဲ ရလဒ်ကြောင့် ဘန်လေတို့ ပရီးမီးယားလိဂ် နိုင်ပွဲ ‌ဆက်လက် ပျောက်ဆုံးပြီး အမှတ်ပေးဇယား အဆင့် ၁၉ နေရာအထိ ထပ်မံ ကျဆင်းသွားခဲ့ပါတယ်။ အာဆင်နယ် ကတော့ ပရီးမီးယားလိဂ် နိုင်ပွဲဆက်ခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၁၃နေရာ အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

 
အာဆင်နယ်တို့ လာမယ့် စက်တင်ဘာလ ၂၃ ရက်နေ့မှာ လိဂ်ဖလား တတိယအဆင့် ပွဲစဉ် အဖြစ် ၀င်ဘယ်ဒန်နဲ့ ကစားရမှာ ဖြစ်ပြီး ဘန်လေ ကတော့ ရော့ခ်ျဒေးလ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်