နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဝေးကွင်း ရှုံးပွဲမရှိစံချိန်နဲ့ စိန့်မေရီမှာ သရဲနီတို့ ဂိုးပြတ် အောင်ပွဲခံနိုင်မှာလား | ဆောက်သမ်တန် – မန်ချက်စတာယူနိုက်တက် (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

ဆောက်သမ်တန် – မန်ချက်စတာယူနိုက်တက်

အခုတစ်ပတ် စူပါးဆန်းဒေး မှာတော့ ပရီးမီးယားလိဂ် ပွဲကောင်း ၃ ပွဲ ရှိနေပြီး အစောဆုံး ဖြစ်တဲ့ ဆောက်သမ်တန်နဲ့ မန်ချက်စတာယူနိုက်တက် ပွဲကတော့ မြန်မာစံတော်ချိန် ည ၇ နာရီခွဲမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ရာသီသစ်ကို ဂိုးပြတ် နိုင်ပွဲနဲ့ ဖွင့်လှစ်ထားခဲ့တဲ့ ယူနိုက်တက်တို့ရလဒ်ဆိုးတွေ အောက်မှာ ရုန်းကန်နေရတဲ့ ဆောက်သမ်တန်နဲ့ တွေ့ဆုံနေတာ ဖြစ်လို့ ၂၀၀၃/၂၀၀၄ ပရီးမီးယားလိဂ် မှာအာဆင်နယ် တင်ထားခဲ့တဲ့ ၂၇ ပွဲဆက် အဝေးကွင်းရှုံးပွဲမရှိ စံချိန်ကို လိုက်မှီဖို့ အခြေအနေ ကောင်းနေတယ်လို့ ဆိုရပါမယ်။

တန်းပြန်တက်လာခဲ့ချိန်ကစလို့ပရီးမီးယားလိဂ်မှာကစားနေတာ၁၀ရာသီဆက်တိုက်ရှိလာခဲ့ပေမယ့်စိန့်တို့ရဲ့ခြေစွမ်းအဆင့်အတန်းနဲ့အသင်းရဲ့ရပ်တည်မှုကတိုးတက်လာခြင်းမရှိတဲ့အပြင်နောက်ပိုင်းရာသီတွေမှာဆိုရင်ပိုလို့တောင်ထိုးကျလာပါသေးတယ်။
၁၀ ရာသီဆက် ပရီးမီးယားလိဂ်မှာ ရပ်တည်ထားနိုင်ခဲ့တဲ့ ဆောက်သမ်တန်

တန်းပြန်တက်လာခဲ့ချိန် ကစလို့ပရီးမီးယားလိဂ်မှာ ကစားနေတာ ၁၀ ရာသီ ဆက်တိုက် ရှိလာခဲ့ပေမယ့် စိန့်တို့ရဲ့ ခြေစွမ်း အဆင့်အတန်းနဲ့ အသင်းရဲ့ ရပ်တည်မှုက တိုးတက်လာခြင်း မရှိတဲ့ အပြင် နောက်ပိုင်းရာသီတွေမှာ ဆိုရင် ပိုလို့တောင် ထိုးကျလာပါသေးတယ်။ ရာသီကုန် အဆင့် ရပ်တည်မှုအရ ပြန်ကြည့်ရင် နောက်ဆုံး ၄ နှစ်အတွင်း အဆင့် ၁၅ မကျော်တာ ၃ ရာသီ အထိ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီ အစပိုင်းမှာ အသင်းလိုက် ကစားကောင်းကောင်းနဲ့ အမှတ်ပေးဇယား အဆင့် ၁ နေရာ အထိပါ ရောက်ခဲ့ပေမယ့် ရာသီတစ်ဝက် လောက်ကစပြီး ခြေစွမ်း တောက်လျောက် ကျသွားခဲ့တာ လက်ရှိအချိန်ထိပါပဲ။ ဆောက်သမ်တန်ဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူပြီး ပြိုင်ဘက်ကိုပွဲချိန်ပြည့်ဖိအားပေး တိုက်စစ်ဆင် ကစားလေ့ရှိတဲ့ အသင်းဖြစ်လို့ ရက်ဖ် ဟာဆန်ဟုတဲလ်နဲ့ လစ်ဗာပူးလ် နည်းပြ ကလော့ပ်ရဲ့ ဘောလုံး အတွေးအခေါ်ပိုင်းမှာ တူညီတယ်လို့ ပြောနိုင်ပါတယ်။ ပြသနာက လစ်ဗာပူးလ်လို ကစားသမား အင်အား တောင့်တင်းတဲ့ အသင်း မဟုတ်တဲ့ အတွက် အခုလို ကစားပုံဟာ ဆောက်သမ်တန် အတွက် ရေရှည်မှာ အားနည်းချက်တွေ များစွာ ရှိလာစေတာ ဖြစ်ပါတယ်။ပိုဆိုးတာကအသင်းအတွက်မရှိမဖြစ်ကစားသမားတွေလို့ ဆိုနိုင်တဲ့ဒန်နီအင့််ဂ်နဲ့ယန်းနစ်ခ်ဗက်စတာဂတ်တို့ကိုရောင်းထုတ်ခဲ့တာဖြစ်ပါတယ်။အက်ဒမ်အမ်းစထရောင်း၊ရိုမိန်းပါရောက်ဒ်၊လစ်ဗာရာမန်တိုတို့နဲ့ပြန်လည်အားဖြည့်ခဲ့ပေမယ့်ဘယ်လိုမှလုံလောက်မှုမရှိဘူးဆိုတာအဲဗာတန်နဲ့ပွဲကခြေစွမ်းနဲ့ရလဒ်ကိုကြည့်တာနဲ့သိနိုင်ပါတယ်။ဂျိမ်းစ်ဝက်ဒ်-ပရောက်စ်၊ရိုမီယူ၊ဒီဂျန်ပို၊ချေးအက်ဒမ်စ်တို့လိုကစားသမားတွေကျန်ရှိနေသေးပေမယ့်အဓိကအားနည်းနေတဲ့ခံစစ်ပိုင်းကိုမပြင်ဆင်ရင်တော့ဆောက်သမ်တန်တို့ကျိန်းသေပေါက်တန်းဆင်းဇုန်ထဲမှာရုန်းကန်ရဖို့ရှိနေပါတယ်။အခုပွဲ မှာတော့ ဗဟိုခံစစ်မှူး ဘက်ဒ်နာရက်ခ် ပြန်လည် ပါဝင်ဖို့ ရှိပေမယ့် ယူနိုက်တက်ရဲ့ လျှမ်းလျှမ်းထနေတဲ့ တိုက်စစ်ကို ထိန်းချုပ်ဖို့ ဆိုတာ ဆောက်သမ်တန် အတွက် တော်တော်လေးတော့ ခက်ခဲနေဦးမှာ သေချာပါတယ်။

 
ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ယူနိုက်တက်တို့ဂိုးပြတ် အနိုင်ရခဲ့တာဟာပြိုင်ဘက်လိဒ်စ်ရဲ့အဓိက နည်းစနစ်ပိုင်းအမှားကြောင့်ဆိုပေမယ့်တကယ်တမ်းလည်းအိုလီရဲ့နည်းဗျူဟာကောင်းခဲ့သလိုကစားသမားတွေကလည်းအထင်ကြီးလေးစားစရာစွမ်းဆောင်ရည်တွေပြသနိုင်ခဲ့တာ တွေ့ရပါတယ်။ ပေါ့ဘာတစ်ဦးတည်းဖန်တီးမှု၄ကြိမ်ပြုလုပ်ခဲ့ပြီးဘရူနိုဖာနန်ဒက်စ်ကလည်းပင်နယ်တီသွင်းဂိုးမပါပဲဟက်ထရစ်ရခဲ့ပါတယ်။အထောင်တိုက်စစ်နေရာမှာကစားခဲ့တဲ့ဂရင်းဝုဒ်၊ကွင်းလယ်ကဖရက်ဒ်နဲ့ခံစစ်ကလင်ဒီအော့ဖ်တို့သိသိသာသာခြေစွမ်းပြခဲ့ကြပြီးဆန်ချိုနဲ့ဗာရန်းမပါသေးရင်တောင်ပြိုင်ဘက်တိုင်းကိုအလဲထိုးနိုင်စွမ်းရှိကြောင်းပြသနိုင်ခဲ့ပါတယ်။နှစ်တိုင်းအသင်းပြောင်းဖို့သတင်းတွေ ထွက်လေ့ရှိတဲ့ ပေါ့ဘာကိုဘာကြောင့်ဆက်ထိန်းထားသလဲဆိုတာပြီးခဲ့တဲ့နှင်းဆီဒါဘီဂိုးပြတ်နိုင်ပွဲကအဖြေထုတ်ပေးခဲ့သလိုဖာနန်ဒက်စ်ကလည်းယူနိုက်တက်အတွက်မရှိမဖြစ်အရေးအကြီးဆုံးကစားသမားဖြစ်ကြောင်းသွင်းဂိုးတွေနဲ့သက်သေပြခဲ့တာဖြစ်ပါတယ်။မြင်ရသလောက်ဒီရာသီမန်ချက်စတာယူနိုက်တက်ရဲ့ခြေစွမ်းဟာပြီးခဲ့တဲ့ရာသီတွေကထက်အများကြီးတိုးတက်လာခဲ့သလိုဆိုးလ်ရှားရဲ့နည်းစနစ်ပိုင်း၊ဗျူဟာတွေကလည်းတစ်ရာသီထက်တစ်ရာသီပိုပိုပြီးအလုပ်ဖြစ်လာတာတွေ့ရပါတယ်။လက်ရှိမှာယူနိုက်တက်မှာပွဲထွက်ကစားနိုင်ခြင်းမရှိသေးတဲ့ကစားသမား၈ ယောက်လောက်ရှိနေပြီးအဲ့ထဲမှာရက်ရှ်ဖို့ဒ်၊ကာဗာနီ၊လင်ဂတ်၊ဘိုင်ယီ၊ဒင်းန်ဟန်ဒါဆန်၊အာမက်ဒီယာလို၊အဲလက်စ်တဲလက်စ်တို့ပါဝင်နေပါတယ်။ပွဲထွက်လူစာရင်းနဲ့ပတ်သတ်လို့တော့အခုတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီသတင်းစာရှင်းလင်းပွဲမှာနည်းပြဆိုးလ်ရှားကရေရေရာရာပြောကြားသွားခြင်းမရှိတာကြောင့်ပရိသတ်‌တွေမျှော်လင့်နေတဲ့ နောက်ခံလူဗာရန်းပါ၀င်လာဖို့ရှိ/မရှိကတော့မသေချာသေးပါဘူး။ဒါပေမယ့် လိဒ်စ်ယူနိုက်တက်နဲ့ ပွဲက လူစာရင်းကိုမှ ဒန်ဂျိမ်းစ် နေရာမှာ ဂျေဒန်ဆန်ချိုကို ပြောင်းလဲ အသုံးပြုလာမယ့် သဘော ရှိပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း

အစဉ်အလာအရ ဆောက်သမ်တန်တို့ မန်ချက်စတာယူနိုက်တက်ကို အသာရခဲ့တဲ့ပွဲ အရမ်းကို နည်းပါတယ်။ ပြီးခဲ့တဲ့  ထိပ်တိုက်တွေ့ဆုံမှု ၄၄ ကြိမ်မှာ စိန့်တို့ ၇ ကြိမ် အနိုင်ရခဲ့ပြီး ယူနိုက်တက်က ၂၈ ကြိမ် အထိ ပြန်လည် အနိုင်ရခဲ့တာ တွေ့ရပါတယ်။ သရေ၉ ပွဲပဲ ရှိခဲ့ပါတယ်။တွေ့ဆုံခဲ့တဲ့ ပွဲအများစုမှာ အကြိတ်အနယ် ကစားရလေ့ ရှိပေမယ့် ပွဲအပြီးမှာ အမြဲတမ်း ပြတ်သားတဲ့ ရလဒ်တစ်ခုတော့ ထွက်ပေါ်ခဲ့တယ်လို့ ဆိုရပါမယ်။ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ ယူနိုက်တက်တို့ ၃ ပွဲ အနိုင်ရပြီး ၂ ပွဲသရေကျထားခဲ့ပါတယ်။ အိုးထရက်ဖို့ဒ်က နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာတော့ ယူနိုက်တက်တို့ ၉-၀ ရလဒ်နဲ့ စံချိန်တင် အနိုင်ရထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဆောက်သမ်တန်- မန်ချက်စတာယူနိုက်တက် အချိန်ပြည့်ဂိုးပေါင်း၄ ဂိုးမှ ၆ ဂိုး @၃.၀၅ ဆ
ဩဂုတ်လ ၂၂ရက်,ည ၇:၃၀နာရီ (GMT + ၆:၃၀)

1X2 ရဲ့ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက်၅.၇၅ ဆနဲ့ဧည့်သည်အတွက်၁.၅၇ ဆကြေးဖွင့်ပြီးသရေအတွက် ၄.၂၀ ဆကြေးဖွင့်ထားတာတွေ့ရပါတယ်။လက်ရှိ ခြေစွမ်းအရ ယူနိုက်တက်ဟာ အမြင့် တစ်နေရာကို အားအင် အပြည့် တက်လှမ်းနေတဲ့ အသင်းဖြစ်ပေမယ့် ဆောက်သမ်တန် ကတော့ အရှုံးနွံထဲမှာ ရုန်းလေနစ်လေ၊ လှုပ်လေ မြုပ်လေ အခြေအနေကို ရောက်နေခဲ့တာပါ။ ခြေစွမ်း၊ စိတ်ဓာတ်၊ အစဉ်အလာ အားလုံးသာတဲ့ ယူနိုက်တက်ကို ရွေးချယ်မှပဲ ပျော်ရွှင်ရမှာ ဖြစ်ပေမယ့် ၃.၀၅ ဆ ရနိုင်မယ့် နှစ်သင်းပေါင်း သွင်းဂိုး ၄ ဂိုး ကနေ ၆ ဂိုး၊ ၁.၉၈ ဆ ရနိုင်မယ့် နှစ်သင်းပေါင်း ၂ ဂိုးနဲ့ ၃ ဂိုးကိုလည်း တစ်ချက် စဉ်းစားသင့်ပါတယ်။ ခန့်မှန်းရလဒ် ၁-၃ လောက် ဖြစ်သွားဖို့ များပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်