နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လက်ရှိ ချန်ပီယံတို့ ဂိုးပြတ်သွင်းပြီး အမှတ်ပြည့် ယူမယ့်ပွဲပါ | မန်ချက်စတာစီးတီး – နော့ဝစ်ချ်စီးတီး (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာစီးတီး – နော့ဝစ်ချ်စီးတီး

လက်ရှိ ချန်ပီယံ မန်ချက်စတာစီးတီးတို့ ပရီးမီးယားလိဂ် ပွဲစဉ် (၂) အဖြစ် တန်းတက် နော့ဝစ်ချ်စီးတီးကို အိမ်ကွင်း အီတီဟတ်မှာ ဧည့်ခံကစားရဖို့ ရှိနေပါတယ်။ အစဉ်အလာအရ အမြဲတမ်း လွယ်ကူခဲ့တဲ့ နော့ဝစ်ချ်လို အသင်းနဲ့ တွေ့ဆုံနေတာ ဖြစ်လို့ မန်စီးတီးတို့ တိုက်စစ်က ကောင်းရင် ကောင်းသလောက် ဂိုးပြတ် အနိုင်ရသွားနိုင်တဲ့ ပွဲလည်း ဖြစ်ပါတယ်။
 

 
အဖွင့်ပွဲမှာ တော့တင်ဟမ်ဟော့စပါးကို ဆွန်ဟောင်မင်ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ ရှုံးနိမ့်ခဲ့တယ် ဆိုပေမယ့် ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံတို့ရဲ့ ကစားပုံက တော်တော်လေး ဆိုးရွားခဲ့တာ တွေ့ရပါတယ်။ ပွဲပြီး အချက်အလက်တွေ အရ ဆိုရင် မန်စီးတီးတို့ အဘက်ဘက်က အသာရခဲ့တယ်လို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် ဂိုးသွင်းမှ အနိုင်ရတဲ့ ပြိုင်ပွဲ တစ်ခုမှာ ပပ်ဂွာဒီယိုလာရဲ့ အသင်းက ဘယ်လိုပုံစံနဲ့ တိုက်စစ်ဆင်ရင် ဂိုးရနိုင်မယ် ဆိုတာတောင် မသိခဲ့ပုံပါပဲ။ ပိုဆိုးတာက အခွင့်အရေး ရရင် ရသလို အသုံးချနိုင်တဲ့ စပါးလို ပြိုင်ဘက်နဲ့ တွေ့ဆုံခဲ့ချိန် မှာတော့ မန်စီးတီးတို့ နိုင်ပွဲ မရတဲ့ အပြင် အရှုံးပါ ပေးလိုက်ရတာ ဖြစ်ပါတယ်။ လက်တလော လိုအပ်နေတဲ့ အထောင် တိုက်စစ်မှူး နေရာ အတွက် စပါး တိုက်စစ်မှူး ဟာရီကိန်းကို အသည်းအသန် လိုက်နေပေမယ့် အကယ်၍သာ အဆင်မပြေခဲ့ဘူး ဆိုရင် မန်စီးတီးရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ကာကွယ်ရေး ရည်ရွယ်ချက်ကို အတိုင်းအတာ တစ်ခု အထိ အဟန့်အတား ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး ဂရီးလစ်ရှ်ရဲ့ ခြေစွမ်း တိုးတက်လာမှု အခြေအနေ ဖြစ်ပါတယ်။ ဒီအချက်က နည်းပြရဲ့ နည်းစနစ်ပိုင်းရော၊ ကစားသမားရဲ့ စွမ်းဆောင်ရည်နဲ့ပါ သက်ဆိုင်နေလို့ အချိန်တစ်ခု ပေးပြီး စောင့်ကြည့်သင့်တယ် ဆိုပေမယ့် ပေါင် သန်း ၁၀၀ ဆိုတဲ့ တန်ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုး ကိုတော့ ဂရီးလစ်ရှ် အနေနဲ့ အခု လာမယ့် ပွဲမှာ ပြသနိုင်ဖို့ သင့်ပါပြီ။ နော့ဝစ်ချ်လို အသင်းကို အနိုင်ရလို့ မန်ချက်စတာစီးတီးတို့ ပုံမှန် ခြေစွမ်း ပြန်ရပြီ ဆိုပြီး သတ်မှတ်လို့ မရပေမယ့် ဒီပွဲမှာမှ အနိုင်မကစားနိုင်ဘူး ဆိုရင်တော့ မန်စီးတီးတို့ ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ အခွင့်အရေး တော်တော်လေး နည်းသွားနိုင်ပါတယ်။ လက်တလော မန်စီးတီးမှာ ဖေးလ်ဖိုဒန် ကလွဲလို့ အဓိက ကစားသမား တော်တော်များများ ပြန်လည် ပါဝင်လာဖို့ ရှိပြီး တိုက်စစ်မှာ မားရက်ဇ်၊ ဂျီဆုစ်၊ ရာဟင်မ် စတာလင်၊ ကွင်းလယ်မှာ ဒီဘရိုင်းနား၊ ရိုဒရီ၊ ဂရီးလစ်ရှ်၊ နောက်တန်း မှာတော့ စတုန်းစ်၊ ဒီးရာ့ဇ်၊ ဝေါလ်ကာနဲ့ ဇင်ချန်ကို တို့ ပွဲထွက်လာဖို့ ရှိနေပါတယ်။

ချန်ပီယံရှစ်မှာ ၂ ရာသီထက် ပိုပြီး မနေတတ်သလို ပရီးမီးယားလိဂ် မှာလည်း ကြာကြာ မကစားတတ်တဲ့ နော့ဝစ်ချ်တို့ တန်းတက်လာခဲ့ပြန်ပါပြီ။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၇ နေရာမှာ ရပ်တည်နေတဲ့ နော့ဝစ်ချ်

ချန်ပီယံရှစ်မှာ ၂ ရာသီထက် ပိုပြီး မနေတတ်သလို ပရီးမီးယားလိဂ် မှာလည်း ကြာကြာ မကစားတတ်တဲ့ နော့ဝစ်ချ်တို့ တန်းတက်လာခဲ့ပြန်ပါပြီ။ ပြီးရင်တော့ တစ်ရာသီလုံး ဗရမ်းဗတာ ခြေစွမ်းနဲ့ ရလဒ်တွေ ဆိုးပြီး တန်းပြန်ဆင်းသွားဦးမလား ဆိုတာ စောင့်ကြည့်ရပါမယ်။ လောလောဆယ်တော့ ဒန်နီရယ် ဖာကီရဲ့ အသင်းက ပွဲဦးထွက် လစ်ဗာပူးလ်နဲ့ ကစားပြီး ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ထားခဲ့ပါပြီ။ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရပေမယ့် နော့ဝစ်ချ်ရဲ့ ခြေစွမ်းက အဆိုးဆုံး အနေအထား မှာတော့ ရှိမနေတာ တွေ့ရပါတယ်။ အန်ဒီရာ၊ ဗရန်ချစ် တို့လို အဓိကကစားသမားတွေ မရှိတော့ပေမယ့် ရာရှီကာ၊ ဂီယန်နူးလစ်၊ ဂန်း၊ ဂစ်ဘ်ဆင်၊ ဆားဂျန့်၊ ခရစ်တို့စ် ဇိုလစ်၊ လီးစ် မီလောင် တို့ကို ခေါ်ယူ အားဖြည့်ထားပြီး ချဲလ်ဆီး လူငယ်ကြယ်ပွင့် ဂေးလ်မော ကိုလည်း အငှားစာချုပ်နဲ့ ခေါ်ယူထားပါတယ်။ လစ်ဗာပူးလ်နဲ့ ပွဲတုန်း ကလိုပဲ နော့ဝစ်ချ်တို့ မန်စီးတီးကို အခြေအနေ တစ်ခုအထိ ဒုက္ခပေးနိုင်စွမ်း ရှိပေမယ့် ဂွာဒီယိုလာ အသင်းရဲ့ ကစားအားကို ပွဲချိန်ပြည့် ထိန်းချုပ်ဖို့တော့ မဖြစ်နိုင်ပါဘူး။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ထိပ်တိုက်တွေ့ဆုံမှု ၁၈ ကြိမ်မှာ မန်ချက်စတာစီးတီးတို့ ၉ ကြိမ် အနိုင်ရပြီး နော့ဝစ်ချ် ကတော့ ၃ ကြိမ်ပဲ ပြန်ပြီး အနိုင်ရထားပါတယ်။ သရေပွဲ ကတော့ ၆ ပွဲရှိထားပြီး ၂၀၁၉/၂၀၂၀ ဘောလုံး ရာသီက ပရီးမီးယားလိဂ် နောက်ဆုံး တွေ့ဆုံမှု ၂ ကြိမ် မှာတော့ ပထမအကျော့ ကာရိုးရုတ်ဒ်မှာ နော့ဝစ်ချ် တို့ ၃-၂ နဲ့ အနိုင်ရခဲ့ပြီး ဒုတိယ အကျော့ အီတီဟတ်ကွင်း မှာတော့ မန်စီးတီးတို့ ၅ ဂိုးပြတ်နဲ့ ပြန်ပြီး အနိုင်ရခဲ့ပါတယ်။
 

မန်ချက်စတာစီးတီး – နော့ဝစ်ချ်စီးတီး 

??
မန်ချက်စတာစီးတီး – နော့ဝစ်ချ်စီးတီး အချိန်ပြည့် ၄ ဂိုးနဲ့ ၄ဂိုး အထက် @ ၁.၉၂ ဆ
ဩဂုတ်လ ၂၁ ရက် , ည ၈:၃၀  နာရီ (GMT + ၆:၃၀)

1×2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင် အတွက် ၁.၀၈ ဆနဲ့ ဧည့်သည် အတွက် ၂၆.၀၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၁၁.၀၀ ဆ ကြေးဖွင့်ထားပါတယ်။ ခြေစွမ်း ကွာဟတဲ့ အသင်းနှစ်သင်း ကစားတဲ့ပွဲ ဖြစ်နေလို့ အများကြီး စဉ်းစားစရာ မရှိပါဘူး။ မန်ချက်စတာစီးတီးနဲ့ သွင်းဂိုး ၄ ဂိုးနဲ့ အထက်ကိုပဲ ရွေးချယ်ချင်ပါတယ်။ ခန့်မှန်းရလဒ် ၄-၀ ပါ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်