နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – နောက်ဆုံးရ သတင်းများ (၅/၈/၂၀၂၁)

ဩဂုတ်လ ၅ ရက်နေ့ အထိ စုစည်း ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်း အကြောင်းအရာ တွေနဲ့အတူ နွေရာသီ အပြောင်းအရွှေ ဈေးကွက်ရဲ့ နောက်ဆုံးရ အခြေအနေတွေကို ဆက်လက် ဖော်ပြပေးပါမယ်။
 

အသင်းဟောင်းနဲ့ ပြန်ပေါင်းထုပ်ဖို့ သေချာသလောက် ရှိနေတဲ့ လူကာကူ

ချဲလ်ဆီး နည်းပြ သောမက်စ် တူဟယ် ကတော့ ရိုမယ်လူ လူကာကူကို ခေါ်ယူဖို့ ချိတ်ဆက်နေတယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆန် လိုက်ပါတယ်။ နွေရာသီ အပြောင်းအရွှေ့ ကာလမှာ တိုက်စစ်မှူး တစ်ဦး ခေါ်ယူနိုင်ရေး အတွက် အသည်းအသန် ကြိုးပမ်းနေတဲ့ ပရီးမီးယားလိဂ် ထိပ်သီး အနေနဲ့ ရိုမယ်လူ လူကာကူကို အသင်းထံ ပြန်လည် ခေါ်ယူနိုင်ဖို့ သေချာသလောက် ရှိနေပြီလို့လည်း သတင်းတွေ ကျယ်ကျယ် လောင်လောင် ထွက်ပေါ်နေခဲ့တာပါ။ ဒါနဲ့ ပတ်သတ်လို့ နည်းပြ ဖြစ်သူ တူဟယ်က ကိုယ့်အသင်းက မဟုတ်တဲ့ ကစားသမားရဲ့ အကြောင်းကို ပြောမှာ မဟုတ်ကြောင်း ရိုမယ်လူ လာကာကူ ဟာ အရမ်းကောင်းတဲ့ ကစားသမား ဖြစ်ပေမယ့် လက်ရှိ အင်တာမီလန်ရဲ့ ကစားသမား ဖြစ်နေတာကြောင့် လေးစားမှုအရ အခုလို အခြေအနေမျိုးမှာ သူ့ရဲ့ အကြောင်းကို ပြောမှာ မဟုတ်ကြောင်း စပါးနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ခြေစမ်းပွဲအပြီးမှာ ဖြေကြားသွားခဲ့ပါတယ်။ ဆက်လက် ပြီး တူဟယ်က အားလုံး မဟုတ်ရင်တောင် ကစားသမား တော်တော်များများက အသင်းကို လာရောက် ပူးပေါင်းဖို့ လိုလားနေကြောင်း ဘုတ်အဖွဲ့ ကတော့ ကစားသမားတွေကို ကမ်းလှမ်းနေတာ မရှိသလို လုပ်ရိုး လုပ်စဉ်လည်း မဟုတ်ဘူးလို့ ပြောပါတယ်။ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက် မှာတော့ လူကာကူရဲ့ အပြောင်းအရွှေ့ အတွက် ချဲလ်ဆီးနဲ့ အင်တာမီလန်တို့ တိုက်ရိုက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ကျော်၊ လုပ်ခလစာ တစ်ရာသီကို ယူရို ၁၂ သန်း တန်ကြေးရှိတဲ့ စာချုပ်နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့လည်း သိရပါတယ်။

ဂျက်ဂရီးလစ်ရှ်ကို ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာစီးတီး အသင်းထံ ရောင်းချခဲ့ပြီးတဲ့နောက် လေဗာကူဆင် တောင်ပံ ကစားသမား လီယွန်ဘိုင်လီနဲ့ ပြန်လည် ခေါ်ယူထားခဲ့တဲ့ အက်စတွန်ဗီလာတို့ နာရီပိုင်း အတွင်းမှာပဲ ဒန်နီအင့်ဂ် ကို ပေါင်သန်း ၃၀ နဲ့ ထပ်မံ ခေါ်ယူနိုင်ခဲ့ပါတယ်။
လီယွန် ဘိုင်လီနဲ့ ဒန်နီအင့်ဂ် နှစ်ဦး အတွက် ပေါင်သန်း ၅၀ ကျော်အထိ သုံးစွဲထားတဲ့ အက်စတွန်ဗီလာ

 

ဂရီးလစ်ရှ် ပြီးတော့ ဟယ်ရီကိန်းကို ထပ်ကြိုးစားမယ့် မန်စီးတီး

ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာစီးတီးတို့ အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ဂျက်ဂရီးလစ်ရှ် ကိုတော့ ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀နဲ့ အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အခု ပြောင်းရွေ့ကြေးကြောင့် ဂရီးလစ်ရှ်ဟာ တန်ကြေး အမြင့်ဆုံး ဗြိတိန် ကစားသမား ဖြစ်လာဖို့ ရှိပြီး လက်ရှိ မှာတော့ မန်စီးတီးနဲ့ ဆေးစစ်မှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ နာရီပိုင်း အတွင်း မန်စီးတီး ကစားသမား ဖြစ်လာတော့မယ့် ဂရီးလစ်ရှ် ကိုတော့ တစ်ပတ်လုပ်ခ ပေါင် ၂၃၀၀၀၀ ပေးချေရမှာ ဖြစ်ပြီး ၅ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့တာ ဖြစ်ပါတယ်။ ဂရီးလစ်ရှ်ကို ရရှိပြီးတဲ့ နောက်မှာတော့ ဟယ်ရီကိန်း ကို ထပ်ပြီး ခေါ်ယူနိုင်ဖို့ ဆက်လက် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ စပါး ဥက္ကဌ ဒန်နီရယ် လီဗီး က ကိန်းရဲ့ တန်ကြေးကို ပေါင်သန်း ၁၆၀ အထိ သတ်မှတ်ထားပေမယ့် မန်စီးတီး ဘက်ကတော့ ပေါင် ၁၂၅ သန်းလောက် အထိ တိုးမြှင့် ကမ်းလှမ်းသွားဖို့ ရှိပေမယ့် အဲ့ထက်များတဲ့ ပမာဏနဲ့ ဆိုရင်တော့ ဆက်ပြီး ကြိုးပမ်းတော့မှာ မဟုတ်ဘူး လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
 

အပြောင်းအရွှေ့ ဈေးကွက်မှာ ခြေလှမ်းသွက်လာတဲ့ တော့တင်ဟမ်ဟော့စပါး

အတ္တလန္တာ အသင်းရဲ့ နောက်ခံလူ ခရစ္စရှန် ရိုမဲရိုကို ပေါင် ၄၇ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးတို့ နယ်သာလန် ကလပ် ပွီအက်စ်ဗီ အသင်းရဲ့ လူငယ် ကြယ်ပွင့် နိုနီမာဒူကီနဲ့ ဆမ်ဒိုးရီးယား ကွင်းလယ် ဖန်တီးရှင် မစ်ခယ် ဒမ်းစ်ဂတ်ကို စိတ်ဝင်စားနေတယ်လို့ The Evening Standard က ဖော်ပြခဲ့ပါတယ်။ နိုနီမာဒူကီ ကိုတော့ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ လိဒ်စ်ယူနိုက်တက် တို့က အစောပိုင်းထဲက ချိတ်ဆက် နေခဲ့ပြီးတော့ ယူရို ၂၀၂၀ နဲ့ အတူ နာမည်ကြီးလာခဲ့တဲ့ ဒမ်းစ်ဂတ် ကိုတော့ ဥရောပထိပ်သီး အသင်း အများစုက မျက်စိကျနေခဲ့တာ ဖြစ်ပါတယ်။

 

ဒန်နီအင့်ဂ်ကို ပေါင်သန်း ၃၀နဲ့ ခေါ်ယူနိုင်ခဲ့တဲ့ အက်စတွန်ဗီလာ

ဂျက်ဂရီးလစ်ရှ်ကို ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာစီးတီး အသင်းထံ ရောင်းချခဲ့ပြီးတဲ့နောက် လေဗာကူဆင် တောင်ပံ ကစားသမား လီယွန်ဘိုင်လီနဲ့ ပြန်လည် ခေါ်ယူထားခဲ့တဲ့ အက်စတွန်ဗီလာတို့ နာရီပိုင်း အတွင်းမှာပဲ ဒန်နီအင့်ဂ် ကို ပေါင်သန်း ၃၀ နဲ့ ထပ်မံ ခေါ်ယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဆောက်သမ်တန် အတွက် ပြိုင်ပွဲစုံမှာ ၁၃ ဂိုး သွင်းယူပေးခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် အင်္ဂလန် တိုက်စစ်မှူး ကိုတော့ ၃ နှစ် စာချုပ်နဲ့ ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်