နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ခပ်သွက်သွက် လှုပ်ရှားလာကြတဲ့ ပရီးမီးယားလိဂ် ကလပ်များ

မေလ ၂၀ ရက်နေ့ ညနေပိုင်းအထိ နောက်ဆုံး ရရှိထားတဲ့ ပရီးမီယားလိဂ် အပါအဝင် ဥရောပထိပ်သီးလိဂ် ၅ ခုက ကစားသမား အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးပါမယ်။ ရာသီသိမ်းချိန် တဖြည်းဖြည်း နီးကပ်လာတာနဲ့အမျှ နည်းပြ အပါအဝင် သက်ဆိုင်ရာ ကလပ်အသင်း တာဝန်ရှိသူတွေဟာ လက်ရှိရာသီ ကိုယ့်အသင်းရဲ့ အားနည်းချက်၊ အားသာချက်တွေကို ပြန်လည် ဆန်းစစ် ရသလို ဘဏ္ဍာရေး အခြေအနေပေါ် မူတည်ပြီး ကစားသမား အပြောင်းအရွှေ့ ကိစ္စတွေ အတွက်လည်း စတင်စီစဉ်ရတဲ့ အချိန်လည်း ဖြစ်ပါတယ်။ အမှန်တကယ် ဖြစ်မြောက်သွားတဲ့ အပြောင်းအရွှေ့တွေ ရှိသလို ပျက်ပြယ်သွားတာမျိုး တွေလည်း ရှိတတ်ပြီး ဒီလို ကာလမှာ ကောလာဟလ သတင်းတွေလည်း အဆက်မပြတ် ထွက်ပေါ်တတ်တာ ကိုတော့ သတိပြုဖို့ လိုအပ်ပါတယ်။
 
ဒန်နီအင့်ဂ်ဘက် မျှားဦးလှည့်လာတဲ့ ဆိုးလ်ရှားရဲ့ တိုက်စစ်မှူး ရှာပုံတော်

မန်ချက်စတာယူနိုက်တက် အနေနဲ့ လက်ရှိ အသင်းရဲ့ တိုက်စစ်မှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူးကြီး အက်ဒီဆင် ကာဗာနီကို စာချုပ်သစ် ချုပ်ဆိုထားပြီး ဖြစ်ပေမယ့် နောက်ထပ်တိုက်စစ် ကစားသမားတစ်ဦး ထပ်မံ ခေါ်ယူဖို့လည်း စောင့်ကြည့်နေတယ်လို့ Sky Sportsနဲ့ အင်တာဗျူးမှာ တရားဝင်ပြောကြားထားပြီး ဖြစ်ပါတယ်။ ယူနိုက်တက်တို့ ဒေါ့မန်က ဂျေဒန်ဆန်ချိုကို ကာလရှည်ကြာ ကြိုးပမ်းခဲ့ပေမယ့် လက်ရှိအထိတော့ တိုးတက်လာခြင်း မရှိသေးလို့ တခြား တိုက်စစ်မှူး တော်တော်များများကို စောင့်ကြည့်စာရင်းထဲ ထည့်လာခဲ့တာ ဖြစ်ပါတယ်။ တယ်လီဂရဖ် ရဲ့ ဖော်ပြချက်အရ ဆိုရင် ယူနိုက်တက်ဟာ ဆောင်သမ်တန်က အသက် ၂၈ နှစ်အရွယ် အင်္ဂလန် တိုက်စစ်မှူး ဒန်နီအင့်ဂ်ကို ခေါ်ယူဖို့ ကြိုးပမ်းလာဖွယ် ရှိတယ်လို့ သိရပါတယ်။ ယူနိုက်တက်တို့ တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ဟာရီကိန်းကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ပါဝင်နေပေမယ့် ပြောင်းရွှေ့ကြေးသာမက လုပ်ခလစာ ပေးချေရတဲ့ အပိုင်းမှာပါ သက်သာနိုင်တဲ့ ဒန်နီအင့်ဂ်ကို မျက်စိကျနေတာလည်း ဖြစ်နိုင်ပါတယ်။
 
မန်စီးတီးရဲ့ တိုက်စစ်မှူး အပြောင်းအရွှေ့ ဇာတ်လမ်း

အဲ့ထဲကမှာ မန်ချက်စတာမြို့ခံနှစ်သင်းနဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လျက်ရှိပြီး Telegraph ရဲ့ ဖော်ပြချက်အရ ဆိုရင် ကိန်းကို ခေါ်ယူဖို့ တာဝန်ရှိသူတွေဟာ စပါးဘက်ကို ကမ်းလှမ်းမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ် လက်ရှိချန်ပီယံတို့ အမြင့်ဆုံး သုံးစွဲထားတဲ့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဟာ ပေါင် ၆၅ သန်း ဖြစ်ပြီး ကိန်းကိုသာ အမှန်တကယ် ခေါ်ယူချင်တယ် ဆိုရင် စီးတီး အနေနဲ့ အဲ့ထက် ၂ ဆလောက် သုံးရဖို့ ရှိတယ်လို့ Telegraph မှာ ဖော်ပြပါတယ်။ လက်ရှိအချိန်ထိတော့ သောမက်စ်တူခယ်ရဲ့ ချဲလ်ဆီး အနေနဲ့ ကိန်းနဲ့ ပတ်သတ်လို့ လှုပ်ရှားမှု လုံးဝ မရှိသေးဘူးလို့သိရပါတယ်။ မန်ချက်စတာယူနိုက်တက် ကတော့ ပိုင်ရှင် ဖြစ်သူ ဂလေဇာ မိသားစု ကတော့ ကိန်းအတွက် ပေါင်သန်း ၉၀ အသုံးပြုပြီး ခေါ်ယူပေးမယ် ဆိုတဲ့ ကောလာဟလတွေ အစောပိုင်းမှာ ထွက်ပေါ်ခဲ့ပေမယ့် ကာဗာနီနဲ့ စာချုပ်သစ် ချုပ်အပြီးမှာ ပြန်ပြီး ငြိမ်သက်သွားခဲ့ပါတယ်။ စပါး ဘက်ကလည်း ကိန်းကို ဆက်လက် ထိန်းသိမ်းချင်ပေမယ့် အကယ်၍ ကိန်း သာထွက်ခွာသွားရင် ရီးရဲယ်မက်ဒရစ် ကနေ အငှားနဲ့ လာကစားနေတဲ့ ဘေးလ်ကို အနည်းဆုံးတစ်ရာသီ ထပ်ပြီး သက်တမ်းတိုးဖို့ ရည်ရွယ်ထားတယ်လို့ ဖော်ပြနေကြပါတယ်။

တစ်ဆက်တည်းမှာပဲ မန်စီးတီး တို့ လက်ရှိ တိုက်စစ်မှူး ရာဟင်မ်စတာလင်ကို ကာလရှည်စာချုပ်ချုပ်ဆိုဖို့ အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ နောက်ထပ် တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ အဂွဲရိုးကတော့ လာလီဂါ ထိပ်သီး ဘာစီလိုနာကို ပြောင်းဖို့ ၈၀ ရာခိုင်နှုန်း သဘောတူညီချက် ရခဲ့ပြီလို့ စပိန်နာမည်ကြီး သတင်းစာ မန်ဒို ဒီပိုတီပို မှာ ဖော်ပြထားပါတယ်။ အသက် ၃၂ နှစ်အရွယ် အာဂျင်တီးနား တိုက်စစ်မှူး အနေနဲ့ လာမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲ အပြီးမှာ ကတ်တာလန်ကို သွားပြီး ဆေးစစ်မှုတွေ ပြုလုပ်မယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ် ကလပ်အသင်းကြီး တစ်သင်း ဖြစ်ပေမယ့် ကစားသမားသစ်ခေါ်ရေး အတွက် ငွေသုံးဖို့ လက်တွန့်လေ့ရှိတဲ့ အာဆင်နယ် တို့ရဲ့ အပြောင်းအရွှေ့သတင်းတွေ ခပ်သဲ့သဲ့ကြားလာရပါပြီ။
ကွင်းလယ်နဲ့ တိုက်စစ်ကစားသမားတွေ အဓိကထား ခေါ်ယူချင်နေတဲ့ မီခယ်အာတေးတား

 
အာဆင်နယ်နဲ့ ကွင်းလယ်ဖန်တီးရှင် ပြသနာ
ပရီးမီးယားလိဂ် ကလပ်အသင်းကြီး တစ်သင်း ဖြစ်ပေမယ့်‌ ကစားသမားသစ်ခေါ်ရေး အတွက် ငွေသုံးဖို့ လက်တွန့်လေ့ရှိတဲ့ အာဆင်နယ် တို့ရဲ့ အပြောင်းအရွှေ့သတင်းတွေ ခပ်သဲ့သဲ့ကြားလာရပါပြီ။ မီခယ်အာတေးတားရဲ့ အသင်းက လက်တလောမှာ နော့ဝှစ်ချ်စီးတီးက အသက် ၂၄ နှစ်အရွယ် အာဂျင်တီးနား ကွင်းလယ်ဖန်တီးရှင် အီမီလီယာနို ဘူအန်ဒီရာ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒီသတင်းကိုတော့ Daily Mail သတင်းစာက ဖော်ပြခဲ့တာ ဖြစ်ပြီး အာဆင်နယ်ဟာ လက်တလော အငှားနဲ့ လာကစားနေတဲ့ မာတင်အိုဒီဂတ် နေရာအတွက် အစားထိုးဖို့ ဘူအန်ဒီရာ ကို ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။ အိုဒီဂတ်အနေနဲ့ လာမယ့် ကာလမှာ မူလအသင်းဖြစ်တဲ့ ရီးရဲယ်မက်ဒရစ် ဆီကို ပြန်သွားရမှာ ဖြစ်ပြီး စပိန်ထိပ်သီး  ဘက်ကလည်း အိုဒီဂတ်ကို လာမယ့် ရာသီမှာ အသင်းရဲ့ ပထမပွဲထွက်ကစားသမား အဖြစ် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် အာဆင်နယ်တို့ ရိုးမားရဲ့ အသက် ၁၉ နှစ်အရွယ် ဂမ်ဘီယာ ကွင်းလယ် ကစားသမား ဒါဘိုးကို ခေါ်ယူဖို့ တော့တင်ဟမ်နဲ့အပြိုင် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ကစားသမား သစ် ခေါ်ယူရေး နယူးကာဆယ် ထံ အငှားချထားတဲ့ ဂျိုးဝေးလ်လော့ခ် ကိုတော့ ပေါင်သန်း ၂၀ နဲ့ အပြီးသတ် ပြောင်းရွှေ့ခွင့်ပေးဖို့ ရှိနေပါတယ်။
 
ဆူလီနဲ့ ပီယာနစ်ကို စိတ်ဝင်စားနေတဲ့ ချဲလ်ဆီး၊ အေစီမီလန်ရောက်ဖို့ သေချာနေတဲ့ ဂျီရူး

ချဲလ်ဆီး နည်းပြ သောမက်စ်တူဟယ် အနေနဲ့ ဘေယန်မြူးနစ်ရဲ့ ဂျာမနီ နောက်ခံလူ ဆူလီကို ခေါ်ယူဖို့ ‘အကြီးအကျယ်’ စိတ်ဝင်စားနေတယ်လို့ ဂျာမန် မီဒီယာတွေမှာ ဖော်ပြနေပါတယ်။ ဒါ့အပြင် ဘာစီလိုနာရဲ့ အသက် ၃၁ နှစ်အရွယ် ကွင်းလယ်လူ မီယာလမ် ပီယာနစ်ကို ခေါ်ယူဖို့ ပီအက်စ်ဂျီနဲ့ အပြိုင်ကြိုးပမ်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိ ချဲလ်ဆီးကွင်းလယ်မှာ ကန်တေ ပုံမှန် ခြေစွမ်းပြနေပေမယ့် မကြာခဏ ဒဏ်ရာပြသနာနဲ့ ရုန်းကန်နေရတဲ့ ကိုဗာချစ်၊ အမှားတွေ များတတ်တဲ့ ဂျော်ဂျင်ဟို၊ ကစားအားကျလာတဲ့ မားကို့စ်အလွန်ဆို တို့ကြောင့် အသက် ၁၉ နှစ်သာ ရှိသေးတဲ့ စကော့တလန် လူငယ်ကစားသမားလေး ဘစ်လီ‌ဂီလ်မောကို အသုံးပြုနေရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တူဟယ် အနေနဲ့ ကွင်းလယ်နဲ့ ခံစစ်ပိုင်းကို ကြီးကြီးမားမား အင်အား ဖြည့်တင်းမှု ပြုလုပ်ဖို့ ပြင်ဆင်နေတာလို့ ပြင်သစ် သတင်းစာ Le10 Sport က ဖော်ပြပါတယ်။ နောက်ဆက်တွဲ သတင်းတွေ အရ အသက် ၃၄ နှစ်ရှိပြီ ဖြစ်တဲ့ ပြင်သစ် တိုက်စစ်မှူးကြီး အိုလီဗီယာဂျီရူး ကို အေစီမီလန် အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ အစောပိုင်းတည်းက ဂျီရူးကို ခေါ်ယူဖို့ ရိုးမား၊ လာဇီယို၊ အင်တာမီလန် တို့ကလည်း ကြိုးပမ်းခဲ့ပေမယ့် အေစီမီလန်ကိုပဲ ပြောင်းရွှေ့ဖို့ သေချာသလောက် ရှိနေခဲ့တာပါ။
 
ပရီးမီးယားလိဂ် နည်းပြ အပြောင်းအရွှေ့သတင်းများ

ဝက်စ်ဘရွန်း အသင်းဟာ ရာသီအကုန်မှာ အသင်းနဲ့ လမ်းခွဲတော့မယ့် ဆမ်အာလာဒိုက်စ် နေရာမှာ ရှက်ဖီးလ်ယူနိုက်တက် နည်းပြ ခရစ္စဝိုလ်ဒါ ကိုခန့်အပ်ဖို့ ပြင်ဆင်နေပြီလို့ Telegraph မှာ ဖော်ပြထားပါတယ်။ ခရစ္စတယ်ပဲလေ့စ် ကလည်း နည်းပြ ဘဝကနေ အနားယူသွားခဲ့တဲ့ ရွိုင်းဟော့ဆန်ရဲ့ နေရာမှာ ပရီးမီးယားလိဂ် အတွေ့အကြုံရှိတဲ့ ချဲလ်ဆီး နည်းပြဟောင်း ဖရန့်ခ်လမ်းပတ်ကို ခေါ်ယူဖို့ ချိတ်ဆက်နေပြီလို့ သိရပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်