နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အတ္တလန္တာကို အနိုင်ယူပြီး ကိုပါအီတလီယာဖလားမှာ ၁၄ ကြိမ်မြောက် ဗိုလ်စွဲတဲ့ ဂျူဗင်တပ်စ်

အတ္တလန္တာ ၁-၂ ဂျူဗင်တပ်စ်

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကိုပါအီတလီယာ ဗိုလ်လုပွဲမှာတော့ ဂျူဗင်တပ်စ်တို့ ကူလူဆက်ဗ်စကီး၊ ဖက်ဒရစ်ကို ခီယေဇာတို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ အတ္တလန္တာကို ၁-၂ နဲ့ အနိုင်ယူပြီး ၁၄ ကြိမ်မြောက် ချန်ပီယံဖြစ်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်ဟာ ဒီရာသီ စီးရီးအေမှာ အတ္တလန္တာကို နှစ်ကျော့စလုံး အသာမရခဲ့ပေမယ့် အခုပွဲမှာ‌တော့ ပီယာလိုရဲ့ အသင်းသားတွေဟာ တစ်ဦးချင်း စွမ်းဆောင်ရည် ကောင်းမွန်မှုနဲ့ အတူ ဖလားလက်မဲ့ရာသီ ဖြတ်သန်းရမယ့် အရေးကနေ လွတ်မြောက်စေနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဖလား ရခဲ့လို့ ပီယာလိုအနေနဲ့ ဂျူဗင်တပ်စ်မှာ ဆက်ပြီး ရှိနိုင်၊ မရှိနိုင်ဆိုတာ ကတော့ လက်ရှိအချိန်ထိတော့ ဘာမှမသိရသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။

ဂျူဗီတို့ မနှစ်က ကိုပါအီတလီယာ ဗိုလ်လုပွဲမှာ နာပိုလီကို ပင်နယ်တီနဲ့ ရှုံးပြီး ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရပေမယ့် ဒီနှစ်မှာတော့ အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချပြီး ဗိုလ်စွဲသွားခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ အန်ဒရီယာ ပီယာလိုရဲ့ အသင်းက ၄-၄-၁-၁ ကစားကွက်နဲ့ ပွဲထွက်လာပြီး တိုက်စစ်မှာ ဒီဘားလား အစား ကူလူဆက်ဗ်စကီးကို ရော်နယ်ဒိုနဲ့ တွဲဖက် ကစားစေခဲ့ပါတယ်။ ကွင်းလယ်နဲ့ တောင်ပံတွေ မှာတော့ ခီယေဇာ၊ မက်ကင်နီ၊ ရာဘီယော့တ်၊ ဘန်တန်ကာ၊ နောက်တန်းမှာ ဒန်နီလို၊ ခီလီနီ၊ ဒီလစ်ဂျ်၊ ကွာဒွာဒိုနဲ့ ဂိုးမှာတော့ ၄၃ နှစ်အရွယ် ဂိုးသမားကြီး ဘူဖွန်ကို ကစားခိုင်းခဲ့ပါတယ်။ ဂတ်စပီရီနီရဲ့ အတ္တလန္တာ မှာလည်း အဓိက ကစားသမား အစုံအလင် ပါဝင်လာခဲ့ပြီး ဇာပါတာ၊ ပက်ဆီနာ၊ ဖရီအူလာ၊ ဟတ်တီဘိုးဝါး၊ တိုလွိုင် စတဲ့ အမာခံတွေနဲ့ ဂျူဗင်တပ်စ်ကို ရင်ဆိုင်ခဲ့ပါတယ်။ တကယ်တမ်း ဒီနေ့ပွဲမှာ ခြေစွမ်းကောင်းတွေနဲ့ စတင်ထိုးဖောက်နိုင်ခဲ့တာ အတ္တလန္တာတို့ ဖြစ်ပြီး ဂိုးသမားကြီး ဘူဖွန်ရဲ့ ကာကွယ်မှု တွေကြောင့် သက်သာရာရခဲ့တာ ဖြစ်ပါတယ်။ အတ္တလန္တာ တိုက်စစ်က ဇာပါတာ၊ မယ်လင်နော့ဗ်စကီး၊ ပက်ဆီနာတို့ရဲ့ တွဲလုံးတွေအပြင် တောင်ပံနှစ်ဖက်က ဟတ်တီဘိုးဝါး၊ ဂိုဆန်စ် တို့ အတိုးအလှုပ် အားကောင်းခဲ့တာကြောင့် ဒန်နီလို၊ ခီလီနီ၊ ဒီလစ်ဂျ်တို့ တော်တော်လေး ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရပါတယ်။ ဒါ့ကြောင့် ပီယာလိုရဲ့ အသင်းက တန်ပြန်တိုက်စစ် ကနေပဲ ဂိုးရဖို့ ကြိုးပမ်းခဲ့ရပြီး ပွဲချိန် ၃၁ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဘောလုံးဆွဲပြေးလာတဲ့ ရော်နယ်ဒိုကို အတ္တလန္တာ နောက်ခံလူတွေ လိုက်လံတားဆီးရာ ကနေ မက်ကင်နီ ပြန်ပေးတဲ့ ဘောလုံးကို အသင့်ပါလာတဲ့ ကူလူဆက်ဗ်စကီး ဂိုးတိုင်ရဲ့ ဘယ်ဘက်ထောင့်ထဲကို လှလှပပ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် အတ္တလန္တာတို့ပဲ ပွဲကို ဆက်လက် စိုးမိုးကစားနိုင်ခဲ့ပြီး ပွဲချိန် ၄၁ မိနစ်မှာ ချေပဂိုးရဖို့ အားထုတ်မှုလည်း အောင်မြင်ခဲ့ပါတယ်။ ဒီဂိုးကိုတော့ ဟတ်ဒီဘိုးဝါးရဲ့ ပေးပို့မှုကနေ မယ်လင်နော့ဗ်စကီး အားပါပြင်းထန်တဲ့ ကန်ချက်နဲ့ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်း မှာတော့ နှစ်သင်းစလုံး အနိုင်ဂိုးရဖို့ ကစားသမား လဲလှယ်မှုတွေ စတင်ပြုလုပ်လာပါတယ်။ ဒါပေမယ့်လည်း အတ္တလန္တာ ဘက်က လူးဝစ် မူရီရယ်၊ ပါဆာလစ်တို့ ဝင်လာပြီး သိပ်မကြာခင်မှာပဲ ဂျူဗင်တပ်စ်တို့ အနိုင်ဂိုးရသွားခဲ့ပါတယ်။ အတ္တလန္တာ နောက်ခံလူတွေ ကြားက ကူလူဆက်ဗ်စကီး မျှောပေးလိုက်တဲ့ ဘောလုံးကို ခီယေဇာက ဆွဲပြေးပြီး ဂိုးသမား ဂိုလီနီကို အတွေ့မှာ တည်တည်ငြိမ်ငြိမ်နဲ့ပဲ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် မိနစ် ၆၀ လောက်မှာ ရော်နယ်ဒိုရဲ့ နောက်ပေါက်နဲ့ ချပေးတဲ့ ဘောလုံးကို ခီယေဇာ အပိုင်ကန်ရာမှာ တိုင်ထိခဲ့ပေမယ့် နောက်ထပ်တစ်ကြိမ်ရတဲ့ အခွင့်အရေး ကိုတော့ ခီယေဇာ အနေနဲ့ အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ကျန်မိနစ်တွေမှာ အတ္တလန္တာရဲ့ ကစားပုံဟာ သိသိသာသာ ကြမ်းလာခဲ့ပြီး ကွင်းလယ်ဒိုင် အနေနဲ့ မကြာခဏ အဝါကတ်တွေ ပြသခဲ့ရပါတယ်။ ကွင်းထဲက ကစားသမားတွေအပြင် လူစားလဲပြီးလို့ ကွင်းပြင်ရောက်နေတဲ့ တိုလွိုင်ဟာလည်း နည်းပြနဲ့ စည်းကြပ်ဒိုင်ကို ရန်မူခဲ့လို့  အနီကတ် ပြသခံခဲ့ရပါတယ်။ လက်ကျန်မိနစ်တွေမှာ ပီယာလို အနေနဲ့ ဝါရင့်ခံစစ်မှူး ဘိုနူချီကို ထည့်သွင်းပြီး အနိုင်ရလဒ်ကို ထိန်းသွားခဲ့လို့ ၁-၂ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

အတ္တလန္တာအတွက် ကိုပါအီတလီယာ ဖလားဟာ နှစ်ပေါင်း ၆၀ နီးပါး ဝေးကွာခဲ့ရတဲ့ ဆုဖလား မျှော်လင့်ချက် ဖြစ်ပေမယ့် ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်း ဂျူဗင်တပ်စ်ရဲ့ အရှိန်အဝါကို ကျော်လွန်နိုင်ခြင်း မရှိလို့ ဒုတိယဆုနဲ့ပဲ ၄ ကြိမ်မြောက် ကျေနပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။
၂၀၁၈-၁၉ ဘောလုံးရာသီက ကိုပါအီတလီယာ ဗိုလ်လုပွဲ မှာ လာဇီယိုကို ရှုံးပြီး ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရတဲ့ အတ္တလန္တာ

 

ပွဲပြီးသုံးသပ်ချက်

အခုပွဲမှာလည်း ပီယာလိုရဲ့ အသင်းက လိုအပ်ချက်တွေ များစွာရှိနေသေးတာ တွေ့ရပြီး ကူလူဆက်ဗ်စကီးနဲ့ ခီယေဇာရဲ့ တစ်ဦးချင်း စွမ်းဆောင်ရည်နဲ့ ရခဲ့တဲ့ ဂိုးတွေကြောင့်သာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ စီးရီးအေနဲ့ ကိုပါအီတလီယာရဲ့ အအောင်မြင်ဆုံး အသင်းဖြစ်တဲ့ ဂျူဗင်တပ်စ်တို့ ၉ နှစ် ဆက်တိုက် ထိန်းသိမ်းလာတဲ့ စီးရီးအေ ချန်ပီယံဆုကို အင်တာမီလန်ဆီ လွှဲပြောင်းပေးခဲ့ရတာကြောင့် ဖလားလက်မဲ့ရာသီ မဖြစ်ရေး စံချိန်ကို ဆက်ချိုးနိုင်ဖို့ အခုပွဲက အရေးကြီးခဲ့ပါတယ်။ ရည်ရွယ်ထားသလိုပဲ တူရင်ကလပ်ဟာ ဒီရာသီအတွက် ဆုဖလား တစ်လုံးရယူနိုင်ခဲ့ပြီး နည်းပြ ပီယာလို အတွက်လည်း နည်းပြ သက်တမ်းတစ်လျှောက် အီတလီ စူပါဖလား ပြီးရင် ဒုတိယမြောက် ရရှိတဲ့ အဓိက ဆုဖလားလည်း ဖြစ်ပါတယ်။ ဒါ့အပြင် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒို ဟာ အင်္ဂလန်၊ စပိန်၊ အီတလီတို့ရဲ့ ပြည်တွင်း ဆုဖလား အားလုံးကို ကိုင်မြှောက်နိုင်ခဲ့တဲ့ တစ်ဦးတည်းသော ဘောလုံးသမား ဖြစ်လာခဲ့ပါတယ်။

ဂတ်စပီရီနီရဲ့ အသင်း ကတော့ သူတို့ရဲ့ ကစားဟန်အတိုင်း ပြိုင်ဘက်ကို ထက်မြတ်တဲ့ တိုက်စစ်နဲ့ အနိုင်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ဒီနေ့ပွဲမှာ ဇာပါတာ အပြင် ကွင်းလယ်က ဒီရွန်နဲ့ ဖရီအူလာတို့ ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေခဲ့လို့ အဆုံးသတ်ပိုင်းမှာ လိုအပ်ချက် ရှိသွားတာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲ ဖြစ်လို့ ပြိုင်ဆိုင်မှု ပြင်းထန်လာတာ ပြသနာ မဟုတ်ပေမယ့် ရှုံးနေတဲ့ အချိန်မှာ ပြိုင်ဘက်ကို လိုတာထက် ပိုပြီး ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့တဲ့ အတ္တလန္တာတို့ရဲ့ လုပ်ရပ်ကတိုော့ ပရော်ဖက်ရှင်နယ် မဆန်ဘူးလို့ပဲ သတ်မှတ်ရမှာပါ။ အတ္တလန္တာအတွက် ကိုပါအီတလီယာ ဖလားဟာ နှစ်ပေါင်း ၆၀ နီးပါး ဝေးကွာခဲ့ရတဲ့ ဆုဖလား မျှော်လင့်ချက် ဖြစ်ပေမယ့် ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်း ဂျူဗင်တပ်စ်ရဲ့ အရှိန်အဝါကို ကျော်လွန်နိုင်ခြင်း မရှိလို့ ဒုတိယဆုနဲ့ပဲ ၄ ကြိမ်မြောက် ကျေနပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

လာမယ့် မေလ ၂၄ ရက်နေ့ မနက် အစောပိုင်းမှာတော့ ၂၀၂၀-၂၀၂၁ စီးရီးအေ ရာသီသိမ်းပွဲစဉ်တွေ တစ်ပြိုင်နက်တည်း ကစားကြမှာ ဖြစ်ပြီး အတ္တလန္တာက အေစီမီလန်၊ ဂျူဗင်တပ်စ်က ဘိုလော့နာ နဲ့ ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်