နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသင့်တဲ့ တစ်ချိန်က နာမည်ကျော် ကစားသမားများ

လက်ရှိ အပြောင်းအရွှေ့‌ ဈေးကွက်မှာ ချဲလ်ဆီး၊ မန်ချက်စတာစီးတီး၊ အာဆင်နယ်၊ လစ်ဗာပူးလ် တို့လို  ပရီးမီယားလိဂ် နာမည်ကြီး ကလပ်တွေ ကတော့  ကစားသမားတွေ ခေါ်ယူ အားဖြည့်ဖို့ အတွက် ငွေသန်းပေါင်းများစွာ သုံးစွဲဖို့ စီစဉ်ထားသည့် တိုင်အောင် အဆင်မပြေမှု တွေနဲ့ ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။ ပြင်သစ် လီဂူးဝမ်း ကလပ် ပီအက်စ်ဂျီ ဟာ လက်ရှိမှာ ကမ္ဘာ့ အကောင်းဆုံး ဂိုးသမားလို့ သတ်မှတ်ခံထားရတဲ့ အေစီမီလန်က ဂီယန်လီဂီ ဒွန်နာရူးမား၊ လစ်ဗာပူးလ်က ဂျော်ဂျီနို ဝိုင်ဂျ်နယ်ဒမ် တို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားပြီး ဖြစ်သလို ဘာစီလိုနာ ဆိုရင်လည်း မန်းဖစ် ဒီပေး၊ အဲရစ် ဂါစီယာ၊ ဆာဂျီယို အဂွဲယိုး တို့ကို ပြောင်းရွှေ့ကြေး လုံးဝ မပေးရပဲ အရခေါ်ယူနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

တကယ်တော့ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ကာလမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် တစ်ချိန်က နာမည်ကြီး ကစားသမားတွေ အများကြီး ရှိနေပါသေးတယ်။ တက်သစ်စ လူငယ်ကြယ်ပွင့် တွေကို ငွေကြေး သန်းပေါင်းများစွာ ပေးပြီး ခေါ်ယူနိုင်ခြင်းဟာ ကလပ်ရဲ့ အနာဂတ် အတွက် အကျိုးရှိတာ မှန်ပါတယ်။ ဒါပေမယ့် လက်တလော ကိုဗစ် ကပ်ရောဂါကြောင့် ဘဏ္ဍာရေး အကြပ်အတည်းတွေ ရင်ဆိုင်နေရချိန် မှာတော့ ရေတို ဖြေရှင်းမှု အနေနဲ့ အနည်းဆုံး နှစ်ရာသီလောက် ကောင်းကောင်း ကစားနိုင်ဦးမယ့် အတွေ့အကြုံရင့်  ကစားသမားတွေကို ခေါ်ယူဖို့ ထည့်သွင်း စဉ်းစားသင့်တယ်လို့ ထင်ပါတယ်။

ဒါဆိုရင် တစ်ချိန်က ပရီးမီးယားလိဂ်မှာ အခြေချခဲ့ပြီး လက်တလောမှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ကစားသမားတွေဟာ ဘယ်သူတွေလဲဆိုတာ တစ်ချက်ကြည့်ရအောင်…

 

စတီဗင် ဂျိုဗီတစ် (၃၁ နှစ်)

နောက်ဆုံးကစားခဲတဲ့ ကလပ် (မိုနာကို)

ကစားသမား ဘဝ တစ်လျှောက်လုံး ဒဏ်ရာပြသနာတွေ ရင်ဆိုင်ခဲ့ရတဲ့ မွန်တီနီဂရိုး တိုက်စစ်မှူး ဂျိုဗီတစ်ဟာ တကယ်တမ်းတော့ တိုက်စစ်မှူးကောင်း တစ်ဦး ဖြစ်ပါတယ်။ ဖီအိုရင်တီးနား အသင်းနဲ့ အတူ နာမည် ကျော်ကြားလာခဲ့တဲ့ ဂျိုဗီတစ်ကို ၂၀၁၃ ခုနှစ်မှာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီးက ခေါ်ယူခဲ့ပေမယ့် သူ့ရဲ့ ဒဏ်ရာ ပြသနာတွေ ကြောင့်ပဲ နှစ်ရာသီ အကြာမှာ စီးရီးအေ ကလပ် အင်တာမီလန်ကို ပြောင်းရွှေ့ခဲ့ရပါတယ်။ အင်တာမီလန် ကနေမှ ဆီဗီလာ၊ ဆီဗီလာ ကနေမှ နောက်ဆုံး မိုနာကို အသင်းထံ ပြောင်းရွှေ့ခဲ့ရတဲ့ ဂျိုဗီတစ်ဟာ လက်ရှိ မှာတော့ ပြင်သစ် ကလပ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးလို့ အသင်း လက်မဲ့ ဖြစ်နေခဲ့ရသူပါ။ မကြာခဏ ဒဏ်ရာ ပြသနာ ရှိတတ်ပေမယ့် မိုနာကို အတွက် ၇၇ ပွဲ ကစားခဲ့ရာမှာ ၂၁ ဂိုး သွင်းထားနိုင်တဲ့ သူ့ရဲ့ စွမ်းဆောင်ရည် ကတော့ မဆိုးဘူးလို့ ပြောလို့ရပါတယ်။

 

ဂျရုမ်း ဘိုတန်း (၃၂ နှစ်)

နောက်ဆုံးကစားခဲ့တဲ့ ကလပ် (ဘေယန်မြူးနစ်)

ဂျာမနီနဲ့ အတူ ကမ္ဘာ့ဖလား ချန်ပီယံဆု ရရှိခဲ့ဖူးတဲ့ နောက်ခံလူ ဂျရုမ်း ဘိုတန်းဟာ ဟမ်းဘတ်၊ မန်ချက်စတာစီးတီးနဲ့ ဘေယန်မြူးနစ် အသင်းတွေမှာ ကစားခဲ့သူ ဖြစ်ပါတယ်။ သူလည်းပဲ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး အသင်းမှာ တစ်ရာသီတည်း ကစားခဲ့ဖူးပေမယ့် ဂျာမန်မြေ မှာတော့ ၁၀ နှစ်တာ ကာလအတွင်း ၃၈၆ ပွဲကစားပြီး ဘေယန်မြူးနစ်ရဲ့ အောင်မြင်မှုတွေ အတွက် အဓိကကျခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ခဲ့ပါတယ်။ အသက် ၃၀ ကျော်လာပြီး နောက်ပိုင်း ဒဏ်ရာပြသနာတွေ ရှိလာခဲ့ပေမယ့် ဘေယန်မြူးနစ်နဲ့ ဖြတ်သန်းခဲ့တဲ့ နောက်ဆုံး နှစ်ရာသီ အတွင်း သူ့ရဲ့ စွမ်းဆောင်ရည် ကတော့ လေးစားစရာပါ။ ဒါ့အပြင် နောက်ခံလူ တစ်ဦး အနေနဲ့ အရွယ်လွန်ပြီလို့ ပြောလို့ မရသေးတာကြောင့် အနည်းဆုံး ၂ ရာသီလောက်တော့ ကောင်းကောင်း သုံးလို့ ရနိုင်တဲ့ ကစားသမား ဖြစ်ပါတယ်။

 

ဒါးဗစ် လူးဝစ်ဇ် (၃၄ နှစ်)

နောက်ဆုံးကစားခဲ့တဲ့ ကလပ် (အာဆင်နယ်)

ဘင်ဖီကာ၊ ချဲလ်ဆီး၊ ပီအက်စ်ဂျီ၊ အာဆင်နယ် တို့မှာ ကာလ အတန်ကြာ ဖြတ်သန်းခဲ့တဲ့ ဘရာဇီးလ် နောက်ခံလူဟာ အသက် ၃၄ နှစ် ရှိနေပေမယ့် ခြေစွမ်းမကျသေးဘူး ဆိုတာ ပြီးခဲ့တဲ့ ရာသီက အာဆင်နယ်နဲ့ အတူ အကောင်းဆုံး သက်သေပြ ထားခဲ့ပါတယ်။ လက်ရှိအချိန်ထိ ဥရောပ ထိပ်သီး ကလပ်အသင်းတွေမှာ ကစားနိုင်ဆဲ ဖြစ်သလို အသက်အရွယ်ကြောင့် အမြန်နှုန်း ကျဆင်းလာသည့် တိုင်အောင် ခံစစ် အတွက် စိတ်ချရတဲ့ ကစားသမား အဖြစ်တော့ ရှိနေဆဲပါ။

 

ပက်ထရစ် ဗန် အန်းဟော့တ် ( ၃၀ နှစ်)

နောက်ဆုံး ကစားခဲ့တဲ့ ကလပ် (ခရစ္စတယ်ပဲလေ့စ်)

 ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီ ဖြစ်တဲ့ နယ်သာလန် ဘယ်နောက်ခံလူ ကတော့ ခံစစ်ပိုင်း သာမက တိုက်စစ် ကိုလည်း လိုက်ပါပြီး ကစားနိုင်သူ ဖြစ်ပါတယ်။ ချဲလ်ဆီး၊ ဆန်းဒါးလန်း၊ ဗိုက်တတ်ဆီ တို့လို အသင်းတွေမှာ ကစားခဲ့ပြီးတော့ အတွေ့အကြုံရင် ကစားသမား ဖြစ်တဲ့ အပြင် အသက် ၃၀ အရွယ်သာ ရှိသေးတဲ့ အတွက် အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရမယ် ဆိုရင် မဖြစ်မနေ ခေါ်ယူသင့်တဲ့ ကစားသမား တစ်ဦးလို့ပဲ ဆိုရမှာပါ။

 

ဒီယေဂို ကော်စတာ (၃၂ နှစ်)

နောက်ဆုံး ကစားခဲ့တဲ့ ကလပ် (အက်တလက်တီကို မက်ဒရစ်)

ဒီဇင်ဘာလ ၂၀ ရက်နေ့ကတည်းက အက်တလက်တီကို မက်ဒရစ် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့တဲ့ ဒီယေဂို ကော်စတာ ဟာလည်း လက်တလောမှာလည်း အသင်းလက်မဲ့ ဖြစ်နေသူပါ။ ရန်များသူ၊ ကစားပုံ ကြမ်းတမ်းသူ ဖြစ်ပေမယ့် လက်ရှိ အချိန်ထိ ကြံခိုင်မှု အပိုင်းမှာရော နည်းစနစ် အတွေ့အကြုံပိုင်းမှာပါ စွမ်းဆောင်ရည် ပြည့်ဝနေသေးတဲ့ ကစားသမားကြီး ဖြစ်ပါတယ်။ ကွင်းတွင်း၊ ကွင်းပြင် ပြသနာ ရှာတတ်သူ ဒီယေဂို ကော်စတာဟာ အသုံးချတတ်ရင် တိုက်စစ်ပိုင်း အတွက် အကျိုးရှိနိုင်တဲ့ ကစားသမား ဖြစ်ပါတယ်။ အင်္ဂလန်မြေ မှာ ကာလ အတန်ကြာ ခြေချဖူးသူ ဖြစ်တာကြောင့် အလွတ် ပြောင်းရွှေ့ကြေးနဲ့ သာဆိုရင် ကော်စတာဟာ ပရီးမီးယားလိဂ် ကလပ်တွေ မဖြစ်မနေ ခေါ်ယူသင့်တဲ့ ကစားသမား ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်