နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ – နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ (ဘေယန်မြူးနစ်၊ ဒေါ့မန်၊ လိုက်ပ်ဇစ်)

အခုတစ်ခါ မှာတော့ ဇူလိုင်လ ၁၉ ရက်နေ့ ညပိုင်းအထိ ရရှိထားသမျှ ဂျာမန် ဘွန်ဒက်စ်လီဂါ ကလပ်တွေရဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ထုံးစံအတိုင်း ဘွန်ဒက်စ်လီဂါ ကလပ်တွေ အနေနဲ့ အပြောင်းအရွှေ့ကာလမှာ ခြေငြိမ်နေပေမယ့် လီဝမ်ဒေါစကီး၊ ဟာလန်း တို့ရဲ့ သတင်းတွေ ကတော့ ဥရောပ ဘောလုံးရပ်ဝန်း တစ်ခုလုံးကို လွှမ်းခြုံထားနိုင်ဆဲ ဖြစ်ပါတယ်။
 

ဘေယန်မြူးနစ်

လက်ရှိ နွေရာသီ အပြောင်းအရွှေ့ကာလမှာ နာမည်ကြီးနေတဲ့ ချယ်လ်ဆီး အသင်း ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဘေယန်မြူးနစ်ရဲ့ ပြင်သစ် တောင်ပံ ကစားသမား ကင်စလေ ကိုမန်ကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း ပြင်သစ် နာမည်ကြီး L’Equipe က ဖော်ပြခဲ့ပါတယ်။ ချဲလ်ဆီး အနေနဲ့ ကင်စလေ ကိုမန် ကို အသင်းရဲ့ လက်ရှိ အင်္ဂလန် တောင်ပံကစားသမား ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်းလ်နဲ့ ဒဲ့လဲလှယ်ဖို့ ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိုမန်ရဲ့ တန်ကြေးဟာ ချဲလ်ဆီး မျှော်လင့်ထားတာထက် ပိုနိုင်လို့ မဖြစ်နိုင်တဲ့ အပြောင်းအရွှေ့ လို့လည်း သုံးသပ်သူတွေ ရှိနေပါတယ်။

ဒါ့အပြင် ချဲလ်ဆီးတို့ ဒေါ့မန် တိုက်စစ်မှူး အာလင်းဟာလန်းကို ခေါ်ယူဖို့ ကြိုးပမ်းရာမှာ အောင်မြင်နိုင်ချေ နည်းနေလို့ ဘေယန်မြူးနစ် တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးကို ပေါင်သန်း ၅၀ အထိ ပေးပြီး ကမ်းလှမ်း သွားဖို့ ရှိတယ် လို့လည်း Sky Sports မှာ ဖော်ပြပါတယ်။ လက်ရှိမှာ ပိုလန် တိုက်စစ်မှူး ရောဘတ်လီဝမ်ဒေါစကီး ဟာ အသက် ၃၂ နှစ် အရွယ် ရှိနေပေမယ့် ခြေစွမ်းကောင်းတွေ ပိုင်ဆိုင်နေဆဲ ဆိုတာ ပြီးခဲ့တဲ့ ရာသီ စွမ်းရည်က သက်သေဖြစ်ပါတယ်။ လီဝမ်ဒေါစကီးဟာ ပြီးခဲ့တဲ့ ရာသီက ပြိုင်ပွဲစုံ ပွဲ ၄၀ ကစားခဲ့ရာမှာ ၄၈ ဂိုးအထိ သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ နောက်ဆုံး သတင်းတွေ အရတော့ ပြင်သစ် ကွင်းလယ်လူ တိုလစ်ဆို ကို အင်တာမီလန်နဲ့ ဂျူဗင်တပ်စ်က ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဘေယန်မြူးနစ် ဘက်ကလည်း ပေါင်သန်း ၂၀ ရရှိရင်ကို ရောင်းထုတ်နိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။

ဘေယန်မြူးနစ်ရဲ့ ဒီရာသီ ကစားသမား ဖြည့်တင်းဖို့ ကြိုးပမ်းမှု အပိုင်းကို ပြန်ကြည့်မယ် ဆိုရင်တော့ နည်းပြသစ် ဂျူလီယန် နေဂဲလ်စ်မန်းရဲ့ အသင်းက လက်တလောမှာ အားရစရာ လုံးဝ မရှိတာ တွေ့ရပါတယ်။ Bavarian Football work မှာ ဖော်ပြထားချက်အရ ဘာစီလိုနာ အသင်းရဲ့ ညာနောက်ခံလူ ဆာဂျီနို ဒတ်စ် ကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေပြီး ကတ်တာလန် ကလပ် ဘက်ကလည်း ငွေကြေး လိုအပ်ချက်အရ အဆိုပါ အမေရိကန် လူငယ်ကစားသမားကို ရောင်းထုတ်ဖို့ အစီအစဉ် ရှိနေတာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ် ရဲ့ လက်ရှိ ညာနောက်ခံလူ ဘင်ဂျမင် ပါဗက်ဟာ ခံစစ်အားသန်သူ ဖြစ်ပြီး ညာနောက်ခံလူ အဲလ်ဖွန်ဆို ဒေးဗီးစ်နဲ့ ပြောင်းပြန် ဖြစ်နေတာကြောင့် နည်းပြ နေဂဲလ်စ်မန်း အနေနဲ့ ကစားသမားသစ် တစ်ဦး ထပ်မံ ရှာဖွေချင်နေတာ ဖြစ်တယ်လို့လည်း သတင်းတွေမှာ ဖော်ပြပါတယ်။

 

အတည်ပြုနိုင်တဲ့ အပြောင်းအရွှေ့များ

အဝင် – ဒါးယော့တ် အူပါမီကာနို၊ ဂျက်စတင်ချီ၊ အိုမာ ရစ်ချက်ဒ်၊ ဆဗန်အူလ်ရစ်ချ်

အထွက် – ဂျရုမ်း ဘိုတန်း၊ ဒေးဗစ် အလာဘာ၊ ဂျာဗီမာတီနက်ဇ်၊ အလက်ဇန္ဒား နူဘယ်လ် (အငှား)၊ လူးကပ်စ်မိုင် (အငှား)၊ အက်ဒီယန် ဖိန်း (အငှား)
 

ဒေါ့မန်

ဒေါ့မန် ကလည်း ဒီရာသီ အပြောင်းအရွှေ့မှာ ဘေယန်မြူးနစ်နဲ့ ထူးမခြားနားပါပဲ။ အသင်းရဲ့ အဓိက တိုက်စစ်မှူး အာလင်းဟာလန်းကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ အတွက် အဓိက ကြိုးပမ်းနေတဲ့ သဘောမှာ ရှိပြီး စတုဂတ် ဂိုးသမား ဂရီဂေါ ကိုဘယ် တစ်ဦးတည်းကို ခေါ်ယူထားခဲ့တာ ကလွဲရင် တခြား အပြောင်းအရွှေ့တော့ လက်ရှိအထိ မမြင်တွေ့ရသေးပါဘူး။ အဆိုပါ အသက် ၂၃ နှစ် အရွယ် ဆွစ်ဇာလန် ဂိုးသမား ကိုဘယ် ကိုတော့ ပြီးခဲ့တဲ့ လကုန်ပိုင်းထဲက ပေါင် ၁၃ သန်းနဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဘွန်ဒက်စ်လီဂါ ထိပ်သီး ဒေါ့မန် အနေနဲ့ မိုချင်ဂလတ်ဘတ် အသင်းရဲ့ ပြင်သစ် တောင်ပံ ကစားသမား မားကပ်စ် သူရမ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ မားကပ်စ် သူရမ်ရဲ့ တန်ကြေး ကတော့ လက်ရှိမှာ ပေါင် ၂၅ သန်းကနေ သန်း ၃၀ အတွင်း ရှိနိုင်ပြီး မာကိုရို့စ် အနေနဲ့ မိုချင်ဂလတ်ဘတ်ကို တာဝန်ယူခဲ့စဉ်က စိတ်ကြိုက် ကစားသမား ဖြစ်ခဲ့တဲ့ သူရမ်ကို ခေါ်ယူဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပီအက်စ်ဗွီ အင်န်ဟိုဗန်က နယ်သာလန် လူငယ် ကြယ်ပွင့် မာလန်း ကို ခေါ်ယူဖို့လည်း ပြင်ဆင်နေတယ်လို့ ဂျာမန် အခြေစိုက် သတင်းတွေက ဖော်ပြနေပါတယ်။ ယူနိုက်တက်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ဂျေဒန် ဆန်ချို နေရာမှာ အစားထိုးဖို့ ဒွန်ရဲလ် မာလန်းကို စိတ်ဝင်စားနေခဲ့တာ ဖြစ်ပြီး ပီအက်စ်ဗွီ အတွက် ၁၁၆ ပွဲ ကစားပြီး ၅၅ ဂိုး သွင်းယူထားခဲ့တဲ့ ကစားသမားကို ဒေါ့မန် အနေနဲ့ ပရီးမီးယားလိဂ် ထိပ်သီး လစ်ဗာပူးလ်နဲ့ အပြိုင် ကြိုးပမ်းရဖွယ် ရှိနေပါတယ်။
 

အတည်ပြုနိုင်တဲ့ အပြောင်းအရွှေ့များ

အဝင် –  ဂရီဂေါ ကိုဘယ်

အထွက် – ဆာဂျီယို ဂိုးမက်ဇ်၊ ဂျရယ်မီ တိုလ်ဂျန်၊ လူးကပ်စ် ပစ်ဇက်ဇက်ခ်၊ ဂျေဒန်ဆန်ချို၊ လီယိုနာဒို ဘယ်လာဒီ၊ ခရစ် ဖူးရစ်ချ်
 

လိုက်ပ်ဇစ်

>တီမိုဗာနာ ချဲလ်ဆီးအသင်းထံ ပြောင်းရွှေ့သွား ကတည်းက အဓိက တိုက်စစ်မှူး နေရာကို ဖြည့်တင်းမှု ပြုလုပ်ထားနိုင်ခြင်း မရှိခဲ့တဲ့ လိုက်ပ်ဇစ်တို့ အခုလ အစောပိုင်းမှာ ဖရန့်ဖတ် အသင်း ကနေ အန်ဒရီဆေးလ်ဗားကို ခေါ်ယူထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ လိုက်ပ်ဇစ်တို့ အဆိုပါ အသက် ၂၅ နှစ် အရွယ် ပေါ်တူဂီ တိုက်စစ်မှူး အတွက် ပေါင်သန်း ၂၀ သာ ပေးချေခဲ့ရပြီး မန်ချက်စတာယူနိုက်တက်၊ ရီးရဲယ်မက်ဒရစ် တို့နဲ့ အပြိုင်ကြိုးပမ်းခဲ့ရတာ ဖြစ်ပါတယ်။ အန်ဒရီ ဆေးလ်ဗားဟာ ဖရန့်ခ်ဖတ် အတွက် ၇၃ ပွဲကစားပြီး ၄၆ ဂိုး သွင်းယူပေးနိုင်ခဲ့သလို ပြီးခဲ့တဲ့ရာသီက ဘွန်ဒက်စ်လီဂါမှာ ၃၂ ပွဲကစားပြီး ၂၈ ဂိုး အထိ သွင်းယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒါးယော့တ် အူပါမီကာနိုနဲ့ ကိုနိတ်တို့ နှစ်ဦးကို ရောင်းချခဲ့တာကနေ ပေါင် ၇၅ သန်း နီးပါးလောက် ရရှိခဲ့တဲ့ လိုက်ပ်ဇစ်တို့ အဓိက ဗဟိုခံစစ်နေရာကို ဖြည့်တင်းဖို့ အတွက် ဒိုင်နမိုကိဗ်က အသက် ၁၉ နှစ် အရွယ် ဂျော့စ်ကို ဂက်ဗာဒီရို ကို ပေါင် ၁၆ သန်းနဲ့ ခေါ်ယူထားခဲ့ပြီး ပြင်သစ် လီဂူးဝမ်း ကလပ် စထရက်စ်ဘော့ဂ် လူငယ် ဗဟိုခံစစ်မှူး မိုဟာမက် ဆီမာကန်ကို ပေါင် ၁၃ သန်းနဲ့ ခေါ်ထားခဲ့ပါတယ်။ ဒါ့အပြင် အေဂျက်စ်က ဘရိုင်ယန် ဘရော့ဘီကို အလွတ် ပြောင်းရွှေ့ကြေး၊ မိုနာကို ညာနောက်ခံလူ ဘန်ဂျမင်ဟန်းနရစ်ချ် ကို ပေါင် ၁၃ သန်း၊ ကွင်းလယ် တိုက်စစ်နေရာ အတွက် အမေရိကန် လူငယ်ကြယ်ပွင့် ကာဒန်ကလာ့ခ် ကို ပေါင် ၁.၅ သန်းနဲ နယူးယောက် ရက်ဘူးလ် အသင်း ကနေ အပြီးသတ် ခေါ်ယူထားခဲ့ပါတယ်။
 

အတည်ပြုနိုင်တဲ့ အပြောင်းအရွှေ့များ

အဝင် – အန်ဒရီဆေးလ်ဗား၊ ဂျော့စ်ကို ဂက်ဗာဒီရို၊ ဘန်ဂျမင် ဟန်းနရစ်ချ်၊ မိုဟာမက် ဆီမာကန်၊ ဘရိုင်ယန်ဘရော့ဘီ၊ ကာဒန် ကလာ့ခ်

အထွက် –  ဒါးယော့တ် အူပါမီကာနို၊ အီဘရာဟီမာ ကိုနိတ်
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်