နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂျော်ဂျင်ဟို ပေးတဲ့ လက်ဆောင်ဂိုးနဲ့ ယူရိုပါလိဂ်ဝင်ခွင့် မျှော်လင့်ချက် ရှင်သန်နေဆဲ အာဆင်နယ် – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

ချဲလ်ဆီး ၀ – ၁ အာဆင်နယ်

ဒီကနေ့ မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ရဲ့ ပရီးမီးယားလိဂ် လန်ဒန်ဒါဘီ တွေ့ဆုံမှု မှာတော့ ဂျော်ဂျင်ဟိုရဲ့ အမှားကတစ်ဆင့် စမစ်ရိုးဝ်သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အာဆင်နယ် တို့ အဖိုးတန် နိုင်ပွဲ ရရှိသွားခဲ့ပါတယ်။ အာဆင်နယ် အနေနဲ့ ၂၀၁၁ ခုနှစ် နောက်ပိုင်း စတန်းဖို့ဒ်ဘရစ်ချ်မှာ ချဲလ်ဆီးကို ပထမဦးဆုံး အကြိမ် ပြန်လည် အနိုင်ရခဲ့တာ ဖြစ်ပြီး အခုနိုင်ပွဲကြောင့် ဂန်းနားတို့ ယူရိုပါလိဂ် ဝင်ခွင့် မျှော်လင့်ချက်လည်း ဆက်လက် ရှင်သန်သွားခဲ့ပါတယ်။

ဒီပွဲပြီးရင် ချဲလ်ဆီးတို့ လက်စတာစီးတီးနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ ကစားရမှာ ဖြစ်ပေမယ့် အဓိကကစားသမား တော်တော်များများကို အသုံးပြုခဲ့တာ တွေ့ရပြီး တိုက်စစ်မှာ ကိုင်ဟာဗက်ဇ် အထောင်ထားပြီး၊ ပူလီဆစ်ချ်၊ မေဆင်မောင့်၊ ကွင်းလယ်မှာ ဂေးလ်မော၊ ဂျော်ဂျင်ဟို၊ ဂျိမ်းစ်၊ ချေးလ်ဝဲလ်၊ ခံစစ်မှာ အက်ဇ်ပီလီကျူအာတာ၊ ဆေးလ်ဗား၊ ဇူးမား၊ ဂိုးမှာ အရစ်ဇာဘာလာဂါ တို့ကို ပွဲထွက်ကစားစေခဲ့ပါတယ်။ အာဆင်နယ် ဘက်မှာတော့ ကစားကွက် အနည်းငယ် အပြောင်းအလဲ ပြုလုပ်လာတာ တွေ့ရပြီး ၃-၄-၂-၁ ကစားကွက်နဲ့ ပွဲထွက်လာသလို တိုက်စစ်မှာ အော်ဘာမီယန်းကို အထောင်ကစားခိုင်းပြီး ကွင်းလယ်မှာ စမစ်ရိုးဝ်၊ အိုဒီဂါ၊ ပါတေး၊ အဲလ်နီနီ၊ တောင်ပံနှစ်ဖက်မှာ ဆာကာနဲ့ တီယာနီ၊ ခံစစ်မှာ ဂါဘရီရယ်၊ ပါဘလိုမာရီ၊ ဟိုးလ်ဒင်း၊ ဂိုးမှာ ဘန်လန်နိုတို့ ပါဝင်လာပါတယ်။ ဒီပွဲဟာ နှစ်သင်းစလုံးရဲ့ ရမှတ် လိုအပ်ချက်အတွက် အရေးပါနေတာကြောင့် ပွဲစကတည်းက အင်တိုက်အားတိုက် ကစားခဲ့ကြပြီး အပြန်အလှန် ရှိခဲ့ကြပါတယ်။ ပွဲချိန် ၁၁ မိနစ် လောက်မှာ အိမ်ရှင်တို့ အကောင်းဆုံး အခွင့်အရေးရခဲ့ပြီး ပါဘလိုမာရီရဲ့ အမှားကတစ်ဆင့်  ကိုင်ဟာဗက်ဇ် ရသွားပြီး လန်နိုနဲ့ တစ်‌ယောက်ချင်းအတွေ့မှာ ကျော်ပြီးသွင်းယူခဲ့ပေမယ့် ဘောလုံးက ဂိုးဘားပေါ်က ကျော်သွားလို့ အာဆင်နယ်တို့ သက်သာရာရခဲ့ပါတယ်။ အဲ့နောက် အာဆင်နယ်တို့ အိုဒီဂတ်၊ ဆာကာ၊ စမစ်ရိုးဝ် တွဲလုံးတွေနဲ့ ချဲလ်ဆီး နောက်တန်းကို ထိုးဖောက်ခဲ့ပြီး ပွဲချိန် ၁၆ မိနစ် မှာတော့ အာဆင်နယ်တို့ အတွက် တစ်လုံးတည်းသော အဖိုးတန် အနိုင်ဂိုး ရရှိသွားခဲ့ပါတယ်။ ဂျော်ဂျင်ဟို အနေနဲ့ ဂိုးသမားဆီ ဘောလုံးပြန်ပေးရာမှာ ကိုယ့်ဂိုးကိုယ် သွင်းမိမလို ဖြစ်ပြီး အရစ်ဇာဘလာဂါ အလျင်အမြန် ဂိုးစည်းပေါ်ကနေ ပုတ်ထုတ် ကာကွယ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဘောလုံးက အော်ဘာမီယန်းဆီရောက်ရှိသွားပြီး နောက်ပြန် ချပေးရာကနေ အသင့်ပါလာတဲ့ စမစ်ရိုးဝ်က အမှားအယွင်းမရှိ ပိတ်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဝက်စ်ဘရွန်းနဲ့ ပွဲမှာ အာဆင်နယ် အတွက် ပထမဦးဆုံး ပရီးမီးယားလိဂ် သွင်းဂိုးရခဲ့တဲ့ စမစ်ရိုးဝ်အနေနဲ့ နှစ်ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အဲ့နောက် လက်ကျန် မိနစ်တွေမှာ ချဲလ်ဆီးတို့ အာဆင်နယ်ဘက်ကို တစ်ဖက်သတ် ဖိကစားနိုင်ခဲ့ပေမယ့် အာဆင်နယ် နောက်ခံလူတွေနဲ့ ဘန်လန်နိုရဲ့ ပိတ်ဆို့ ကာကွယ်မှုတွေက တော်တော်လေး ကောင်းမွန်ခဲ့တာကြောင့် အိမ်ရှင်တို့ ဂိုးရဖို့ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။ ပူလီဆစ်ချ် သွင်းယူတဲ့ဂိုးဟာ လူကျွံဘော အဖြစ် သတ်မှတ်ခံခဲ့ရသလို ဇူမားရဲ့ ခေါင်းတိုက်ချက်ကို ဘန်လန်နို ပုတ်ထုတ်ရာကနေ ဘားတန်းထိပြန်ထွက်လာခဲ့ပြီး ဂျီရူးထပ်မံ ပိတ်သွင်းပေမယ့် ဂိုးဘားတန်း ထပ်ထိခဲ့တာတွေကြောင့် ချဲလ်ဆီးတို့ ချေပဂိုးနဲ့ ဝေးခဲ့ရတာ ဖြစ်ပါတယ်။

တူခယ် ရောက်ရှိချိန်ကစလို့ စတန်းဖို့ဒ်ဘရစ်ချ်မှာ ချဲလ်ဆီးတို့ ပရီးမီးယားလိဂ် ဒုတိယမြောက် ရှုံးပွဲ တွေ့သွားခဲ့ပါပြီ။
လာမယ့်ရက်မှာ လက်စတာစီးတီးနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ ကစားရမယ့် ချဲလ်ဆီး

 

ပွဲပြီးသုံးသပ်ချက်

တူခယ် ရောက်ရှိချိန်ကစလို့ စတန်းဖို့ဒ်ဘရစ်ချ်မှာ ချဲလ်ဆီးတို့ ပရီးမီးယားလိဂ် ဒုတိယမြောက် ရှုံးပွဲ တွေ့သွားခဲ့ပါပြီ။ ဂျော်ဂျင်ဟိုရဲ့ အမှားကြောင့် အာဆင်နယ်ကို အနိုင်ဂိုး ခွင့်ပြုခဲ့ရတာ မဖြစ်သင့်ပေမယ့် ဒီအမှားတစ်ခုက တစ်ပွဲလုံး အတွက် အဖြေဖြစ်သွားခဲ့တာ ကတော့ လက်ခံလို့မရပါဘူး။ တူခယ် လက်အောက်မှာ ချဲလ်ဆီးတို့ အကောင်းဆုံး ပုံစံ တစ်ခုနဲ့အတူ မန်ချက်စတာစီးတီး၊ ရီးရဲယ်မက်ဒရစ်တို့ကို ကျော်ဖြတ်လာခဲ့တာကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု လွန်ကဲသွားပုံရပြီး အခုပွဲအရှုံးက လာမယ့်ပွဲတွေ အတွက် သင်ခန်းစာယူစရာပါပဲ။ အာဆင်နယ် ကတော့ အဖိုးတန် ၃ မှတ် ရခဲ့ပေမယ့် ထိုက်တန်တဲ့ နိုင်ပွဲတစ်ပွဲ ရခဲ့ခြင်းတော့ မဟုတ်ပါဘူး။ ခံစစ်ကို အလွန်အကျွံ ပိတ်ကစားပြီး ကံတရားရဲ့ ဖေးမမှုကြောင့်သာ အနိုင်ရခဲ့တယ်လို့ပဲ မြင်ပါတယ်။ မည်သို့ပင်ဆိုပါစေ။ စတန်းဖို့ဒ်ဘရစ်ချ်မှာ ၂၀၁၁ ခုနှစ် နောက်ပိုင်း အာဆင်နယ်တို့ နိုင်ပွဲ ပြန်လည် ရရှိသွားခဲ့သလို ၁၇ အကြာမှာ ချဲလ်ဆီးကို ပရီးမီးယားလိဂ် မှာ နှစ်ကျော့စလုံး ပြန်လည် အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။ အခုနိုင်ပွဲနဲ့အတူ အာဆင်နယ်တို့ ရမှတ် ၅၅ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၈ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး ယူရိုပါလိဂ် ဝင်ခွင့် မျှော်လင့်ချက်လည်း ဆက်လက် ရှင်သန်သွားခဲ့ပါတယ်။ ဒါပေမယ့် လက်ကျန် ၂ ပွဲစလုံး အနိုင်ရဖို့ လိုအပ်သလို အဲဗာတန်၊ တော့တင်ဟမ်ဟော့စပါး၊ ဝက်စ်ဟမ်းနဲ့ လစ်ဗာပူးလ်တို့ ခြေချော်ဖို့လည်း လိုအပ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ချဲလ်ဆီးတို့ လာမယ့် မေလ ၁၅ ရက်နေ့မှာ လက်စတာစီးတီးနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ ကစားဖို့ ရှိပြီး အာဆင်နယ် ကတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ် လန်ဒန်ဒါဘီ ပွဲစဉ် ဆက်လက် ကစားဖို့ ရှိပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်