နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မိနစ် ၉၀ အတွင်း အနိုင်/အရှုံး အဖြေမပေါ်နိုင်ဘူး – ယူရို ၂၀၂၀ ပွဲကြိုသုံးသပ်ချက်a

အင်္ဂလန် – ဂျာမနီ

ယူရို ၂၀၂၀ ရှုံးထွက်အဆင့်ရဲ့ အကောင်းဆုံး ပွဲစဉ် ၂ ပွဲထဲက နောက်ထပ်တစ်ပွဲ အဖြစ် အင်္ဂလန်နဲ့ ဂျာမနီတို့ မနက်ဖြန် ညမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ သမိုင်းတစ်လျှောက် ပြိုင်ပွဲစုံ ၃၂ ကြိမ် အထိ ထိပ်တိုက် တွေ့ဆုံထားခဲ့ပြီး အစဉ်အလာ ပြိုင်ဘက်တွေလို့ ပြောလို့ ရပေမယ့် အဓိက ပြိုင်ပွဲကြီးတွေရဲ့ နောက်ဆုံး အဆင့် ပွဲစဉ်တွေ မှာတော့ ဂျာမနီတို့ပဲ အပြတ်အသတ် အသာရခဲ့တာ တွေ့ရပါတယ်။

အစဉ်အလာ ပြိုင်ဘက်တွေ ဖြစ်တဲ့ အင်္ဂလန်နဲ့ ဂျာမနီတို့ ယူရို ၂၀၂၀ ရှုံးထွက် အဆင့်မှာ စောစောစီးစီး တွေ့ဆုံနေခဲ့လို့ ပေါ်တူဂီနဲ့ ဘယ်ဂျီယံ ပွဲပြီးရင် နှမြောစရာကောင်းတဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ ဆိုလည်း မမှားပါဘူး။ အင်္ဂလန်တို့ ပြီးခဲ့တဲ့ အုပ်စု နောက်ဆုံး ပွဲစဉ်မှာ အနိုင်မရခဲ့ရင် တစ်ဖက်က ပြင်သစ်၊ ခရိုအေးရှား၊ စပိန်တို့နဲ့ ချန်ပီယံ ပြေးလမ်း တစ်လမ်းထဲ ကျရောက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ် တို့ကို သက်တောင့်သက်သာ ကစားချင်တဲ့ ဆောက်ဂိတ်ရဲ့ အသင်းက ရှုံးထွက်အဆင့်မှာ ဂျာမနီနဲ့ ရင်ဆိုင်ဖို့ ရွေးချယ်ခဲ့ပုံပါပဲ။ ဆောက်ဂိတ် တို့ရဲ့ ရွေးချယ်မှု မှန်ကန်သလား။ မှားယွင်းသလား ဆိုတာ လက်ရှိမှာ နှစ်သင်းလုံး ခြေညီနေလို့ ပြောရတော့  ခက်ပါတယ်။ အင်္ဂလန်ရဲ့ တိုက်စစ် ကစားပုံက ထက်ထက်မြတ်မြတ် မရှိသေးပေမယ့် ခံစစ်ကတော့ မာကျော ကျစ်လျစ်နေပြီး အုပ်စု ပွဲစဉ် ၃ ပွဲစလုံး ပေးဂိုး မရှိခဲ့တာက သက်သေပါပဲ။ ကစားသမားဟောင်းကြီး အလန်ရှီးယား ကိုယ်တိုင် ဒီပွဲမှာ အင်္ဂလန်တို့ ခံစစ်ကောင်းလို့ နိုင်မယ် ဆိုပြီးတောင် သုံးသပ်ထားပါသေးတယ်။ နည်းပြ ဆောက်ဂိတ်ရဲ့ ပွဲကြိုပြောစကားအရ ဆိုရင် နောက်တန်း ၃ ယောက်နဲ့ ပွဲထွက်လာနိုင်ပြီး ဟာရီကိန်း၊ ဖိုဒန်၊ စတာလင်၊ ဖီးလစ်၊ ရိုက်စ်၊ ရိစ်ဂျိမ်းစ် အပြင် ထရစ်ပီယာကို အခုပွဲမှာ ပြန်သုံးလာမယ့် သဘောရှိပါတယ်။ အထင်အရတော့ အမှန်တကယ် နောက်တန်း ၃ ဦး ထားပြီး ပွဲထွက်လာခဲ့မယ် ဆိုရင် စတုန်းစ်ကို အလယ်၊ ဝေါလ်ကာနဲ့ မက်ဂွိုင်းယားကို ဘေးနှစ်ဖက်မှာ ထားပြီး ကစားခိုင်းပါလိမ့်မယ်။

 
ယော်ကင်လိုးရဲ့ ဂျာမနီ ကတော့ ထုံးစံအတိုင်း စိန်ပွင့်ပုံ ၃-၄-၂-၁ ကစားကွက်နဲ့ပဲ မြင်တွေ့ရဖို့ ရှိပြီး ဂိုးမှာ နော်ယာ၊ ခံစစ်မှာ ရူဒီဂါ၊ ဟူးမဲလ်စ်၊ ဂင်တာ၊ တောင်ပံနှစ်ဖက်မှာ ကင်မစ်ခ်နဲ့ ဂိုဆန်စ်၊ အလယ်မှာ ခရူးစ်နဲ့ ဂွန်ဒိုအန် သို့မဟုတ် ခရူးစ်နဲ့ ဂိုရက်ဇ်ကာ၊ တိုက်စစ် အတွက် ကိုင်ဟာဗက်ဇ်၊ မူလာနဲ့ အထောင်နေရာ မှာတော့ ဆာ့ဂျ် ဂနာဘရီပဲ ကစားဖို့ များပါတယ်။ နှစ်သင်းစလုံးရဲ့ ပွဲထွက် လူစာရင်းက အနေအထား သိပ်မကွာလှသလို အရန်လူစာရင်းချင်း ယှဉ်ရင်လည်း အတူတူ လောက်ပါပဲ။ လက်ရှိ ယူရို ၂၀၂၀ မှာ ဒီနှစ်သင်းရဲ့ ကစားပုံကို ကြည့်ရင် အင်္ဂလန်က သွင်းဂိုးတွေ သိပ်မက်မောခြင်း မရှိပဲ ၁ ဂိုးလောက်နဲ့ နိုင်ရင်ကို ထိန်းကစားသွားတာ တွေ့ရပြီး ဂျာမနီ ကတော့ အင်္ဂလန်နဲ့ လုံးဝ ပြောင်းပြန်ပါ။ နော်ယာ ကလွဲလို့ တစ်သင်းလုံး နေရာစုံ ကနေ ဂိုးသွင်းတတ်သူတွေချည်းပဲ မို့လို့ တိုက်စစ်ကို အရမ်းအားပြုတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ အင်္ဂလန် ကတော့ ချေးလ်ဝဲလ်နဲ့ မေဆင်မောင့်တို့ ကိုဗစ် ၁၉ ကြောင့် လွဲချော်ဖို့ ရှိပြီး ဂျာမနီ ကတော့ ကလော့စတာမန် ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

လက်ရှိ ယူရို ၂၀၂၀ မှာ ဒီနှစ်သင်းရဲ့ ကစားပုံကို ကြည့်ရင် အင်္ဂလန်က သွင်းဂိုးတွေ သိပ်မက်မောခြင်း မရှိပဲ ၁ ဂိုးလောက်နဲ့ နိုင်ရင်ကို ထိန်းကစားသွားတာ တွေ့ရပြီး ဂျာမနီ ကတော့ အင်္ဂလန်နဲ့ လုံးဝ ပြောင်းပြန်ပါ။
ဝင်ဘလေမှာ ကစားခဲ့တဲ့ နောက်ဆုံး ၇ ပွဲမှာ ၅ ပွဲနိုင်ပြီး ၂ ပွဲသရေကျထားတဲ့ ဂျာမနီ

အင်္ဂလန်နဲ့ ဂျာမနီတို့ သမိုင်းတစ်လျှောက် ၃၂ ကြိမ် ထိပ်တိုက်တွေ့ဆုံထားပြီး ၁၃ ပွဲစီ အနိုင်ရကာ ၆ ပွဲ ကတော့ သရေကျထားပါတယ်။ ပြီးခဲ့တဲ့ ယူရို ၉၆ ဆီမီးဖိုင်နယ်မှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ ဂျာမနီတို့ ဗိုလ်လုပွဲ တက်ခဲ့ပြီး ချန်ပီယံလည်း ဖြစ်ခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
အင်္ဂလန် – ဂျာမနီ အချိန်ပြည့် 1X2 သရေ @ 3.10
ဇွန် လ ၂၉ ရက်, ည ၁၀:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အင်္ဂလန် အတွက် ၂.၅၀ ဆနဲ့ ဂျာမနီ အတွက် ၂.၉၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၂၅ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ အင်္ဂလန်က လူငယ်ကစားသမားတွေနဲ့ ကစားနေပေမယ့် လက်ရှိ ခြေစွမ်းပိုင်း အရ အနည်းငယ် တည်ငြိမ်နေတယ်လို့ ပြောလို့ရတယ်။ ဂျာမနီကတော့ လူငယ်ကစားသမားတွေနဲ့ တစ်ပွဲနဲ့တစ်ပွဲ ခြေစွမ်း အတက်ကျ အရမ်းမြန်ဆန်လွန်းနေပြီး ကစားသမားတွေရဲ့ အတွေ့အကြုံပိုင်း လိုအပ်ချက်တွေ ရှိနေလို့ ဝင်ဘလေမှာ ရုန်းကန်ရဖို့ ရှိနေပေမယ့် မိနစ် ၉၀ အတွင်းတော့ အိမ်ရှင်ကို အနိမ့်ဆုံး သရေကစားနိုင်မယ် ဆိုတာ ယုံကြည်ပါတယ်။ အချိန်ပို၊ ပင်နယ်တီတို့ ရောက်ရင်တော့ ဂျာမနီကိုပဲ သဘောကျပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်