နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဝေးလ်စ်ကို စိတ်ဓာတ် ခွန်အားအပြည့်နဲ့ အနိုင်ယူ ကျော်ဖြတ်ပြီး ကွာတားဖိုင်နယ် တက်တဲ့ ဒိန်းမတ် – ယူရို ၂၀၂၀ ပွဲပြီးသုံးသပ်ချက်

ဝေးလ်စ် ၀ – ၄ ဒိန်းမတ်

(ဒိုးလ်ဘက်ဂျ် ၂၇’၊ ၄၈’၊ ဂျိုအာကင်မ် မေးလ်၊ မာတင် ဘရေ့သ်ဝိတ် ၉၀+၄’)

ယူရို ၂၀၂၀ ရှုံးထွက်အဆင့် ပထမဦးဆုံး ပွဲစဉ်အဖြစ် ဝေးလ်စ်နဲ့ ဒိန်းမတ်တို့ မနေ့ညက အမ်စတာဒမ်မြို့၊ ဂျိုဟန်ခရိုက်ဖ်ကွင်းကြီးမှာ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ အုပ်စု အဖွင့်ပွဲမှာ ခရစ္စတီယန် အဲရစ်ခ်ဆင်ရဲ့ အမှတ်မထင် ကွင်းအတွင်း လဲကျခဲ့တဲ့ ဖြစ်ရပ်နဲ့အတူ ဒိန်းမတ်တို့ရဲ့ ယူရို ၂၀၂၀ မျှော်လင့်ချက်တွေလည်း ပြိုလဲခဲ့ပြီလားလို့ တွေးခဲ့မိ ကြပါတယ်။ ဒါပေမယ့်လည်း ကတ်စပါ ဟူဝယ်မန်းရဲ့ အသင်းက အုပ်စုနောက်ဆုံး ပွဲစဉ်မှာ စိတ်ဓာတ်ခွန်အား အပြည့်နဲ့ ရုရှားကို ဂိုးပြတ် အနိုင်ရခဲ့ပြီး အုပ်စု ဒုတိယနဲ့ ရှုံးထွက် တက်ခဲ့သလို့ အခုပွဲမှာလည်း ဝေးလ်စ်ကို ၄ ဂိုးပြတ်နဲ့ ထပ်မံ အနိုင်ရခဲ့ပါတယ်။ ၁၇ နှစ်ကြာပြီးမှ ယူရို ၂၀၂၀ မှာ ကွာတားဖိုင်နယ် အဆင့်ကို ပထမဦးဆုံး အကြိမ် ပြန်လည် တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပြီး စိတ်ဓာတ်မာကျောတဲ့ နေရာမှာ နာမည်ကြီးတဲ့ အတိတ်က ဒိန်းမတ်ရဲ့ အငွေ့အသက်တွေကို ပြန်လည် ခံစားလာခဲ့ရပါပြီ။

ကစားသမား ၂ ဦးလုံး အတွက် နောက်ဆုံး နိုင်ငံတကာပြိုင်ပွဲ ဖြစ်သွားနိုင်တဲ့ ယူရို ၂၀၂၀ မှာတော့ ရှုံးထွက်အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတဲ့ အတွက် စိတ်မကောင်းစရာပါပဲ။
ယူရို ၂၀၁၆ မှာ ဆီမီးဖိုင်နယ်နဲ့ ယူရို ၂၀၂၀ မှာ ရှုံးထွက်အဆင့်ထိ တက်ရောက်နိုင်ခဲ့တဲ့ ဝေးလ်စ်

ဟူဝယ်မန်းရဲ့ အသင်းက ဒီနေ့မှာ အဓိက ကစားသမား ဒန်နီဝက်စ် ဖျားနာနေလို့ စတိုင်ဂျာ လာဆင်ကို အသုံးပြုခဲ့ရ သလို နောက်ထပ် အရေးပါတဲ့ ကစားသမား ယူ့ဆက်ဖ်ပိုလ်ဆင် ကလည်း ဒဏ်ရာပြသနာကြောင့် လွဲချော်ခဲ့ရပါတယ်။ ဝေးလ်စ် ကတော့ ပြီးခဲ့တဲ့ အီတလီနဲ့ ပွဲက လူစာရင်းကို ၃ နေရာ အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။ ရောဘတ်ပေ့ဂျ် အနေနဲ့ နီကို ဝီလီယမ်စ်နဲ့ ဂန်တာကို အရန်ခုံပို့ခဲ့ပြီး အမ်ပါဒူကလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ခဲ့လို့ ဘန်ဒေးဗီးစ်၊ မက်ဖ်ဟမ်း၊ ကီဖာမော တို့ကို အသုံးပြုခဲ့ပါတယ်။ ပွဲစကတည်းက ဒိန်းမတ်တို့ ဝေးလ်စ်ကို တစ်ဖက်သတ် ဖိအားပေး နိုင်ခဲ့ပေမယ့် ဝေးလ်စ် ကတော့ အားရစရာ မရှိတဲ့ ခြေစွမ်းနဲ့ အတူ ဒိန်းမတ် ခံစစ်ကိုလည်း အလုပ်မပေးနိုင်ခဲ့တာ တွေ့ရပါတယ်။ ပထမပိုင်း ၂၇ မိနစ်မှာ ဒိန်းမတ် တိုက်စစ်မှူး ကတ်စပါ ဒိုးလ်ဘက်ဂျ်က ဒိန်းမတ် အတွက် ဦးဆောင်ဂိုး စတင် သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်လည် စတင်ချိန်မှာ ဒိန်းမတ်တို့ ဒိုးလ်ဘက်ဂျ်ရဲ့ တစ်ကိုယ်တော် စွမ်းဆောင်မှု ကနေ ဒုတိယဂိုး ရခဲ့ပါတယ်။ အဲ့နောက်မှာ ချေပဂိုးရဖို့ ကြိုးပမ်းလာတဲ့ ဝေးလ်စ်ရဲ့ နည်းစနစ်ပိုင်းကို ရိပ်မိခဲ့တဲ့ ဟူဝယ်မန်းက ၃-၄-၃ ကစားကွက် အစား နောက်ခံလူ ၄ ဦး ကစားကွက်ကို ပြောင်းလဲခဲ့ပါတယ်။ ဟူဝယ်မန်းရဲ့ နည်းစနစ်ပိုင်းက တော်တော်လေး မှန်ကန်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပြီး အန္တရာယ်ရှိတဲ့ ဘေးလ်၊ ရမ်ဆေးတို့ရဲ့ တိုက်စစ် လမ်းကြောင်းတွေကို ကွင်းလယ်ခံစစ်နေရာ ပြောင်းကစားခဲ့တဲ့ ခရစ္စတန်ဆန်က အကောင်းဆုံး ဖြတ်တောက်နိုင်ခဲ့ ပါတယ်။ ရောဘတ်ပေ့ဂျ် အနေနဲ့ တိုင်လာရောဘတ်၊ ဘရွတ်ခ်စ် တို့ကို ထည့်ပြီး တိုက်စစ် မြှင့်ခဲ့ပေမယ့် အချိန်မမှီတော့ပဲ ပွဲချိန် ၈၈ မိနစ်နဲ့ နာကျင်အချိန်ပို နောက်ဆုံး မိနစ်မှာ မာတင် ဘရေ့သ်ဝိတ်တို့က ဂိုးတွေ သွင်းပေးခဲ့လို့ ပွဲအပြီးမှာ ၀-၄ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ဘေးလ်နဲ့ ရမ်ဆေးတို့ရဲ့ ဝေးလ်စ် ကတော့ ဒိန်းမတ်ကို ခြေစွမ်းပိုင်းအရရော၊ စိတ်ဓာတ်ပိုင်း အရမှာပါ ဒိန်းမတ်တို့က လုံးဝမယှဉ်နိုင်ခဲ့လို့ ဂိုးပြတ် အရေးနိမ့်ပြီး ယူရို ၂၀၂၀ ရှုံးထွက်အဆင့်ကနေပဲ လှည့်ပြန်ခဲ့ရပါပြီ။ ပြီးခဲ့တဲ့ ယူရို ၂၀၁၆ တုန်းက ဝေးလ်စ်ကို ရှုံးထွက်အဆင့်မှာ မြောက်အိုင်ယာလန်၊ ကွာတားဖိုင်နယ်မှာ ဘယ်ဂျီယံတို့ကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်အထိ ရောက်ရှိအောင် ဂါရက်သ်ဘေးလ်နဲ့ ရမ်ဆေးတို့ ဆွဲတင်ပေးနိုင်ခဲ့ပါတယ်။ ကစားသမား ၂ ဦးလုံး အတွက် နောက်ဆုံး နိုင်ငံတကာပြိုင်ပွဲ ဖြစ်သွားနိုင်တဲ့ ယူရို ၂၀၂၀ မှာတော့ ရှုံးထွက်အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတဲ့အတွက် စိတ်မကောင်းစရာပါပဲ။

 

ကြယ်ပွင့် ကစားသမား – ကတ်စပါ ဒိုးလ်ဘက်ဂျ်

(စာရေးသူ စိတ်ကြိုက်ကစားသမား –  ကတ်စပါ ဒိုးလ်ဘက်ဂျ် )

ဒီနေ့ပွဲမှာ ဒိန်းမတ် အတွက် အရေးပါတဲ့ သွင်းဂိုး ၂ ဂိုးရယူပေးခဲ့သူ ကတ်စပါ ဒိုးလ်ဘက်ဂျ် ကတော့ ယူအီးအက်ဖ်အေက ရွေးချယ်ချီးမြှင့်တဲ့ ဟိုင်နီကန် ကြယ်ပွင့်ကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။ အသက် ၂၃ နှစ်သာ ရှိသေးတဲ့ နိုက်စ် တိုက်စစ်မှူး ဒိုးလ်ဘက်ဂျ်ဟာ တစ်ပွဲလုံး ဂိုးပေါက် ကန်သွင်းခွင့် ရခဲ့တဲ့ ၄ ကြိမ်မှာ ၃ ကြိမ် ဂိုးပေါက် တည့်ခဲ့ပြီး ၂ ဂိုး သွင်းနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ဒိုးလ်ဘက်ဂျ် အပြင် ဂျိုအာကင်မ် မေးလ်၊ မာတင် ဘရေ့သ်ဝိတ်၊ ဟွိုက်ဂျ်ဘယက် တို့အပြင် တစ်သင်းလုံးနီးပါး ခြေစွမ်းပြသွားခဲ့တာ ဖြစ်လို့ ၁၉၉၂ ယူရို ကို ပြန်လည် သတိရသွားစေခဲ့ ပါတယ်။
 

ပွဲပြီးအချက်အလက်များ

·       အခုပွဲဟာ ဒိန်းမတ်အတွက် ယူရိုပြိုင်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ်တွေမှာ ၅ ကြိမ်မြောက် သွင်းဂိုး ၃ ဂိုးနဲ့ ၃ ဂိုးနဲ့ အထက် သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး နှစ်ပွဲဆက် ၄ ဂိုးသွင်းနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

·       ဝေးလ်စ်တို့ ယူရိုပြိုင်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ် ၁၀ ပွဲမှာ ၁ ဂိုးထက်ပိုပြီး ခွင့်ပြုခဲ့ရတဲ့ ပွဲ ၃ ပွဲသာ ရှိခဲ့ပါတယ်။

·       ဒိန်းမတ်တို့ လက်ရှိ ယူရို ၂၀၂၀ မှာ သွင်းဂိုး ၉ ဂိုး ရရှိထားပြီး ဂိုးအများဆုံး သွင်းထားနိုင်ခဲ့တဲ့  ယူရို ၁၉၉၂ က ၉ ဂိုး စံချိန်ကိုလည်း လိုက်မှီခဲ့ပါတယ်။

·       ကတ်စပါ ဒိုးလ်ဘက်ဂျ် ကတော့ ယူရို ၁၉၉၂ ဆီမီးဖိုင်နယ်မှာ နယ်သာလန် ဘက်ကို ၂ ဂိုးသွင်းခဲ့တဲ့ ဟန်းနရစ်ခ် လာဆင် ပြီးရင် ယူရိုပြိုင်ပွဲ ရှုံးထွက်အဆင့်မှာ ၂ ဂိုးသွင်းနိုင်ခဲ့တဲ့ ပထမဦးဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

·       ဒိန်းမတ်တို့ ဝေးလ်စ်နဲ့ နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲဆက်တိုက် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

·       ဒိန်းမတ်တို့ နောက်ဆုံးကစားခဲ့တဲ့ နိုင်ငံတကာ ပြိုင်ပွဲစုံ ၁၆ ပွဲမှာ ၃ ပွဲသာ ရှုံးနိမ့်ခဲ့ပြီး ၁၁ ပွဲနိုင်၊ ၂ ပွဲ သရေကျခဲ့ပါတယ်။

·       ဒိန်းမတ်တို့ ဝေးလ်စ်နဲ့ နောက်ဆုံး ကစားခဲ့တဲ့ နောက်ဆုံး ၆ ပွဲဆက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

·       ဒိန်းမတ်တို့ နောက်ဆုံး ကစားခဲ့တဲ့ နိုင်ငံတကာပွဲစဉ် ၁၂ ပွဲမှာ ၂ ဂိုးနဲ့ ၂ ဂိုး အထက် သွင်းယူနိုင်ခဲ့တဲ့ပွဲ ၉ ပွဲအထိ ရှိခဲ့ပါတယ်။
 

လာမယ့် ပွဲစဉ်များ

ယူရို ၂၀၂၀ ကွာတားဖိုင်နယ် တက်သွားတဲ့ ဒိန်းမတ်တို့ လာမယ့် ဇူလိုင်လ ၃ ရက်နေ့မှာ နယ်သာလန်(သို့) ချက် နဲ့ အဇာဘိုင်ဂျန်က ဘာကူကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်