နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လန်ဒန်ဒါဘီ ကနေ အနိုင် ၃ မှတ် အလွယ်တကူ ရသွားနိုင်တဲ့ ချဲလ်ဆီး – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

ချဲလ်ဆီး – အာဆင်နယ်

အခုတစ်ပတ် ကြားရက်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် တချို့ ကစားဖို့ ရှိနေပြီး အသင်းကြီးတွေ ထိပ်တိုက်တွေ့ဆုံ ကစားရမယ့် ဒါဘီပွဲစဉ်တွေ ရှိနေပါတယ်။ မေလ ၁၃ ရက်နေ့ ည ၁:၄၅ အချိန်မှာတော့ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ ကစားကြမယ့် လန်ဒန်ဒါဘီ တွေ့ဆုံမှုက SBOTOP ပရီးမီးယားလိဂ် ပရိသတ်တွေ အကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်လာဦးမှာ သေချာပါတယ်။ ပထမအကျော့ အာဆင်နယ်ကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကို တူဟယ်ရဲ့ ချဲလ်ဆီးက စတန်းဖို့ဒ်ဘရစ်ချ်မှာ ပြန်ပြီး လက်စားချေသွားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ချဲလ်ဆီးရဲ့ လက်ရှိစုဖွဲ့မှုက အကောင်းဆုံး အနေအထားမှာ ရှိနေပြီး ခံစစ်၊ ကွင်းလယ်၊ တိုက်စစ် နေရာစုံမှာ ဟာကွက် သိပ်မရှိတာ တွေ့ရတယ်။ တူဟယ်ရဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုနဲ့ ပါးနပ်မှုတွေက ချဲလ်ဆီးတို့ နိုင်ပွဲ‌တွေ ရှာဖွေထားနိုင်ခြင်းရဲ့ အဓိက သော့ချက်တစ်ခု ဖြစ်နေပြီး ဒီရာသီမှာ အကောင်းဆုံး ခြေစွမ်း ပိုင်ဆိုင်ထားသလို ဖလား ၃ လုံး ယူဖို့ ပစ်မှတ်ထားနေတဲ့ မန်ချက်စတာစီးတီးလို အသင်းမျိုးကိုတောင် ၂ ပွဲစလုံး အနိုင်ကစားထားနိုင်ပါတယ်။ တူဟယ် ရောက်ရှိလာချိန်ကစလို့ ချဲလ်ဆီးရဲ့ ထူးခြားချက်က ပိုကောင်းတဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင်ခဲ့ရရင်တောင် ဘယ်လိုပုံစံနဲ့ အနိုင်ယူရမယ်ဆိုတာ‌ ကောင်းကောင်းနားလည် သဘောပေါက်နေတာ ဖြစ်ပါတယ်။ တစ်ပွဲလုံး ဘယ်လိုပဲ ပြိုင်ဘက်က အသာစီးယူပြီး ကစားနေပါစေ၊ အခွင့်အရေး တစ်ကြိမ်ရတာနဲ့ အဲ့ဒီတစ်ကြိမ်ကို အကောင်းဆုံး အသုံးချပြီး တူဟယ်ရဲ့ အသင်းက အနိုင်ယူသွားတတ်တယ် ဆိုတာ ပြီးခဲ့တဲ့ ပွဲစဉ်တွေကို ပြန်ကြည့်ရင် သိနိုင်ပါတယ်။ ချဲလ်ဆီးတို့ နောက်ဆုံး ၈ ပွဲမှာ ၆ ပွဲက အသင်းကြီးတွေနဲ့ ကစားခဲ့ရတာ ဖြစ်ပေမယ့် ၆ ပွဲနိုင်ပြီး ၂ ပွဲ သရေကျခဲ့ပါတယ်။ ခံစစ်က ပေးဂိုး ၂ ဂိုးပဲ ရှိခဲ့ပြီး Clean Sheet ရတဲ့ ပွဲကလည်း ၅ ပွဲရှိခဲ့တာက တော်တော်လေး အားရစရာကောင်းပါတယ်။ ချဲလ်ဆီးတို့ ဒီပွဲပြီးရင် လက်စတာစီးတီးနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ ကစားဖို့ရှိသလို ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အရေးပါတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လက်စတာစီးတီးနဲ့ပဲ ဆက်ကစားရမှာ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ သောမက်စ် တူဟယ် သဘောကျပြီး ပွဲဆက် ပြန်အသုံးပြုနေတဲ့ ခံစစ်က ခရစ္စတင်ဆင် တံကောက်ကြော ဒဏ်ရာကြောင့် ပါဝင်လာနိုင်မှာ မဟုတ်သလို ကွင်းလယ်က ကိုဗာချစ်လည်း ထပ်ပြီး လွဲချော်ရဖို့ ရဖို့ ရှိနေပါတယ်။

အာဆင်နယ်ရဲ့ လက်ရှိ ပရီးမီးယားလိဂ် အဆင့် ရပ်တည်ချက်အရ ရာသီအကုန်မှာ ဥရောပဝင်ခွင့် မျှော်လင့်ချက် တော်တော်ဝေဝါးနေလို့ ဂုဏ်သိက္ခာအတွက်ပဲ အတတ်နိုင်ဆုံး ကစားလာမယ့် သဘောရှိပါတယ်။
နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ ၃ ပွဲနိုင်၊ ၁ ပွဲရှုံး၊ ၂ ပွဲသရေကျထားတဲ့ အာဆင်နယ်

အာဆင်နယ်ရဲ့ လက်ရှိခြေစွမ်းအရ ချဲလ်ဆီးလို အဘက်ဘက်က ပြည့်စုံနေတဲ့ အသင်းတစ်သင်းကို ယှဉ်နိုင်ဖို့ ဆိုတာ မဖြစ်နိုင်တဲ့ အခြေအနေပါ။ ပထမအကျော့တုန်းကလည်း အာဆင်နယ်တို့ ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် ချဲလ်ဆီးတို့ ခြေစွမ်း ပိုကောင်းခဲ့တယ် ဆိုတာကတော့ ဘယ်လိုမှကို ငြင်းလို့မရပါဘူး။ အာဆင်နယ်က ပြီးခဲ့တဲ့ ဝက်စ်ဘရွန်းနဲ့ ပွဲမှာ ၃-၁ နဲ့ ရလဒ်ကောင်း ပြန်ရထားတယ် ဆိုပေမယ့် အခုကစားရမယ့် အသင်းဟာ ဖလား ၂ လုံး လမ်းကြောင်းပေါ်မှာ ချန်ပီယံဆုနဲ့ လက်တစ်ကမ်းအကွာကို ရောက်နေတဲ့ အသင်းဖြစ်နေလို့ အာဆင်နယ်တို့ အသာရဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ တစ်ချက်ရှိတာက အာတေးတား လက်ထက် ချဲလ်ဆီးနဲ့ ၄ ကြိမ် တွေ့ဆုံထားခဲ့ရာမှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးရလဒ် ထွက်ပေါ်ထားပါတယ်။ ဒါကလည်း လမ်းပတ် လက်ထက် မှာတုန်းက ဖြစ်ပြီး အခုပွဲက အတွေ့အကြုံပိုသာတဲ့ တူဟယ် ကိုင်တွယ်နေတဲ့ အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်လို့ ဂိုးပြတ်မရှုံးဖို့ပဲ မျှော်လင့်ရပါလိမ့်မယ်။ ခံစစ်က ဒါးဗစ်လုဇ်၊ ပါဘလို မာရီ တို့ ဒဏ်ရာရနေလို့ ချဲလ်ဆီးရဲ့ တိုက်စစ်ကို တောင့်ခံနိုင်ဖို့ဆိုတာ မလွယ်တဲ့အပြင် ကွင်းလယ်ပိုင်းက ရှာကာ၊ စမစ်ရိုးဝ်တို့ ဒဏ်ရာပြသနာတွေ ရှိနေတာကလည်း အာဆင်နယ် အတွက် ကျိန်းသေပေါက် အားနည်းချက် ဖြစ်လာပါလိမ့်မယ်။ အာဆင်နယ်ရဲ့ လက်ရှိ ပရီးမီးယားလိဂ် အဆင့် ရပ်တည်ချက်အရ ရာသီအကုန်မှာ ဥရောပဝင်ခွင့် မျှော်လင့်ချက် တော်တော်ဝေဝါးနေလို့ ဂုဏ်သိက္ခာအတွက်ပဲ အတတ်နိုင်ဆုံး ကစားလာမယ့် သဘောရှိပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

အစဉ်အလာ ပြိုင်ဘက်တွေ ဖြစ်တဲ့ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် နောက်ပိုင်း ကစလို့ ပြိုင်ပွဲ အရပ်ရပ်မှာ ၃၁ ကြိမ်အထိ ထိပ်တိုက်တွေ့ဆုံ ကစားခဲ့ပြီး ချဲလ်ဆီးက ၁၃ ကြိမ်၊ အာဆင်နယ်က ၉ ကြိမ် အနိုင်ရထားခဲ့တယ်။ စတန်းဖို့ဒ်ဘရစ်ချ်မှာ နောက်ဆုံး ကစားခဲ့တဲ့ ၃ ကြိမ်စလုံး ချဲလ်ဆီးတို့ ၂ ပွဲနိုင်ပြီး ၁ ပွဲသရေရလဒ် ရရှိအောင် စွမ်းဆောင်ထားနိုင်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်