နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပိုလန်ကို အကောင်းဆုံး ကျော်ဖြတ်ပြီး ရှုံးထွက်တက်သွားတဲ့ ဆွီဒင် – ယူရို ၂၀၂၀ ပွဲပြီးသုံးသပ်ချက်

ဆွီဒင် ၃ – ၂ ပိုလန်

(ဖော့စ်ဘတ် ၂’၊ ၅၃၊ ကလေဆင် ၉၀’+၄) (လီဝမ်ဒေါစကီး ၆၁’၊ ၈၄)

ယူရို ၂၀၂၀ အုပ်စု(C) က ဆွီဒင်နဲ့ ပိုလန်တို့ မနေ့ညက ပွဲစဉ် မှာတော့ ပွဲချိန်ပြည့် အကြိတ်အနယ် ကစားခဲ့ကြပြီး အပြန်အလှန် သွင်းဂိုးတွေနဲ့ ဆွီဒင်တို့ အနိုင်ရသွားခဲ့ပါတယ်။ မဖြစ်မနေ နိုင်ပွဲရဖို့ လိုအပ်နေတဲ့ ပိုလန်တို့ အစဉ်အလာအရ အမြဲတမ်း အသာရခဲ့တဲ့ ဆွီဒင်ကို အနိုင်ကစားဖို့ ရည်ရွယ်လာခဲ့တာပါ။ ဒါပေမယ့်လည်း အခုနှစ်မှ ထူးထူးဆန်းဆန်း ခြေစွမ်းပြနေတဲ့ ဆွီဒင်ကြောင့် ပိုလန်တို့ ယူရို ၂၀၂၀ ရှုံးထွက်တက်ရေးကို မျှော်လင့်နိုင်ခဲ့ရုံ မှတပါး စိတ်ကူးနဲ့ လက်တွေ့ ထပ်တူမကျသွားခဲ့ဘူးလို့ ဆိုရပါမယ်။

ဒီနေ့ပွဲမှာ နှစ်သင်းစလုံး ပြီးခဲ့တဲ့ ပွဲစဉ်မှာ အသုံးပြုခဲ့တဲ့ လူစာရင်းကို အပြောင်းအလဲ သိပ်ပြီး မလုပ်ခဲ့တာ တွေ့ရပါတယ်။ ဂျိန်းအန်ဒါဆင်ရဲ့အသင်းက တိုက်စစ်မှာ ဘက်ဂျ် အစား ကေဆန် ပါဝင်လာခဲ့ပြီး ပေါ်လို ဆိုဆာရဲ့ ပိုလန်အသင်း မှာတော့ ဒူးဒဏ်ရာရခဲ့တဲ့ ဂျက်ကော့ဗ် မိုဒါ အစား ခရိုင်ချိုဝစ်ခ် ကစားခဲ့ပါတယ်။ နှစ်သင်းစလုံး နိုင်ပွဲ ကျိန်းသေပေါက်ရဖို့ ဦးတည်လာခဲ့ကြလို့ ပွဲက အစောပိုင်းမှာ ကတည်းက တော်တော်လေး ကြည့်ကောင်းခဲ့ပါတယ်။ ပွဲချိန် ၁ မိနစ်နဲ့ ၂၂ စက္ကန့် မှာတင် ဆွီဒင်တို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ဖော့စ်ဘတ်က သွင်းယူပေးခဲ့ပါတယ်။အဲ့နောက် ပိုလန်တို့ ချေပဂိုးရဖို့ အားစိုက် ရုန်းလာခဲ့ပေမယ့် လီဝမ်ဒေါစကီး၊ ဇီလင်းစကီး၊ ဆွစ်ဒါးစကီးတို့ရဲ့ အဆုံးသတ် မသေချာမှုကြောင့် ပထမပိုင်း အပြီးမှာ ၁-၀ ရလဒ်ပဲ ထွက်ပေါ်နေခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲစပြီး ၁၀ မိနစ် အကြာမှာ ဆွီဒင်တို့ ဦးဆောင်ဂိုး ထပ်ရသွားခဲ့ပြီး တောင်ပံကစားသမား ဖော့စ်ဘတ် ကပဲ လှလှပပ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ၂ မိနစ် အကြာမှာ ရောဘတ် လီဝမ်ဒေါစကီးက ပိုလန် ပထမချေပဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲ့နောက်မှာ အားပိုတက်လာတဲ့ ပိုလန်တို့ တိုက်စစ် မြှင့်လာခဲ့လို့ ၈၄ မိနစ်မှာလည်း လီဝမ်ဒေါစကီး အနေနဲ့ ဒုတိယဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။ တစ်ဖက် ၂ ဂိုးစီ သရေကျသွားတဲ့ အချိန်မှာ အပြန်အလှန် ပိုရှိခဲ့ပါတယ်။ ပိုလန်ဘက်က လီဝမ်ဒေါစကီး အခွင့်အရေး ရခဲ့သလို ဆွီဒင် ဘက်က ကလေ့ဆန်လည်း အပိုင်အခွင့်အရေး ရရှိခဲ့ပေမယ့် ဂိုးတော့ မရခဲ့ပါဘူး။ နာကျင်အချိန်ပို နောက်ဆုံး မိနစ်မှာတော့ ဆွီဒင်တို့ အနိုင်ဂိုး ရရှိသွားခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ ကလေ့ဆန် အနေနဲ့ ကူလူဆက်ဗ်စကီးရဲ့ အမှတ်မထင် ထိုးပေးတဲ့ ဘောလုံးကို အမှားအယွင်းမရှိ ကန်သွင်း အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ သမိုင်းမှာ ပိုလန်နဲ့ တွေ့ဆုံချိန်တိုင်း ရုန်းကန်ခဲ့ရတဲ့ ဆွီဒင်တို့ ဒီတစ်ကြိမ် မှာတော့ လှလှပပ အလဲထိုးနိုင်ခဲ့တာ ဖြစ်သလို ယူရို ၂၀၂၀ အုပ်စု ပွဲစဉ် အားလုံး ရှုံးပွဲ လုံးဝမရှိ၊ ထိုက်တန်တဲ့ ခြေစွမ်းနဲ့ ရှုံးထွက် တက်သွားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီထက် ပိုပြီး ပျော်ရွှင်ရမှာက ၁၆ သင်း အဆင့်မှာ အုပ်စု(C)က အကောင်းဆုံး တတိယ အဖြစ် ယူကရိန်းနဲ့ တွေ့ဆုံနေလို့ ၂၀၀၄ ခုနှစ် နောက်ပိုင်း ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ဖို့ အခြေအနေ ကောင်းခဲ့ပြီလို့တောင် ပြောလို့ရပါတယ်။

 

ကြယ်ပွင့်ကစားသမား – အီမေးလ် ဖော့စ်ဘတ်

(စာရေးသူရဲ့ စိတ်ကြိုက်ကစားသမား – အီမေးလ် ဖော့စ်ဘတ်)

ယူရို ၂၀၂၀ မှာ အမြန်ဆုံး ဂိုးသွင်းနိုင်ခဲ့တဲ့ နောက်ထပ် ကစားသမား တစ်ဦး ထွက်ပေါ်လာခဲ့ပြန်ပါပြီ။ ဘယ်ဂျီယံနဲ့ ပွဲမှာ ဒိန်းမတ် တိုက်စစ်မှူး ယူဆက်ဖ် ပိုလ်ဆင်က ၁ မိနစ် ၃၉ စက္ကန့်နဲ့ ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် ဒုတိယမြောက် အမြန်ဆုံး ဂိုးသွင်းသူ ဖြစ်ခဲ့ပေမယ့် တစ်ပတ် အကြာမှာပဲ ဆွီဒင် တောင်ပံ ကစားသမား အီမေးလ် ဖော့စ်ဘတ်က ၁ မိနစ် ၂၂ စက္ကန့်နဲ့ ကျော်ဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။ ဂျာမန် ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ် အသင်းဖော် နှစ်ဦး ထူးထူးခြားခြား ယူရို ၂၀၂၀ပွဲမှာ မှတ်တမ်းကောင်းတစ်ခုစီ ပိုင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနေ့ပွဲမှာ ဆွီဒင် အတွက် အရေးပါတဲ့ သွင်းဂိုး ၂ ဂိုး ရယူပေးနိုင်ခဲ့တဲ့ အီမေးလ် ဖော့စ်ဘတ်ဟာ ယူအီးအက်ဖ်အေက သတ်မှတ်ခဲ့တဲ့ အခုပွဲအတွက် ကြယ်ပွင့်ကစားသမားဆု ကိုလည်း ရရှိခဲ့ပါတယ်။ စာရေးသူ ကိုယ်တိုင်လည်း ဖော့စ်ဘတ် အပါအဝင် ဆွီဒင် အသင်းရဲ့ လက်ရှိ ယူရို ၂၀၂၀ ခြေစွမ်းကို တော်တော်လေး သဘောကျနေသလို ကော်ကောင် အသင်း ဖြစ်လာနိုင်မလား ဆိုတာတော့ လာမယ့် ၁၆ သင်းအဆင့်က အဆုံးအဖြတ် ပေးသွားမယ်လို့ပဲ ထင်ပါတယ်။

ပိုလန်ကတော့ယူရို၂၀၂၀အတွက်အုပ်စုပွဲစဉ်၃ပွဲကစားခဲ့ရာမှာသရေတစ်မှတ်ပဲရခဲ့ပြီးပြိုင်ပွဲကနေထွက်ခွာသွားခဲ့ရပြီဖြစ်ပါတယ်။
လီဝမ်ဒေါစကီး ၂ ဂိုးသွင်းပေးခဲ့ပေမယ့် ဆွီဒင်ရဲ့ တောက်ပမှုကို မကျော်နိုင်ခဲ့တဲ့ ပိုလန်

 

ပွဲပြီးအချက်အလက်များ

•         ဆွီဒင်တို့ ယူရို ၂၀၀၄ နောက်ပိုင်း ပထမဦးဆုံးအကြိမ် ရှုံးထွက်အဆင့်ကို ပြန်လည် တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ယူရို ၂၀၀၄ မှာတော့ ဆွီဒင်တို့ ကွာတားဖိုင်နယ် အဆင့်ထိ ရောက်ရှိခဲ့ပါတယ်။

•         ဆွီဒင်တို့ရဲ့ ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် တတိယအကြိမ် အုပ်စု ထိပ်ဆုံးနေရာ ကနေ ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပြီး ယူရို ၁၉၉၂နဲ့ ယူရို ၂၀၀၄ တို့မှာ အုပ်စု ပွဲစဉ်တွေ အားလုံး ရှုံးပွဲမရှိပဲ အုပ်စု ပထမ ရရှိခဲ့ဖူးပါတယ်။

•         ဖော့စ်ဘတ်ရဲ့ သွင်းဂိုးဟာ ယူရိုပြိုင်သမိုင်းတစ်လျှောက် ဒုတိယမြောက် အမြန်ဆုံး သွင်းဂိုး ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အခုပွဲဟာ ဆွီဒင် အတွက် ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် နောက်ဆုံး အဆင့်ပွဲစဉ် ၂၃ ပွဲ ကစားခဲ့ပြီး အဲ့ထဲကမှ ၃ ပွဲသာ ပထမပိုင်းမှာ ဦးဆောင်ဂိုးသွင်းပြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

•         ကလေ့ဆန်ဟာ ဆွီဒင် အတွက် ကစားခဲ့တဲ့ နိုင်ငံတကာပွဲစဉ် ၄၉ ပွဲမှာ ၁၀ ဂိုးအထိ သွားယူနိုင်ခဲ့ပါတယ်။

•         ဆွီဒင်တို့ ယူရိုပြိုင်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ်တွေမှာ ဒုတိယအကြိမ်မြောက် ၃ ဂိုးနဲ့ ၃ ဂိုးနဲ့ အထက် သွင်းယူနိုင်ခဲ့ခြင်း ဖြစ်ပြီး ယူရို ၂၀၀၄ မှာ ဘူဂေးလ်ရီးယားကို ၅ ဂိုးပြတ် အနိုင်ရပြီးနောက် အခုပွဲမှာ ပိုလန်ကို ၃-၂ နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

•         ပိုလန်တို့ ယူရိုပြိုင်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ် ၁၄ ပွဲမှာ ပထမဦးဆုံး အကြိမ် သွင်းဂိုး ၂ ဂိုး ရရှိခဲ့တာ ဖြစ်ပါတယ်။

•         ရောဘတ်လီဝမ်ဒေါစကီး အနေနဲ့ ပိုလန် အတွက် ကစားပေးခဲ့တဲ့ ၁၂၂ ပွဲမှာ ၆၉ ဂိုး အထိ သွင်းယူနိုင်ခဲ့ခြင်းလည်း ဖြစ်သလို အဲ့ထဲကမှာ တစ်ပွဲကို အနည်းဆုံး ၂ ဂိုးသွင်းနိုင်ခဲ့တဲ့ နိုင်ငံတကာပွဲစဉ် ဟာလည်း ၁၇ ပွဲအထိ ရှိခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ပိုလန် ကတော့ ယူရို ၂၀၂၀ အတွက် အုပ်စု ပွဲစဉ် ၃ ပွဲကစားခဲ့ရာမှာ သရေ တစ်မှတ်ပဲ ရခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရပြီ ဖြစ်ပါတယ်။ အကောင်းဆုံးပုံစံနဲ့ အုပ်စု(E)မှာ ပထမရခဲ့တဲ့ ဆွီဒင် ကတော့ လာမယ့် ဇွန်လ ၃၀ ရက်နေ့မှာ ယူကရိန်းနဲ့ ရှုံးထွက်ပွဲစဉ် ကစားဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်