နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရှကီရီ ကြောင့် ရှုံးထွက်တက်ရေး မျှော်လင့်ချက် ဆက်လက် ရှင်သန်ခဲ့ရတဲ့ ဆွစ်ဇာလန် – ယူရို ၂၀၂၀ ပွဲပြီးသုံးသပ်ချက်

ဆွစ်ဇာလန် ၃ – ၁ တူရကီ

(ဆက်ဖ်ရိုဗစ် ၆’၊ ရှကီရီ ၂၆’၊ ၆၈’)  (ကာဟက်ဗ်ရှီ ၆၂’)

ယူရို ၂၀၂၀ အုပ်စု(A)ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ ဆွစ်ဇာလန်တို့ တူရကီကို အဘက်ဘက်က အသာစီးနဲ့ ကစားပြီး ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ဘယ်လို အခြေအနေနဲ့ ဖြစ်ဖြစ် ရှုံးထွက်အဆင့်ကို ရောက်ကို ရောက်ရမယ် ဆိုတဲ့ စိတ်ဓာတ် အပြည့်နဲ့ ကစားခဲ့တဲ့ ဆွစ်တို့ စတီဗင် ဇူဘားရဲ့ ဖန်တီးမှု ၃ ကြိမ်ကနေ ဆက်ဖ်ရိုဗစ်က ၁ ဂိုး၊ ရှကီရီက ၂ ဂိုးသွင်းပြီး ၃-၁ ရလဒ်နဲ့ ထိုက်တန်စွာပဲ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

တစ်ဖက်က အီတလီနဲ့ ဝေးလ်စ်တို့ရဲ့ ပွဲစဉ်ဟာ ၁-၀ ရလဒ်နဲ့ ပြီးဆုံးခဲ့လို့ ယူရို ၂၀၂၀ ရှုံးထွက်ကို တိုက်ရိုက် တက်ရောက်နိုင်ဖို့ ဆိုရင် ဆွစ်ဇာလန်တို့ တူရကီကို အနည်းဆုံး ၄ ဂိုးပြတ် အနိုင်ရမှာ ဖြစ်မှာပါ။ ဒါကြောင့်လည်း ဗလာဒီမာ ပတ်ကိုဗစ်ရဲ့ အသင်းက တူရကီ ဘက်ကို ပွဲချိန်ပြည့် ထိုးဖောက်နိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ တကယ်တမ်းလည်း ဆွစ်တို့ရဲ့ တိုက်စစ် ကစားပုံ တော်တော်လေး ကောင်းခဲ့ပြီး ပွဲချိန် ၆ မိနစ်မှာတင် ဆက်ဖ်ရိုဗစ်က ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲ့နောက် ၂၆ မိနစ်မှာ ရှကီရီက ဒုတိယဂိုး သွင်းယူပေးခဲ့လို့ ပထမပိုင်း အပြီးမှာ ၂-၀ ရလဒ်နဲ့ ဆွစ်တို့ ဦးဆောင်နေခဲ့ ပါတယ်။ ဒုတိယပိုင်း မှာတော့ တူရကီ နည်းပြ ဂူးနက်စ် အနေနဲ့ အစဉ်အလာအရ အမြဲတမ်း အသာရခဲ့တဲ့ ဆွစ် အသင်းကို ဂုဏ်သိက္ခာအရ မရှုံးဖို့ အတွက် တိုက်စစ်မြှင့်လာခဲ့ပါတယ်။ ဒါ့ကြောင့် ပွဲချိန် ၆၂ မိနစ်မှာ ဟာကန် ချလနောလူရဲ့ ဖန်တီးပေးမှု ကနေ အာဖန် ကာဟက်ဗ်ရှီက ချေပဂိုး ပြန်သွင်းပေးခဲ့ပါတယ်။ ပွဲချိန် ၆၈ မိနစ် မှာတော့ ရှကီရီ ကပဲ ဆွစ်တို့ အတွက် တတိယမြောက်ဂိုး ရယူပေးခဲ့ပါတယ်။ ဒီဂိုးကိုလည်း ပထမသွင်းဂိုး ၂ ဂိုးကို ဖန်တီးပေးခဲ့သူ စတီဗင် ဇူဘား ပဲ ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ အိုခေ ယော့ကူရှူလူ၊ ယက်ဇီရှီ၊ ကာရာမန်တို့ ဝင်ရောက်လာချိန်မှာ တူရကီတို့ ကစားပုံ ပြန်ကောင်းလာပေမယ့် ဆေးမမှီတော့ပဲ ၃-၁ ရလဒ်နဲ့ ပွဲပြီးဆုံးသွာခဲ့ပါတယ်။

ဆွစ်ဇာလန်တို့ အခုပွဲမှာ အကောင်းဆုံးပုံစံနဲ့ ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် နောက်တစ်ဆင့် တက်ခွင့်ရနိုင်၊ မရနိုင်ဆိုတာ ကိုတော့ လက်ကျန်အုပ်စု နောက်ဆုံး ပွဲစဉ် ရလဒ်တွေကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။ ၃ ပွဲကစားပြီး ၄ မှတ်ရခဲ့တာခြင်း တူပေမယ့် ဝေးလ်စ်က ဂိုးကွာခြားချက် +၁ ဖြစ်ပြီး ဆွစ်ဇာလန် ကတော့ -၁ ဖြစ်ခဲ့တာကြောင့် အကောင်းဆုံး တတိယအသင်း အဖြစ် ယူရို ၂၀၂၀ ရှုံးထွက်တက်ရေးပဲ မျှော်လင့်ခဲ့ရတာ ဖြစ်ပါတယ်။ တူရကီရဲ့ ယူရို ၂၀၂၀ ခရီးစဉ် ကတော့ ဒီမှာတင်ပဲ ပြီးဆုံးသွားခဲ့ပါပြီ။ ဝါရင့် နည်းပြ ဂူးနက်ရှ် အနေနဲ့ အကောင်းဆုံး လမ်းပြပေးခဲ့ပေမယ့် ကစားသမား တွေရဲ့ အတွေ့အကြုံ၊ နိုင်ပွဲ ဆာလာင်စိတ် စတဲ့ အပိုင်းတွေမှာ အားနည်းခဲ့လို့ ခြေစွမ်း အဆိုးကြီး မဟုတ်ရင်တောင် ဥရောပရဲ့ အကောင်းဆုံး အသင်းတွေ ယှဉ်ပြိုင်ကြရတဲ့ ယူရိုပြိုင်ပွဲကို အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

တူရကီရဲ့ ယူရို ၂၀၂၀ ခရီးစဉ် ကတော့ ဒီမှာတင်ပဲ ပြီးဆုံးသွားခဲ့ပါပြီ။
ဆွစ်ဇာလန်နဲ့ ပွဲမှ ယူရို ၂၀၂၀ အတွက် တစ်လုံးတည်းသော သွင်းဂိုး ရခဲ့တဲ့ တူရကီ

 

ကြယ်ပွင့် ကစားသမား –  ရှာဒန် ရှကီရီ

(စာရေးသူ စိတ်ကြိုက်ကစားသမား – စတီဗင် ဇူးဘား)

ယူအီးအက်ဖ်အေ ကတော့ ဒီပွဲရဲ့ ကြယ်ပွင့်ကစားသမား အဖြစ် ရှကီရီကို သတ်မှတ်ပေးခဲ့ပါတယ်။ ရှကီရီ အနေနဲ့ ထူးခြားကောင်းမွန်တဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ ပြောင်မြောက်တဲ့ ခံစစ် စွမ်းဆောင်ရည်၊ တိကျတဲ့ ဘောလုံး အပေးအယူ၊ ကန်တင် ပေးပို့မှုတွေ ပြုလုပ်ပေးနိုင်ခဲ့သူ ဖြစ်တယ်လို့ နည်းစနစ်ပိုင်း လေ့လာသုံးသပ်သူ ဝီလီ ရက်တန်စတိန်နာက ဆိုပါတယ်။ စာရေးသူ အနေနဲ့လည်း ရှကီရီ ရဲ့ စွမ်းဆောင်ရည်ကို သဘောကျခဲ့သလို တောင်ပံက စတီဗင် ဇူဘားကိုလည်း ဒီနေ့ပွဲမှာ တော်တော်လေး သဘောတွေ့ခဲ့ပါတယ်။ ဖန်တီးမှု ဟက်ထရစ် ရဖို့ဆိုတာ ကစားသမားတိုင်း အတွက် လွယ်ကူတဲ့ စွမ်းဆောင်ရည် မဟုတ်တာကြောင့် အမှန်တိုင်း ပြောရရင် တော်တော်လေးလည်း အံအားသင့်ခဲ့ရပါတယ်။ ဒါပေမယ့် တိုက်စစ် ကစားသမားလည်း မဟုတ်တဲ့အတွက် ဂိုးပေါက် ခြိမ်းခြောက်မှု အပိုင်းမှာ ရှကီရီကို မယှဉ်နိုင်ခဲ့လို့ အကောင်းဆုံး ကစားသမားဆုနဲ့ လွဲသွားခဲ့ရတာ ဖြစ်ပါတယ်။

 

ပွဲပြီးအချက်အလက်များ

  •  ဇူဘားဟာ ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် တစ်ပွဲတည်း ဖန်တီးမှု ၃ ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ တူရကီက ဟာမစ် အဲလ်တင်တော့ပ် ပြီးရင် ဒုတိယမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။ အဲလ်တင်တော့ပ် ဟာ ယူရို ၂၀၀၈ က ချက်နဲ့ ကစားခဲ့တဲ့ ပွဲမှာ အခုလိုပဲ တစ်ပွဲ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်နိုင်ခဲ့သူ ဖြစ်ပါတယ်။
  •  ရှကီရီ အနေနဲ့ ဆွစ်ဇာလန် အတွက် ကစားပေးခဲ့တဲ့ အဓိကပြိုင်ပွဲကြီး ၄ ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ရှကီရီ ဟာ ၂၀၁၄နဲ့ ၂၀၁၈ ကမ္ဘာ့ဖလား၊ ယူရို ၂၀၁၆နဲ့ လက်ရှိ ယူရို ၂၀၂၀ တို့မှာ ဂိုးသွင်းထားခဲ့တာ ဖြစ်ပါတယ်။
  •  ရှကီရီ ဟာ ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် ဆွစ်ဇာလန် အတွက် ၃ ဂိုး သွင်းယူပေးခဲ့ပြီး ဟာကန် ယက်ရှင်ရဲ့ စံချိန်နဲ့လည်း တူညီသွားခဲ့ပါတယ်။
  • အခုပွဲဟာ ဆွစ်ဇာလန် အတွက် ယူရိုပြိုင်ပွဲ သမိုင်းမှာ တစ်ဂိုးထက် ပိုပြီး သွင်းယူနိုင်ခဲ့တဲ့ ဒုတိယမြောက် ပွဲစဉ် ဖြစ်လာခဲ့ပါတယ်။
  • တူရကီတို့ တစ်မှတ်မှ မရပဲ ယူရိုပြိုင်ပွဲ အုပ်စုအဆင့် ကနေ နောက်တစ်ကြိမ် လှည့်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။ အခုလို ရလဒ်ဆိုးမျိုး ယူရို ၁၉၉၆ မှာလည်း ၁ ကြိမ် ကြုံတွေ့ခဲ့ဖူးပါတယ်။
  • တူရကီ တို့ နောက်ဆုံးကစားခဲ့တဲ့ ယူရိုပြိုင်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ် ၁၂ ပွဲမှာ သွင်းဂိုး ၁ ဂိုးသာ ရရှိခဲ့ပါတယ်။
  • တူရကီ တို့ နောက်ဆုံးကစားခဲ့တဲ့ ယူရိုပြိုင်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ် ၇ ပွဲမှာ ၆ ပွဲ ရှုံးနိမ့်ထားခဲ့ပါတယ်။

 

လာမယ့် ပွဲစဉ်များ

တူရကီ ကတော့ အုပ်စု အောက်ဆုံး နေရာမှာ ရပ်တည်နိုင်ခဲ့ခြင်းနဲ့ အတူ ယူရို ၂၀၂၀ အိမ်မက် ပြီးဆုံးသွားခဲ့ပြီး ဆွစ်ဇာလန် ကတော့ အကောင်းဆုံး တတိယအသင်းအဖြစ် နောက်တစ်ဆင့် တက်ခွင့်ရမရ အဖြေကို စောင့်ရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်